YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတု 3:9-11

တိတု 3:9-11 Common Language Bible (BCL)

သို့​ရာ​တွင်​အ​ကျိုး​မဲ့​ငြင်း​ခုံ​ခြင်း၊ ရှည်​လျား သော​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ပြု​လုပ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ ပ​ညတ်​တရား​နှင့်​ပတ်​သက်​၍ အ​ငြင်း​ပွား​ခြင်း​တို့​ကို​ရှောင်​ကြဉ်​လော့။ ထို​သို့ ပြု​မူ​ခြင်း​များ​သည်​မည်​သို့​မျှ​အ​သုံး​မ​ဝင်၊ အ​ကျိုး​လည်း​မ​ရှိ။- စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ​ကို​ဖြစ်​စေ​သော​သူ​အား အ​နည်း​ဆုံး​နှစ်​ကြိမ်​သ​တိ​ပေး​ပြီး​နောက်​သူ နှင့်​ထပ်​မံ​၍​မည်​သို့​မျှ​မ​ဆက်​ဆံ​နှင့်။- ထို​သို့​သော​သူ​သည်​ဖောက်​ပြန်​သော​သူ​ဖြစ် ကြောင်း​သင်​သိ​၏။ ထို​သူ့​အ​ပြစ်​သည်​သူ​အ​ပြစ် ရှိ​ကြောင်း​ကို​သက်​သေ​ထူ​လျက်​ရှိ​ပေ​သည်။

တိတု 3:9-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် မိုက်မဲ​သော​အငြင်းပွား​မှု​များ၊ ဆွေစဉ်မျိုးဆက်​စာရင်း​များ၊ ပဋိပက္ခ​ဖြစ်​ခြင်း​နှင့် ပညတ်​တရား​ကြောင့် ခိုက်ရန်​ဖြစ်​ခြင်း​တို့​ကို ရှောင်ကြဉ်​လော့။ အကြောင်းမူကား ထို​အရာ​တို့​သည် အကျိုးမဲ့​၍ အချည်းနှီး​ဖြစ်​ကြ​၏။ ကွဲပြား​မှု​ကို​ဖြစ်​စေ​သော​သူ​အား တစ်​ကြိမ်၊ နှစ်​ကြိမ် သတိပေး​ပြီးလျှင် ပယ်ရှား​လော့။ ထိုသို့​သော​သူ​သည် ဖောက်ပြန်​လွဲမှား​သော​သူ​ဖြစ်​ပြီး မိမိ​မှားယွင်း​နေ​ကြောင်း​သိ​လျက်​နှင့် အပြစ်​ပြု​နေ​သူ​ဖြစ်ကြောင်း သိမှတ်​လော့။