YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှာဖွေမှုရလဒ် christ is coming soon

၁ သက်သာလောနိတ် 4:16 (JBMLE)

သ​ခင်​ဘု​ရား​သည် ကြွေး​ကြော်​ခြင်း၊ ကောင်း​ကင်​တ​မန်​မင်း အ​သံ​ပေး​ခြင်း၊ ဘု​ရား​သ​ခင်၏ တံ​ပိုး​တော်​ကို မှုတ်​ခြင်း​နှင့်​တ​ကွ၊ ကောင်း​ကင်​ဘုံ​မှ ကိုယ်​တိုင် ဆင်း​သက်​တော်​မူ၍၊ ခ​ရစ်​တော်၌ သေ​လွန်​သော​သူ​တို့​သည် အ​ဦး​ထ​မြောက်​ကြ​လိမ့်​မည်။-

တမန်တော် 1:11 (JBMLE)

အို ဂါ​လိ​လဲ​လူ​တို့၊ အ​ဘယ်​ကြောင့်​ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် နေ​ကြ​သ​နည်း။ သင်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော ထို​ယေ​ရှု​သည် သင်​တို့​မျက်​မှောက်၌ ကောင်း​ကင်​သို့ ကြွ​သွား​တော်​မူ​သည်​နည်း​တူ တစ်​ဖန်​ကြွ​လာ​တော်​မူ​လ​တ္တံ့ ဟု​ပြော​ဆို၏။

ရှင်မဿဲ 24:36 (JBMLE)

ထို​အ​ချိန်​နာ​ရီ​ကို​ကား အ​ဘယ်​သူ​မျှ​မ​သိ။ ကောင်း​ကင်​တ​မန် မ​သိ။ ငါ့​ခ​မည်း​တော်​တစ်​ပါး​တည်း​သာ သိ​တော်​မူ၏။

ရှင်မာကု 13:32 (JBMLE)

ထို​အ​ချိန်​နာ​ရီ​ကို​ကား၊ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​သိ။ ကောင်း​ကင်​တ​မန်​များ မ​သိ။ သား​တော်​လည်း မ​သိ။-

ရှင်လုကာ 21:27 (JBMLE)

ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး​လျက် ကြွ​လာ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။-

ဗျာဒိတ် 1:7 (JBMLE)

ကြည့်​ရှု​လော့။ မိုး​တိမ်​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ထိုး​ဖောက်​သော သူ​တို့​နှင့် ရှိ​သ​မျှ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​သား​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ မှန်​ပေ၏။ အာ​မင်။-

ဗျာဒိတ် 22:7 (JBMLE)

ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ဤ​စာ​စောင်၏ အ​နာ​ဂ​တ္တိ​စ​ကား​ကို စောင့်​ရှောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ဆို၏။-

ဗျာဒိတ် 22:12 (JBMLE)

ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ငါ​သည် အ​ကျိုး​အ​ပြစ်​ကို ဆောင်​ခဲ့​သည်​ဖြစ်၍၊ လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း ဆပ်​ပေး​မည်။-