YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှာဖွေမှုရလဒ် John 15:5

ရောမ 15:5 (JBMLE)

သင်​တို့​သည် ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​ကို တ​ညီ​တ​ညွတ်​တည်း နှုတ်​မြွက်၍ ချီး​မွမ်း​စေ​ခြင်း​ငှာ၊-

ဗျာဒိတ် 15:5 (JBMLE)

ထို​နောက် ငါ​ကြည့်​လျှင်၊ ကောင်း​ကင်​ဘုံ၌ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ တဲ​တော်​ရှိ​သော ဗိ​မာန်​တော်​ကို ဖွင့်​ထား​ပြီ။-

တရားသူကြီး 15:5 (JBMLE)

မီး​ရှူး​တို့​ကို မီး​ညှိ​သ​ဖြင့် ဖိ​လိ​တ္တိ​လူ​တို့ စ​ပါး​လယ်​ထဲ​သို့ လွှတ်​လိုက်၍ စ​ပါး​ပင်​ကို​လည်း​ကောင်း၊ ကောက်​လှိုင်း​ကို​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း မီး​လောင်​လေ၏။

ရှင်ယောဟန် 15:5 (JBMLE)

ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။-

တမန်တော် 15:5 (JBMLE)

ဖာ​ရိ​ရှဲ​စု​ထဲ​က ယုံ​ကြည်​သော​သူ​အ​ချို့​တို့​သည် ထ​လျက်၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​မည်။ မော​ရှေ၏​တ​ရား​ကို ကျင့်​စေ​ခြင်း​ငှာ ဆုံး​မ​ရ​မည်​ဟု​ဆို​ကြ၏။-

ယောရှု 15:5 (JBMLE)

အ​ရှေ့​ဘက်၌ သော​ဒုံ​အိုင်​သည် ယော်​ဒန်​မြစ်​ဝ​တိုင်​အောင် အ​ရှေ့​အ​ပိုင်း​အ​ခြား​ဖြစ်၏။ မြောက်​ဘက်​အ​ပိုင်း​အ​ခြား​သည် ယော်​ဒန်​မြစ်​သို့​ဆင်း​ရာ သော​ဒုံ​အိုင်​ကွေ့​မှ​ထွက်၍၊

ယောဘ 15:5 (JBMLE)

သင်​သည် ကိုယ်​နှုတ်​ဖြင့် ကိုယ်​အ​ပြစ်​ကို​ဖော်​ပြ၏။ ပ​ရိ​ယာယ်​ပြု​သော သူ၏​စ​ကား​ကို​သုံး​တတ်၏။

ဆာလံ 15:5 (JBMLE)

ကိုယ်​ငွေ​ကို​ချေး၍ အ​တိုး​မ​ယူ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​တစ်​ဖက်​မှ တံ​စိုး​ကို​မ​ခံ​ဘဲ​ကျင့်​သော​သူ​သည် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​အ​မြဲ ကင်း​လွတ်​လိမ့်​သ​တည်း။

ယေရမိ 15:5 (JBMLE)

အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို အ​ဘယ်​သူ​သ​နား​လိမ့်​မည်​နည်း။ သင်​နှင့်​အ​တူ အ​ဘယ်​သူ ညည်း​တွား​လိမ့်​မည်​နည်း။ သင့်​ကို ကျန်း​မာ၏​လော​ဟု​မေး​အံ့​သော​ငှာ၊ အ​ဘယ်​သူ​လမ်း​လွှဲ​လိမ့်​မည်​နည်း။

ကမ္ဘာဦး 15:5 (JBMLE)

အာ​ဗြံ​ကို​ပြင်​သို့ ထုတ်​ဆောင်​တော်​မူ၍၊ မိုး​ကောင်း​ကင်​ကို​မျှော်​ကြည့်​လော့။ ကြယ်​များ​ကို​ရေ​တွက်​နိုင်​လျှင် ရေ​တွက်​လော့။ သင်၏​အ​မျိုး​အ​နွယ်​သည် ထို​သို့​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထွက်မြောက်ရာ 15:5 (JBMLE)

နက်​စွာ​သော​အ​ရပ်၌ လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ကျောက်​ကဲ့​သို့ အောက်​သို့​ဆင်း​ကြ၏။

တောလည်ရာ 15:5 (JBMLE)

