ယုံကြည်ခါစ
မိတ်ဆွေအဖို့ ခမည်းတော်ဘုရား၏ စကားတော်
အို ဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမက သာ၍ များပြားကြပါ၏။ မိတ်ဆွေသည် ကိုယ်တော်၏ နှစ်သက်မြတ်နိုးရာ သား/သမီးတော် ဖြစ်ပါသည်။ ဤအစီစဉ်သည် မိတ်ဆွေကို ခမည်းတော်ဘုရား၏ မဟာမေတ္တာတော်မြတ်၌ ဝင်စားစေခြင်းငှာ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။ သူ၏ မဟာမေတ္တာတော်မြတ်၌ ကြောက်ခြင်းသံဝေဂ မရှိသလို ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုလည်း မရှိပေ။ ထာဝရဘုရားသည် ကိုယ်လက်ဝါး၌ မိတ်ဆွေကို စာထိုးတော်မူပြီ။
ရေနှစ်မင်္ဂလာဆိုတာ ဘာလဲ
ဗတ္တိဇံ/ရေနှစ်မင်္ဂလာဆိုတာ ဘာလဲ။ ရေနှစ်မင်္ဂလာခံသင့်သလား။ ရေနှစ်မင်္ဂလာက ဘာကြောင့် ရေးကြီးသလဲ။ ကယ်တင်ခြင်းရရှိဖို့ ရေနှစ်မင်္ဂလာခံခြင်း လိုအပ်သလား။ မိတ်ဆွေ၊ ရေနှစ်မင်္ဂလာနှင့်ပတ်သက်ပြီး လေ့လာနေတာပဲဖြစ်ဖြစ်၊ ရေနှစ်မင်္ဂလာမခံမီ (သို့) ခံပြီးတဲ့နောက် ဖတ်ရှုစရာတစ်ခုခု ရှာဖွေနေတာဖြစ်ဖြစ်၊ ဒီ life.church အစီစဉ်က ယနေ့စတင်လေ့လာရန် ပြည့်စုံပါတယ်။
ယေရှု၊ ကိုယ်တော်ကို ကျွန်ုပ်လိုပါ၏
မိတ်ဆွေသည် အရှင်ယေရှုဘုရားကို လိုနေပါသလား။ ဤ (၃) ရက်တာ ဆုတောင်းအစီစဉ်တွင်၊ ကိုယ်တော်ဘုရားထံ အော်ဟစ်စေ၍ မိတ်သဟာယကို ပိုမိုဖွဲ့စေဖို့ အကူအညီ ပေးပါမည်။ ဤအစီစဉ်နှင့် အခြား Thistlebend Ministries အစီစဉ်များကို ဖတ်ရှုလေ့လာလိုက်ပါ။
သစ္စာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်
ဤ (၇) ရက်တာအစီစဉ်သည် သမ္မာကျမ်းစာရှိ ဓမ္မပညာနှင့် ခွန်အားဖွယ်ရာကို ဖော်ပြထားသလို၊ မိမိပဋိညာဉ်တရားကို တည်တော်မူခြင်းအကြောင်းကိုလည်း ဖော်ပြထားပါသည်။ ဤအပတ်အတွင်း၊ ဘုရားသခင်၏ ကရုဏာတော်နှင့် အရှင်ယေရှုဘုရား၏ သစ္စာစောင့်ခြင်းကို အောက်မေ့သတိရလျက်၊ မိမိ၏ သစ္စာစောင့်ခြင်းသည် ထာဝရဘုရားရှေ့တော်၌ တည်စေဖို့ တိုက်တွန်းနိုးဆော်စေပါလိမ့်မည်။
BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်
