YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှာဖွေမှုရလဒ် 1 Samuel 7:13

၁ ဓမ္မရာဇဝင် 7:13 (JBMLE)

ထို​သို့ ဖိ​လိ​တ္တိ​လူ​တို့​သည် ရှုံး​သ​ဖြင့်၊ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ​အ​ရပ်​သို့ မ​လာ​ကြ။ ရှ​မွေ​လ​လက်​ထက် ကာ​လ​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို ဆီး​တား​တော်​မူ၏။

၁ ရာဇဝင်ချုပ် 7:13 (JBMLE)

နဿ​လိ​သည် ဗိ​လ​ဟာ​တွင်​မြင်​သော​သား​ကား၊ ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇ၊ ရှ​လ္လုံ​တည်း။

၁ ကောရိန္သု 7:13 (JBMLE)

ထို​နည်း​တူ မိန်း​မ​သည်​လည်း၊ မ​ယုံ​ကြည်​သော ခင်​ပွန်း​ရှိ၍၊ ထို​ခင်​ပွန်း​သည် မိ​မိ​မ​ယား​နှင့်​နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။-

၁ ဓမ္မရာဇဝင် 13:7 (JBMLE)

ယော်​ဒန်​မြစ်​တစ်​ဖက်၌ နေ​သော​သူ​အ​ချို့​တို့​သည် ကူး​ပြန်၍၊ ဂဒ်​ပြည်၊ ဂိ​လဒ်​ပြည်​သို့ သွား​ကြ၏။ ရှော​လု​သည် ဂိ​လ​ဂါ​လ​မြို့၌ နေ​သေး၍၊ လူ​အ​ပေါင်း​တို့​သည် သူ့​နောက်၌ တုန်​လှုပ်​လျက်​ရှိ​ကြ၏။

၁ ရာဇဝင်ချုပ် 13:7 (JBMLE)

ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို လှည်း​သစ်​ပေါ်​မှာ​တင်၍ အ​ဘိ​န​ဒပ်​အိမ်​ထဲ​က ထုတ်​ကြ၏။ ဩ​ဇ​နှင့် အ​ဟိ​ဩ​သည် လှည်း​ကို​နှင်​ကြ၏။

၁ ကောရိန္သု 13:7 (JBMLE)

ခပ်​သိမ်း​သော​အ​ရာ​ကို ဖုံး​အုပ်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လ​င့်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်၏။-

ဒံယေလ 7:13 (JBMLE)

ထို​ည​အ​ခါ ငါ​သည် အာ​ရုံ​ပြု၍၊ လူ​သား​နှင့် တူ​သော​သူ​တစ်​ဦး​သည် မိုး​တိမ်​ကို​စီး​လျက်၊ အ​သက်​ကြီး​သော သူ၏​အ​ထံ​တော်​သို့ ရောက်​လာ၏။ ထို​သူ​ကို အ​ထံ​တော်​ပါး​သို့​သွင်း​ကြ၏။

ဟောရှေ 7:13 (JBMLE)

သူ​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လည်​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ့​ကို​ပြစ်​မှား​သော​ကြောင့် ဖျက်​ဆီး​ဖို့​ရာ ဖြစ်​ကြ၏။ သူ​တို့​ကို ငါ​ရွေး​နုတ်​သော်​လည်း၊ ငါ့​တစ်​ဖက်၌ မု​သား​စ​ကား​ကို ပြော​ကြ၏။

အာမုတ် 7:13 (JBMLE)

နောက်​တစ်​ဖန် ဗေ​သ​လ​မြို့​တစ်​ဖက်၌ ပ​ရော​ဖက်​မ​ပြု​နှင့်။ ရှင်​ဘု​ရင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဖြစ်၏။ နန်း​တော်​တည်​ရာ​မြို့​လည်း​ဖြစ်၏​ဟု ဆို​လျှင်၊

မိက္ခာ 7:13 (JBMLE)

