သုတ္တံကျမ်း
သုတ္တံကျမ်းမှ ငွေကြေးသုံးစွဲမှုပညာ (ဆရာဒေးဗ့်ရာမ်စီ)
ဆရာဒေးဗ့်ရာမ်စီ (Dave Ramsey) သည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရသော ခရစ်ယာန်ဆရာတစ်ယောက် ဖြစ်ပါသည်။ အသက် (၃၀) တွင် သူ့ကိုယ်ပိုင်ဒေဝါလီခံပြီးနောက် ဆရာဒေးဗ့်ရာမ်စီသည် ဘုရားသခင်၏ ငွေကို ကိုင်တွယ်ပုံနည်းလမ်းများကို စတင်လေ့လာခဲ့ပါသည်။ ဆရာဒေးဗ့်ရာမ်စီသည် လူတို့အား ငွေကို ပညာရှိစွာ စီမံခန့်ခွဲခြင်း၊ ရက်ရောစွာ လှူဒါန်းခြင်းနှင့် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားခြင်းအကြောင်းကို သင်ပေးသည်။ လာမည့် (၁၀) ရက်တာတွင်၊ ဆရာဒေးဗ့်ရာမ်စီသည် သမ္မာနည်းကျ၊ လက်တွေ့ဆန်သည့်လမ်းစဉ်များကို လျှောက်လှမ်းခြင်းဖြင့် ငွေကြေးအတွက် စိတ်အေးစေမှုကို ပြသရန် သုတ္တံကျမ်းကို အသုံးပြုသွန်သင်သွားပါလိမ့်မည်။
သုတ္တံကျမ်း
ဤအစီအစဉ်က မိတ်ဆွေကို နေ့စဉ်သုတ္တံကျမ်း အခန်းကြီးတစ်ခန်းကို ဖတ်ဖြစ်စေပါလိမ့်မည်။ သုတ္တံကျမ်းသည် မျိုးဆက်အဆက်ဆက် ရှင်သန်လျက်ရှိသော ဉာဏ်ပညာနှင့် ပြည့်နေပြီး ဖြောင့်မတ်ခြင်းလမ်းသို့ မိတ်ဆွေကို ပို့ဆောင်ပါလိမ့်မည်။
ဆာလံကျမ်းနှင့် သုတ္တံကျမ်းကို (၃၁) ရက်အတွင်းဖတ်ရှုရန်
ဆာလံကျမ်းနှင့် သုတ္တံကျမ်းသည် ဆာလံသီချင်းများ၊ ကဗျာလင်္ကာများနှင့် ဓမ္မရာဇဝင်စာစောင်များနှင့်ပြည့်နေပြီး ၎င်းကျမ်းစာများတွင် စစ်မှန်သောကိုးကွယ်ခြင်း၊ မြည်တမ်းခြင်း၊ ဉာဏ်ပညာ၊ ချစ်ခြင်းမေတ္တာ၊ အရဲစွန့်ခြင်းနှင့် အမှန်တရားတို့ကို ဖော်ပြထားပါသည်။ ဤအစီအစဉ်သည် ဆာလံကျမ်းနှင့် သုတ္တံကျမ်းကို (၃၁) ရက်အတွင်း ပြီးစီးစေနိုင်ပါသည်။ ဤအစီအစဉ်တွင် ဘုရားသခင်နှင့်တွေ့ကြုံပြီး နှစ်သိမ့်မှု၊ ဖေးမမှု၊ ဘဝအတွေ့အကြံများကြားမှ ခွန်အားပေးမှု ရရှိနိုင်ပါသည်။
အသက်နှင့် ကျန်းမာခြင်းကို ဖြစ်စေသော ဆာလံကျမ်း
စိတ်ဓာတ်ကျခြင်းဝေးစေဖို့၊ နေ့စဉ်ဆာလံကျမ်းတစ်ပိုဒ် ဖတ်ကြစို့။ ဆာလံကျမ်းနှင့် သုတ္တံကျမ်းများကို တစ်ခန်းပြီးတစ်ခန်း ဖတ်ရှုကျက်စားပါ။ မိတ်ဆွေသည်၊ တစ်ပတ်တွင် ဆာလံကျမ်း အခန်းကြီးခြောက်ခန်းနှင့် သုတ္တံကျမ်းတစ်ခန်းကို ဖတ်ရလိမ့်မည်။ ထို့သို့ပြုလျှင်၊ ခြောက်လအတွင်း ဆာလံကျမ်းနှင့် သုတ္တံကျမ်းနှစ်အုပ်လုံးကို ပြီးသွားပါလိမ့်မည်။