ယဇ်​နှင့်​တ​ကွ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆီ​သုံး​လော​ဃ​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း ပြင်​ဆင်၍​ဆောင်​ခဲ့​ရ​မည်။

တရားဟောရာ 15:5 (JBMLE)

ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တို့​ကို ကျင့်​မည်​အ​ကြောင်း စောင့်​ရှောက်​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို စေ့​စေ့​နား​ထောင်​လော့။

ရှင်မဿဲ 15:5 (JBMLE)

သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို၊ သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု ဖြစ်​စေ​ဟု​ဆို၏၊-

ရှင်မာကု 15:5 (JBMLE)

စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​တော်​မ​မူ​သည်​ကို ပိ​လတ်​မင်း​သည် အံ့​ဩ​လေ၏။

ရှင်လုကာ 15:5 (JBMLE)

တွေ့​ပြီး​လျှင် ဝမ်း​မြောက်​သော​စိတ်​နှင့် ပ​ခုံး​ပေါ်​မှာ တင်​ထမ်း၍၊-

၁ ဓမ္မရာဇဝင် 15:5 (JBMLE)

ရှော​လု​သည်​လည်း အာ​မ​လက်​မြို့​သို့​စစ်​ချီ၍ ချိုင့်၌​တပ်​ချ​ပြီး​မှ၊

၂ ဓမ္မရာဇဝင် 15:5 (JBMLE)

လူ​တစ်​စုံ​တစ်​ယောက်​သည် ရို​သေ​စွာ​ပြု၍ ချဉ်း​ကပ်​သော​အ​ခါ၊ အ​ဗ​ရှ​လုံ​သည် လက်​ကို​ဆန့်၍ ထို​သူ​ကို​ကိုင်​လျက် နမ်း​လေ့​ရှိ၏။

၃ ဓမ္မရာဇဝင် 15:5 (JBMLE)

အ​ကြောင်း​မူ​ကား၊ ဒါ​ဝိဒ်​သည် ဟိ​တ္တိ​အ​မျိုး ဥ​ရိ​ယ​အ​မှု​ကို​ထား​လျှင်၊ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ရှောင်၊ ရှေ့​တော်၌ တ​ရား​သ​ဖြင့် ကျင့်​သော​အ​ကြောင်း​တည်း။

၄ ဓမ္မရာဇဝင် 15:5 (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ရှင်​ဘု​ရင်​သည် သေ​သည်​တိုင်​အောင် နူ​နာ​စွဲ၍ ခြား​နား​သော​နန်း၌ နေ​ရ၏။ သား​တော်​ယော​သံ​သည် နန်း​တော်​ကို​အုပ်၍ နိုင်​ငံ​တော်​မှု​ကို စီ​ရင်​ရ၏။

၁ ရာဇဝင်ချုပ် 15:5 (JBMLE)

ကော​ဟတ်​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော ဥ​ရေ​လ​နှင့် သူ၏​ညီ​အစ်​ကို တစ်​ရာ​နှစ်​ဆယ်၊

၂ ရာဇဝင်ချုပ် 15:5 (JBMLE)

ရှေး​ကာ​လ၌ ထွက်​သော​သူ၊ ဝင်​သော​သူ​သည် ချမ်း​သာ​မ​ရ။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ကြ၏။

သုတ္တံ 15:5 (JBMLE)

မိုက်​သော​သူ​သည် အ​ဘ​သွန်​သင်​ခြင်း​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ သ​မ္မာ​သ​တိ​နှင့်​ပြည့်​စုံ​တတ်၏။

ဟေရှာယ 15:5 (JBMLE)

ငါ့​နှ​လုံး​သည်​လည်း၊ မော​ဘ​အ​ဖို့ ငို​ကြွေး၏။ ပြေး​သော​သူ​တို့​သည်၊ သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​ကဲ့​သို့ ဇော​ရ​မြို့​တိုင်​အောင် လည်​ကြ၏။ လု​ဟိတ်​တောင်​ပေါ်​သို့ မျက်​ရည်​ကျ​လျက် တက်​ကြ၏။ ဟော​ရ​နိမ်​မြို့​သို့ သွား​သော​လမ်း၌​လည်း ဆုံး​ရှုံး​ခြင်း​အ​သံ​ကို​လွှင့်​ကြ၏။