ရှာဖွေမှုရလဒ် romans 6:23
ရောမ 6:23 (JBMLE)
အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။
တရားသူကြီး 6:23 (JBMLE)
ထာဝရဘုရားက၊ ချမ်းသာပါစေ။ မစိုးရိမ်နှင့်။ သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်ဟု မိန့်တော်မူ၏။
ဧဖက် 6:23 (JBMLE)
ညီအစ်ကိုတို့၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ် ပေးတော်မူသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာရှိပါစေသော။-
ယောရှု 6:23 (JBMLE)
သူလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ်နှင့် သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကိုလည်းကောင်း၊ သူ့ပေါက်ဖော်အပေါင်းတို့ကိုလည်းကောင်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ်ပြင်မှာ ထားပြီးလျှင်၊
ယောဘ 6:23 (JBMLE)
ရန်သူလက်မှ ငါ့ကိုကယ်ယူကြပါ။ သူရဲလက်မှရွေးနုတ်ကြပါဟု ငါပြောသလော။
ယေရမိ 6:23 (JBMLE)
လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍၊ သနားခြင်းကရုဏာ မရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အို ဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။
ထွက်မြောက်ရာ 6:23 (JBMLE)
အာရုန်သည် အမိနဒပ်သမီး၊ နာရှုန်နှမဧလိရှဘနှင့်စုံဖက်၍၊ သူသည် နာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ကို ဖွားလေ၏။
ဝတ်ပြုရာ 6:23 (JBMLE)
ယဇ်ပုရောဟိတ်အတွက်ပြုသော ဘောဇဉ်ပူဇော်သကာရှိသမျှကို အကုန်အစဉ်မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏။
တောလည်ရာ 6:23 (JBMLE)
သင်တို့သည်၊ ဣသရေလအမျိုးသားတို့အား ကောင်းချီးပေး၍ မြွက်ရသောစကားဟူမူကား၊
တရားဟောရာ 6:23 (JBMLE)
ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှနုတ်ဆောင်တော်မူ၏။
ဒံယေလ 6:23 (JBMLE)
ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည်အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ၌ထိခိုက်သောအနာ တစ်ခုမျှ မရှိ။
ရှင်မဿဲ 6:23 (JBMLE)
မျက်စိမြှေးယှက်လျှင် တစ်ကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထိုအမိုက်သည် အလွန်မိုက်စွတကား။-
ရှင်မာကု 6:23 (JBMLE)
တစ်ဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံ တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။-
ရှင်လုကာ 6:23 (JBMLE)
ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွှင်မြူးသောစိတ်နှင့် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။-
ရှင်ယောဟန် 6:23 (JBMLE)
အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာအရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များလာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတစ်ပါး အဘယ်လှေမျှ မရှိသည်ကိုလည်းကောင်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့ နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့်တော်တို့သာ သွားသည်ကိုလည်းကောင်း မြင်ကြ၍၊-
၂ ဓမ္မရာဇဝင် 6:23 (JBMLE)
ရှောလု၏သမီးမိခါလသည် တစ်သက်လုံး သားကိုမဖွားမမြင်ရ။
၃ ဓမ္မရာဇဝင် 6:23 (JBMLE)
ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင်ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ၏။
၄ ဓမ္မရာဇဝင် 6:23 (JBMLE)
များစွာသော စားစရာကို ပြင်ဆင်၍ စားသောက်စေပြီးမှ လွှတ်လိုက်သဖြင့်၊ သူတို့သည် မိမိတို့သခင်ထံသို့ ပြန်သွားကြ၏။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ဣသရေလပြည်သို့ မလာကြ။
၁ ရာဇဝင်ချုပ် 6:23 (JBMLE)
အဿိရသား ဧလကာန၊ ဧလကာနသား ဧဗျာသပ်၊ ဧဗျာသပ်သား အဿိရ၊
၂ ရာဇဝင်ချုပ် 6:23 (JBMLE)
ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းနှင့်အလျောက် အကျိုးကိုခံရ၍ အပြစ်မှလွတ်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။
သုတ္တံ 6:23 (JBMLE)
အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက်ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
တမန်တော် 23:6 (JBMLE)
ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မျှော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။-
ယောရှု 23:6 (JBMLE)
သို့ဖြစ်၍ သင်တို့သည် မောရှေ၏ပညတ္တိကျမ်းစာလမ်းမှ လက်ယာဘက် လက်ဝဲဘက်သို့မလွှဲဘဲ၊ ပါသမျှအတိုင်း ကျင့်စောင့်ခြင်းငှာလည်းကောင်း၊
ယောဘ 23:6 (JBMLE)
မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရားတွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင်တော်မူမည်။
ဆာလံ 23:6 (JBMLE)
အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့်ကရုဏာကို တစ်သက်လုံးခံစား၍၊ ထာဝရဘုရား၏အိမ်တော်မှာ အစဉ်အမြဲ နေရပါလိမ့်မည်။