ရောမဩဝါဒစာစောင် တလျှောက် ခေါ်ဆောင်သွားမည့် ၇ ရက်ကြာ ကျမ်းစာဖတ်ခြင်းအစီစဉ်တွင် ယေရှုက သူ၏သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ခြင်းဖြင့် ပဋိညာဉ်သစ်ဆိုင်ရာမိသားစုကို မည်သို့ဖန်တီးခဲ့ကြောင်း သင်ယူနိုင်သည်။
အစပြုရန် (၆၀)
ရက်ပေါင်း (၆၀) အစီအစဉ်သည် မိတ်ဆွေနှင့် သခင်ယေရှု၏ မိသဟာရဖွဲ့မှုကို အစပြုရန် (သို့) ပြန်လည်စတင်ရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။ သခင်ယေရှုနှင့် တွေ့ဆုံခြင်း၊ သခင်ယေရှု၏နောက်လိုက်များက သူ့၏သွန်သင်ချက်များအတိုင်း မည်ကဲ့သို့လိုက်လျှောက်ခဲ့သည့်အရာများကို သြဝါဒစာစောင်များ၌ ဖတ်ရှုခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် သူနှင့်ပိုမိုရင်းနှီးကျွမ်းဝင်လာခြင်းစသည့်အရာ (၃) မျိုးကို နေ့စဉ်လုပ်ဆောင်သွားရမှာ ဖြစ်ပါသည်။
ထာဝရပရဟိတ
ဤ (၄) ရက်တာ အစီစဉ်တွင်၊ ဧဝံဂေလိတရားကို နားလည်စေရန် ထာဝရပရဟိတ ခေါင်းစဉ်ဖြင့်၊ ချဉ်းကပ်ဝေငှနည်းကို ကိုယ်တိုင်ခံယူလျက် သူတစ်ပါးအား ဝေငှတတ်စေဖို့ ရည်ရွယ်ပြုစုထားပါသည်။
မဟာနာမ
မဟာနာမ အစီစဉ်သည် မြန်မာလူမျိုးများအတွက် အထူးရေးသားထားပြီး ဘုရားကို ရှာဖွေသူများ၊ ယုံကြည်သူအသစ်များ (သို့) ကိုယ်တော်မြတ်နှင့် သူ၏ဧဝံဂေလိတရားကို နက်ရှိုင်းစွာ နားလည်သဘောပေါက်လိုသူတိုင်းအတွက် ရှင်းလင်းစွာ ပြုပြင်စီရင်ထားပါသည်။ ဤမရှိမဖြစ် အစီစဉ်သည် ကိုယ်တော်၏ မဟာနာမအားဖြင့် ရရှိခံစားစေသော ကယ်တင်ခြင်းအကျွတ်တရားနှင့်ပတ်သက်၍ ဖော်ပြထားသည်။ ယခုစတင်လိုက်ပါ။
လုပ်ကြကုန်အံ့
မိတ်ဆွေသည် မောပန်း၍ မိမိယုံကြည်ခြင်းအပေါ် သံသယရှိလျက် အရှုံးပေးချင်နေပြီ (သို့) ဘုရားသခင်၏ မျက်မှောက်တော်၌ ဘယ်လိုဝင်နိုင်မလဲဟု ပိုမိုသိလိုပါက၊ ဤမရှိမဖြစ် (၃) ရက်တာ အစီစဉ်ကို ဖတ်ရှုသင့်ပါသည်။ Life.Church အသင်းတော်၏ သင်းအုပ်ဆရာကြီး ခရိတ်ခရိုးရှယ် (Craig Groeschel) သည် (ဟေဗြဲ၊ ၄) ကို ကိုးကား၍ ချမ်းသာဝင်ခြင်း၊ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ရှာဖွေခြင်းအကြောင်းကို ဝေငှပါသည်။ နေ့စဉ် ဗီဒီယိုတိုများဖြင့် ဆရာခရိတ်ခရိုးရှယ်သည် မိတ်ဆွေကို ခွန်အားဖွယ်ရာ ကြကုန်အံ့ဟု ဖိတ်ကြားချက် (၃) မျိုးဖြင့် လမ်းညွှန်ပေးပါလိမ့်မည်။ အတူတကွစကြကုန်အံ့။