YouVersion လိုဂို
ရှာရန် အိုင်ကွန်

သီချင်း 8:1-14

သီချင်း 8:1-14 Judson Bible (JBMLE)

ကိုယ်​တော်​သည် ကျွန်​မ၏ မိ​ခင်​နို့​ကို​စို့​သော မောင်​ရင်း​ကဲ့​သို့ ဖြစ်​စေ​ချင်​ပါ၏။ သို့​ဖြစ်​လျှင်၊ ကျွန်​မ​သည် ပြင်​မှာ​တွေ့၍ နမ်း​ပါ​လိမ့်​မည်။ သူ​တစ်​ပါး​မ​ကဲ့​ရဲ့​ရ။ ကိုယ်​တော်​ကို လက်​ဆွဲ၍၊ မိ​ခင်၏​အိပ်​ခန်း​ထဲ​သို့ ဆောင်​သွား​ပါ​လိမ့်​မည်။ သူ​သည်​လည်း ကျွန်​မ​ကို သွန်​သင်​သ​ဖြင့်၊ ကျွန်​မ​သည် ဆေး​ရော​သော စ​ပျစ်​ရည်​နှင့် ကျွန်​မ​သ​လဲ​ရည်​ကို ကိုယ်​တော်​အား သောက်​တော်​မူ​ပါ​စေ​မည်။ သ​ခင်၏​လက်​ဝဲ​လက်​သည် ငါ့​ခေါင်း​ကို​ထောက်​မ​လျက်၊ လက်​ယာ​လက်​သည် ငါ့​ကို​ဖက်​လျက် နေ​တော်​မူ​ပါ​စေ။ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော သ​တို့​သ​မီး​သည် အ​လို​လို​မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌​ကျင်​လည်​သော သ​မင်​ဒ​ရယ်​များ​ကို တိုင်​တည်၍ သင်​တို့​ကို ငါ​မှာ​ထား၏။ မိ​မိ​ချစ်​ရာ​သ​ခင်၌ မြှောင်၍​တော​ထဲ​က လာ​သော​ထို​သူ​ကား၊ အ​ဘယ်​သူ ဖြစ်​ပါ​လိမ့်​မည်​နည်း။ ငါ​သည်​ရှောက်​ချို​ပင်​အောက်​မှာ သ​င့်​ကို​နှိုး​ဆော်​ခဲ့​ပြီ။ ထို​အ​ရပ်၌ သင်၏​မိ​ခင်​သည် သ​င့်​ကို​ပေး​စား​ခဲ့​ပြီ။ ထို​အ​ရပ်၌​သ​င့်​ကို ဖွား​မြင်​သော​သူ​သည် သ​င့်​ကို​ပေး​စား​ခဲ့​ပြီ။ ကျွန်​မ​ကို ကိုယ်​တော်၏​နှ​လုံး​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ လက်​ရုံး​တော်​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ မေ​တ္တာ​သည် သေ​ခြင်း​နှင့်​အ​မျှ တန်​ခိုး​ကြီး​ပါ၏။ ခင်​ပွန်း​ကို မ​ယုံ​သော​စိတ်​သ​ဘော​သည် မ​ရ​ဏနိုင်​ငံ​နှင့်​အ​မျှ ခက်​ထန်​ပါ၏။ သူ၏​အ​ရှိန်​သည် မီး​အ​ရှိန်၊ လျှပ်​စစ်​အ​ရှိန် ဖြစ်​ပါ၏။ သို့​ရာ​တွင်၊ ရေ​များ​တို့​သည် မေ​တ္တာ​ကို မ​သတ်​နိုင်။ မြစ်​ရေ​တို့​သည် မ​လွှမ်း​မိုး​နိုင်။ လူ​သည် မိ​မိ​အိမ်၌ ရှိ​သ​မျှ​သော ပ​စ္စည်း​ဥ​စ္စာ​တို့​ကို မေ​တ္တာ​ဖို့​ပေး​ချင်​သော်​လည်း၊ အ​လွန်​တ​ရာ​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ငါ​တို့၌ ညီ​မ​ငယ်​တစ်​ယောက်​ရှိ၏။ သူ​သည် သား​မြတ်​မ​ပေါ်​သေး။ ထို​ညီ​မ​ကို တောင်း​သော​အ​ခါ၌၊ သူ့​အ​ဖို့ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ သူ​သည်​မြို့​ရိုး​ဖြစ်​လျှင်၊ သူ့​အ​ပေါ်​မှာ​ငွေ​ပြ​အိုး​ကို ဆောက်​မည်။ တံ​ခါး​ဖြစ်​လျှင် အာ​ရဇ်​ပျဉ်​ပြား​ဖြင့် ခိုင်​ခံ့​စေ​မည်။ ငါ​သည် မြို့​ရိုး​ဖြစ်၏။ ငါ့​သား​မြတ်​တို့​သည် ပြ​အိုး​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​ဖြစ်၍၊ ရှေ့​တော်၌ မျက်​နှာ​ရ​သော​ကျေး​ဇူး​ရှိ၏။ ဗာ​လ​ဟာ​မုန်​ပြည်၌ ရှော​လ​မုန်​မင်း၏​စ​ပျစ်​ဥ​ယျာဉ်​တော်​တစ်​ဆူ​ရှိ၏။ ဥ​ယျာဉ်​စောင့်​တို့၌​ငှား​သ​ဖြင့် သူ​တို့​သည် အ​သီး​ကို စား​ရ​သည်​အ​တွက် ငွေ​တစ်​ထောင်​စီ​ဆက်​ရ​ကြ၏။ ငါ​ပိုင်​သော စ​ပျစ်​ဥ​ယျာဉ်​သည် ငါ့​ရှေ့​မှာ​ရှိ၏။ အို​ရှော​လ​မုန်၊ ငွေ​တစ်​ထောင်​ကို ကိုယ်​တော်​အား​ဆက်၍ အ​သီး​ကို​စောင့်​သော သူ​တို့​သည် နှစ်​ရာ​ကို​ယူ​ရ​ကြ၏။ ဥ​ယျာဉ်​တို့၌ နေ​သော​သူ၊ သင်၏​စ​ကား​သံ​ကို သင်၏ အ​ပေါင်း​အ​ဖော်​တို့​သည် နား​ထောင်​တတ်​ကြ၏။ ငါ​သည်​လည်း ကြား​ပါ​ရ​စေ။ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ၊ ငါ​ချစ်​ရာ​သ​ခင်။ နံ့​သာ​တောင်​ပေါ်​မှာ သ​မင်​ဒ​ရယ်​သ​ငယ်​ကဲ့​သို့ ပြု​တော်​မူ​ပါ။ ရှော​လ​မုန်​မင်း​ကြီး​သည် ခ​ရစ်​တော်​နှင့်​အ​သင်း​တော်၏ မေ​တ္တာ​ကို​အ​ကြောင်း​ပြု၍ စီ​ရင်​ရေး​ထား​သော သီ​ချင်း​စာ​ပြီး၏။

သီချင်း 8:1-14 Common Language Bible (BCL)

ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။ သခင်၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက်၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ။ ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော်၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါ့မှာထာ၏။ မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာ သောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။ သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။ ငါတို့၌ ညီမငယ်တယောက်ရှိ၏။ သူသည် သားမြတ်မပေါ်သေး။ ထိုညီမကို တောင်းသောအခါ၌၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း။ သူသည်မြို့ရိုးဖြစ်လျှင်၊ သူ့အပေါ်မှာငွေပြအိုးကို ဆောက်မည်။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့ စေမည်။ ငါသည်မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည် ပြအိုး ကဲ့သို့ ဖြစ်ကြ၏။ သို့ဖြစ်၍၊ ရှေ့တော်၌ မျက်နှာရသော ကျေးဇူးရှိ၏။ ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏ စပျစ် ဥယျာဉ်တဆူရှိ၏။ ဥယျာဉ် စောင့်တို့၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ၏။ ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတ ထောင်ကို ကိုယ်တော်အားဆက်၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။ ဥယဉ်တို့၌နေသောသူ။ သင်၏စကားသံကို သင်၏ အပေါင်း အဘော် တို့သည် နားထောင် တတ်ကြ၏။ ငါသည်လည်းကြားပါရစေ။ အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာ သခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။ ငါသည် ရှောက်ချိုပင်အောက်မှာ သင့်ကို နိုးဆော်ခဲ့ပြီ။ ထိုအရပ်၌ သင်၏မိခင်သည် သင့်ကို ပေးစားခဲ့ပြီ။ ထိုအရပ်၌ သင့်ကို ဘွားမြင်သောသူသည် သင့်ကို ပေးစားခဲ့ပြီ။ ရှောလမုန်မင်းကြီးသည် ခရစ်တော်နှင့်အသင်းတော်၏ မေတ္တာကိုကြောင်းပြု၍ စီရင်ရေးထားသော သီချင်းစာပြီး၏။

သီချင်း 8:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အရှင့်​ကို အကျွန်ုပ်​နှင့် အမိ​နို့စို့ဖက်​မောင်နှမ ဖြစ်​စေ​ချင်​ပါ​၏​။ သို့ဖြစ်ပါက အရှင်​နှင့် အပြင်​မှာ​တွေ့​၍ အရှင့်​ကို​နမ်း​လျှင်​လည်း အကျွန်ုပ်​ကို တစ်ပါးသူ​တို့ မထီမဲ့မြင်ပြု​မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​အား သွန်သင်​လမ်းပြ​ပေး​ခဲ့​သော အကျွန်ုပ်​၏​မိခင်​အိမ်​သို့ အရှင့်​ကို ဦးဆောင်​ခေါ်သွား​ပါ​မည်​။ အရှင့်​ကို ရနံ့သင်း​သော​ဝိုင်​ဖြစ်​သည့် သလဲသီး​ဝိုင်အသစ်​ကို တိုက်​ပါ​မည်​။ အရှင်​၏​လက်ဝဲ​လက်​သည် အကျွန်ုပ်​အဖို့ ခေါင်းအုံး​ဖြစ်​ပါ​၏​။ လက်ယာ​လက်​သည် အကျွန်ုပ်​ကို​ပွေ့ဖက်​ထား​ပါ​၏​။ အို ဂျေရုဆလင်​သမီးပျို​၊ အကျွန်ုပ်​အချစ်​သည် သူ့​အလိုလို​မ​နိုးလာ​မီ​တိုင်အောင် သူ့​ကို​မ​နှိုး​ပါ​၊ မ​ထ​စေ​ပါ​ဟု ကျိန်ဆို​ပါ​လော့​။” “ကိုယ့်​ချစ်သူ​ကို​မှီ​၍ တောကန္တာရ​မှ​လာ​သော​သူ​ကား မည်သူ​နည်း​။” “ပန်းသီးပင်​အောက်​တွင် အရှင့်​ကို အကျွန်ုပ်​နှိုး​ခဲ့​ပြီ​။ ထို​အရပ်​တွင် အရှင့်​မိခင်​သည် အရှင့်​ကို​သန္ဓေတည်​ခဲ့​ပါ​၏​။ အရှင့်​ကို သန္ဓေလွယ်​၍ ဖွားမြင်​ခဲ့​ပါ​၏​။ အကျွန်ုပ်​ကို အရှင့်​နှလုံးသား​ထဲတွင် တံဆိပ်ခတ်​ထား​ပါ​။ အရှင့်​လက်မောင်း​ပေါ်တွင် တံဆိပ်ရိုက်​ထား​ပါ​။ အချစ်​သည် သေမင်း​ကဲ့သို့ အားကြီး​တတ်​ပါ​၏​။ သဝန်တို​ခြင်း​သည် မရဏာနိုင်ငံ​ကဲ့သို့ ကြမ်းကြုတ်​ပါ​၏​။ အချစ်​၏​ပူလောင်မှု​သည် မီးတောက်​၊ အရှိန်ပြင်း​သော​မီးတောက်​ဖြစ်​ပါ​၏​။ အချစ်​ကို ရေလုံးကြီး​နှင့် ငြှိမ်းသတ်​၍​မ​ရ​။ မြစ်ရေ​များ​လည်း မ​တိုက်စား​နိုင်​။ လူ​သည် အချစ်​ကို​ရ​ဖို့ အိမ်​၌​ရှိ​သော​စည်းစိမ်ဥစ္စာ​အားလုံး​ကို​ပေး​လျှင်ပင် လှောင်ပြောင်​ကဲ့ရဲ့​ခြင်း​ကို​သာ​ခံရ​လိမ့်မည်​။” “အကျွန်ုပ်​တို့​၌ ငယ်ရွယ်​သော​ညီမ​တစ်ဦး​ရှိ​ပါ​၏​။ သူ​သည် သားမြတ်​ပင်​မ​ပေါ်​သေး​။ သူ့​ကို လာရောက်​တောင်းရမ်း​သော​နေ့​တွင် အကျွန်ုပ်​တို့ မည်သို့​ပြု​ပေး​ရ​ပါ​မည်နည်း​။ သူ​သည် မြို့ရိုး​ဖြစ်​လျှင် ထို​အပေါ်​တွင် ငွေ​ပြအိုး​ကို​တည်​မည်​။ သူ​သည် တံခါး​ဖြစ်​လျှင် သူ့​ကို​သစ်ကတိုးသား​ဖြင့် ဆောက်လုပ်​မည်​။” “အကျွန်ုပ်​သည် မြို့ရိုး​ဖြစ်၍ အကျွန်ုပ်​၏​သားမြတ်​တို့​သည် မျှော်စင်​နှင့်​တူ​ပါ​၏​။ ထို့ကြောင့် အရှင့်​မျက်လုံး​ထဲတွင် အကျွန်ုပ်​သည် အေးချမ်းမှု​ကို​ပေး​သော​သူ​ဖြစ်​ပါ​၏​။ ဗာလဟာမုန်​အရပ်​တွင် ရှောလမုန်​မင်းကြီး​၏​စပျစ်ခြံ​ရှိ​၏​။ ထို​စပျစ်ခြံ​ကို ခြံလုပ်သား​တို့​လက်​သို့ အပ်ထား​၏​။ သူ​တို့​သည် စပျစ်သီး​ဖိုး ငွေစ​တစ်ထောင်​စီ ဆက်သ​ရ​၏​။ အကျွန်ုပ်​ပိုင်​သော စပျစ်ခြံ​သည် အကျွန်ုပ်​ရှေ့​၌ ရှိ​ပါ​၏​။ အို ရှောလမုန်​မင်းကြီး​၊ အရှင်​က ငွေစ​တစ်ထောင်​ယူ​ပါ​။ စပျစ်ခြံလုပ်သား​တို့​ကား ငွေစ​နှစ်ရာ​ယူ​ပါ​။” “ဥယျာဉ်​များ​တွင်​နေ​သော​သူ​၊ သင့်​အသံ​ကို သင့်​အပေါင်းအဖော်​တို့ နားစွင့်​နေ​ပါ​၏​။ ငါ​လည်း သင့်​အသံ​ကို​ကြား​ပါရစေ​။” “အို အကျွန်ုပ်​ချစ်သူ​၊ အမွှေးနံ့သာ​တောင်​ပေါ်မှ ဒရယ်ပျို​သဖွယ်​၊ သမင်ပျို​သဖွယ် အပြေးလာ​ပါ​လော့​။”