ထို​သို့ မ​ဖြစ်​မီ ပြည်​သူ​ပြည်​သား​ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ပြည်​တော်​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။

ဇာခရိ 7:13 (JBMLE)

ငါ​ဟစ်​ခေါ်၍ သူ​တို့​သည်​နား​မ​ထောင်​သ​ကဲ့​သို့၊ တစ်​ဖန် သူ​တို့​သည်​ဟစ်​ခေါ်၍ ငါ​လည်း နား​မ​ထောင်​ဘဲ​နေ​ပြီ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ရှင်မဿဲ 7:13 (JBMLE)

ကျဉ်း​သော​တံ​ခါး​ကို ဝင်​ကြ​လော့။ ပျက်​စီး​ခြင်း​သို့ ရောက်​သော​လမ်း​နှင့် တံ​ခါး​သည် ကျယ်​ဝန်း​သည် ဖြစ်၍ ဝင်​သော​သူ​တို့​သည် များ​ကြ၏။-

ရှင်မာကု 7:13 (JBMLE)

မိ​မိ​တို့ အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ၏။ ထို​သို့​သော အ​ကျင့်​အ​လေ့​များ​တို့​ကို သင်​တို့​သည် ကျင့်​လေ့​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 7:13 (JBMLE)

သ​ခင်​ဘု​ရား​သည် ထို​မိန်း​မ​ကို​မြင်​လျှင် သ​နား​ခြင်း​စိတ်​တော်​ရှိ၍၊ မ​ငို​နှင့်​ဟု မိန့်​တော်​မူ​လျက် အ​နီး​သို့​ကြွ၍ တ​လား​ကို လက်​နှင့်​တို့​တော်​မူ​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​သည် ရပ်၍​နေ​ကြ၏၊-

ရှင်ယောဟန် 7:13 (JBMLE)

သို့​သော်​လည်း ယု​ဒ​လူ​တို့​ကို​ကြောက်​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​တည့်​အ​လင်း​မ​ပြော​ဝံ့​ကြ။

တမန်တော် 7:13 (JBMLE)

ဒု​တိ​ယ​အ​ကြိမ်​တွင် ယော​သပ်​သည် မိ​မိ​ညီ​အစ်​ကို​တို့​အား မိ​မိ​အ​ကြောင်း​ကို ဖော်​ပြ၍၊ ဖာ​ရော​ဘု​ရင်​သည် ယော​သပ်၏​အ​မျိုး​ကို သိ​တော်​မူ၏။-

ရောမ 7:13 (JBMLE)

သို့​ဖြစ်​လျှင် ကောင်း​မြတ်​သော​အ​ရာ​သည် ငါ၌​သေ​ခြင်း​အ​ကြောင်း ဖြစ်​သ​လော။ မ​ဖြစ်​နိုင်​ရာ။ အ​ပြစ်​တ​ရား​သည် မိ​မိ​သ​ဘော​ကို ထင်​ရှား​စေ​ခြင်း​ငှာ ကောင်း​မြတ်​သော​အ​ရာ​အား​ဖြင့် ငါ၌​သေ​ခြင်း​ကို​ပြု၍ သေ​ခြင်း​အ​ကြောင်း​ဖြစ်၏။ ထို​သို့​ဖြစ်​သော​ကြောင့် အ​ပြစ်​တ​ရား​သည် ပ​ညတ်​တော်​အား​ဖြင့် အ​လွန်​အ​ပြစ်​နှင့် ပြည့်​စုံ​ခြင်း​ရှိ​သ​တည်း။

၂ ကောရိန္သု 7:13 (JBMLE)

