YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတု 2:1-5

တိတု 2:1-5 Judson Bible (JBMLE)

သင်​မူ​ကား၊ စင်​ကြယ်​သော​ဩ​ဝါ​ဒ​နှင့် ထိုက်​တန်​သ​မျှ​တို့​ကို ဟော​ပြော​လော့။- အ​သက်​ကြီး​ရင့်​သော ယောက်ျား​တို့​သည် သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ တည်​ကြည်​သော​သူ၊ ဣ​န္ဒြေ​စောင့် သော​သူ၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၌ စိတ်​သန်​သော​သူ ဖြစ်​ရ​ကြ​မည်​အ​ကြောင်း၊- ထို​နည်း​တူ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ကျင့်​ကြံ​ပြု​မူ​ရာ​မှာ ဓ​မ္မ​အ​မှု​နှင့် ထိုက်​တန်​သော​သူ၊ မ​ချော​စား​တတ်​သော​သူ၊ စ​ပျစ်​ရည်၌ မ​လွန်​ကြူး​တတ်​သော​သူ၊ ကောင်း​သော​အ​တတ်​ကို သင်​ပေး​တတ်​သော​သူ ကိုယ်​တိုင်​ဖြစ်၍၊- ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကဲ့​ရဲ့​ခြင်း​နှင့် ကင်း​လွတ်​စိမ့်​သော​ငှာ၊ အ​သက်​ပျို​သော မိန်း​မ​တို့​သည် ကိုယ်​ခင်​ပွန်း​ကို ချစ်​သော​သူ၊ သား​သ​မီး​ကို ချစ်​သော​သူ၊- ဣ​န္ဒြေ​စောင့်​သော​သူ၊ စင်​ကြယ်​သော​သူ၊ မိ​မိ​အိမ်​ကို​ပြု​စု​သော​သူ၊ ကောင်း​မွန်​သော​သူ၊ ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​သော​သူ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ဆုံး​မ​ပေး​ရ​ကြ​မည်​အ​ကြောင်း၊

တိတု 2:1-5 Common Language Bible (BCL)

သို့​ရာ​တွင်​သင်​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ နှင့်​ကိုက်​ညီ​သည့် အ​ကြောင်း​အ​ရာ​ကို​သွန်​သင် ရ​မည်။- အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ​အ​မျိုး​သား​တို့​အား သ​မ္မာ​သ​တိ​ရှိ​ရန်၊ တည်​ကြည်​ရန်​နှင့်​ဣန္ဒြေ​စောင့် စည်း​ကြ​ရန်​လည်း​ကောင်း၊ စစ်​မှန်​သော​ယုံ​ကြည် ခြင်း၊ မေတ္တာ၊ ခံ​နိုင်​ရည်​တို့​ဖြင့်​ပြည့်​ဝ​ကြ​စေ​ရန် လည်း​ကောင်း​သွန်​သင်​လော့။- ထို​နည်း​တူ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ အ​မျိုး​သ​မီး​တို့​သည်​လည်း ဘု​ရား​တ​ရား ကြည်​ညို​သူ​များ​ဖြစ်​ရန်​သွန်​သင်​လော့။ သူ တို့​သည်​သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​သူ များ၊ အ​ရက်​၏​ကျွန်​များ​မ​ဖြစ်​စေ​ရ။ အ​ကောင်း ကို​သင်​ကြား​ပေး​တတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။- သို့​မှ​သာ​သူ​တို့​သည်​မိ​မိ​တို့​ထက်​အ​သက် ငယ်​ရွယ်​သူ​အ​မျိုး​သ​မီး​တို့​အား ကိုယ့်​ခင်​ပွန်း၊ သား​သ​မီး​များ​ကို​ချစ်​ခင်​မှု၊- ဣန္ဒြေ​စောင့်​စည်း​မှု၊ ဖြူ​စင်​မှု၊ အိမ်​ရှင်​မ​ကောင်း ပီ​သ​မှု​နှင့်​ခင်​ပွန်း​သည်​၏​စ​ကား​ကို​နား ထောင်​မှု​တို့​ကို​လေ့​ကျင့်​သင်​ကြား​ပေး​နိုင်​မည်။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​သူ​ရှိ​မည်​မ​ဟုတ် ပေ။

တိတု 2:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​မူကား မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​နှင့် သင့်လျော်​သည့်​အရာ​များ​ကို ဟောပြော​လော့။ အသက်ကြီး​သော​ယောက်ျား​တို့​အား သမ္မာသတိ​ရှိ​သော​သူ၊ တည်ကြည်​လေးနက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ​ဖြစ်​ကြ​ရန်​နှင့် ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​၌ မှန်ကန်​ပြည့်စုံ​မှု​ရှိ​ကြ​ရန် ဟောပြော​လော့။ ထိုနည်းတူ အသက်ကြီး​သော​အမျိုးသမီး​တို့​အား ဓမ္မဝတ်​နှင့်​ထိုက်တန်​သော​သူ​များ​ကဲ့သို့​ပြုမူ​လျက် ကုန်းချော​တတ်​သော​သူ၊ စပျစ်​ဝိုင်​၏​ကျေးကျွန်​ဖြစ်​သော​သူ​မ​ဟုတ်​ဘဲ ကောင်းမြတ်​သော​အရာ​ကို​သင်ပေး​သော​သူ​များ​ဖြစ်​ကြ​ရန် ဟောပြော​လော့။ ထိုအခါ သူ​တို့​သည် ငယ်ရွယ်​သော​အမျိုးသမီး​တို့​အား ခင်ပွန်းသည်​ကို​ချစ်​သော​သူ၊ သားသမီး​များ​ကို​ချစ်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ ဖြူစင်​သန့်ရှင်း​သော​သူ၊ အိမ်မှုကိစ္စ​ကို​ဆောင်ရွက်​သော​သူ၊ ကောင်းမွန်​သော​သူ၊ မိမိ​ခင်ပွန်းသည်​ကို နာခံ​သော​သူ​ဖြစ်​ကြ​ရန် သတိပေး​ဆုံးမ​နိုင်​သဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် စော်ကား​ပြောဆို​ခံရ​ခြင်း​မှ ကင်းလွတ်​လိမ့်မည်။