ထို​ကြောင့် သင်​တို့၏ သက်​သာ​ခြင်း​အ​ကြောင်း​အား​ဖြင့်၊ ငါ​တို့​သည်​လည်း သက်​သာ​ခြင်း​သို့​ရောက်​သည် သာ​မ​က၊ တိ​တု၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​အား​ဖြင့် သာ၍ အ​လွန်​ဝမ်း​မြောက်​ကြ၏။ သင်​တို့​ရှိ​သ​မျှ​သည် ထို​သူ၏​စိတ်​နှ​လုံး​ကို သက်​သာ​ဝမ်း​မြောက်​စေ​ကြ​သည် ဖြစ်၍၊-

ဟေဗြဲ 7:13 (JBMLE)

ထို​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သော​သူ​သည်၊ ယဇ်​ပ​လ္လင်​ဝတ်​ကို တစ်​ယောက်​မျှ​မ​ပြု​ရ​သော​အ​မျိုး​နှင့် စပ်​ဆိုင်​ပေ၏။-

ဗျာဒိတ် 7:13 (JBMLE)

အ​သက်​ကြီး​သူ​တစ်​ပါး​က​လည်း၊ ဖြူ​သော ဝတ်​လုံ​ကို ဝတ်​ဆင်​သော ဤ​သူ​တို့​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​ရပ်​က လာ​ကြ​သ​နည်း​ဟု ငါ့​အား​မေး​မြန်း​လျှင်၊-

ယောရှု 7:13 (JBMLE)

ထ၍ လူ​များ​တို့​ကို သန့်​ရှင်း​စေ​လော့။ နက်​ဖြန်​နေ့​အ​ဖို့ ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​ကြ​ဟု ဆင့်​ဆို​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ကျိန်​အပ်​သော​အ​ရာ​သည် သင်​တို့​အ​ထဲ၌​ရှိ၏။ ထို​အ​ရာ​ကို သင်​တို့​အ​ထဲ​က မ​ပယ်​မ​ရှင်း​မီ​တိုင်​အောင် ရန်​သူ​တို့​ရှေ့​မှာ မ​ခံ​မ​ရပ်​နိုင်​ကြ။

တရားသူကြီး 7:13 (JBMLE)

ဂိ​ဒေါင်​သည် ရောက်​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် မိ​မိ​မြင်​မက်​သော အိပ်​မက်​ကို မိ​မိ​အ​ပေါင်း​အ​ဖော်​အား ပြန်​ပြော​သည်​မှာ၊ ငါ​မြင်​မက်​သည်​ကား၊ မု​ယော​မုန့်​တစ်​ပြား​သည် မိ​ဒျန်​တပ်​ထဲ​သို့​လိမ့်၍ တဲ​တစ်​ဆောင်​ကို​တွေ့​လျှင်၊ ထိ​ခိုက်​မှောက်​လှန်​ဖြို​ချ​လေ၏​ဟု ဆို​သော်၊

၂ ဓမ္မရာဇဝင် 7:13 (JBMLE)

ထို​သား​သည် ငါ၏​နာ​မ​အ​ဖို့ အိမ်​ကို​ဆောက်​လိမ့်​မည်။ သူ​ထိုင်​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်။

၃ ဓမ္မရာဇဝင် 7:13 (JBMLE)

ရှော​လ​မုန်​သည်​လည်း၊ လူ​ကို​စေ​လွှတ်၍ တု​ရု​မြို့​မှ ဟိ​ရံ​ကို​ခေါ်​လေ၏။

၄ ဓမ္မရာဇဝင် 7:13 (JBMLE)

ကျွန်​တစ်​ယောက်​က၊ မြို့၌ ကျန်​ကြွင်း​သော မြင်း​ငါး​စီး​ကို ပေး​တော်​မူ​ပါ။ ထို​မြင်း​မူ​ကား ပျက်​စီး​ခြင်း​သို့​ရောက်​သော ဣ​သ​ရေ​လ အ​မျိုး​အ​လုံး​အ​ရင်း​ကဲ့​သို့ ဖြစ်​ပါ၏။ ထို​မြင်း​တို့​ကို စီး​လျက်​သွား၍ ကြည့်​ရှု​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ပြီး​မှ၊