YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 14:6-9

ရောမ 14:6-9 Judson Bible (JBMLE)

နေ့​ရက်​ကို​စောင့်​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ စောင့်၏။ နေ့​ရက်​ကို မ​စောင့်​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ မ​စောင့်​ဘဲ​နေ၏။ စား​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် စား၍ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။ မ​စား​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် မ​စား​ဘဲ​နေ၍၊ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။- ငါ​တို့​တွင် အ​ဘယ်​သူ​မျှ ကိုယ်​အ​ဖို့​အ​လို​ငှာ အ​သက်​မ​ရှင်။ အ​ဘယ်​သူ​မျှ ကိုယ်​အ​ဖို့​အ​လို​ငှာ မ​သေ။- အ​သက်​ရှင်​လျှင်၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ ရှင်၏။ သေ​လျှင်​လည်း၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ သေ၏။ ထို​ကြောင့် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား​ဆိုင်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည်၊ သေ​သော​သူ​တို့​ကို​လည်း​ကောင်း၊ ရှင်​သော​သူ​တို့​ကို​လည်း​ကောင်း၊ အ​စိုး​ရ​သော​အ​ရှင် ဖြစ်​လို​သော​ငှာ အ​သေ​ခံ၍၊ ခံ​ပြီး​မှ အ​သက်​ရှင်​ပြန်​တော်​မူ၏။

ရောမ 14:6-9 Common Language Bible (BCL)

နေ့​ထူး​နေ့​မြတ်​ကို​စောင့်​ထိန်း​သူ​သည်​သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စောင့်​ထိန်း​ခြင်း​ဖြစ်​၏။ မည်​သည့်​အ​စား​အ​စာ များ​ကို​မ​ဆို​စား​တတ်​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စား​ခြင်း​ဖြစ်​သည်။ သူ​သည်​လည်း​ထို​အ​စား အ​စာ​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သည်။ အ​ချို့​သော​အ​စား အ​စာ​ကို​ရှောင်​ကြဉ်​သော​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် ရှောင်​ကြဉ်​ခြင်း​ဖြစ်​၏။ သူ​သည်​လည်း​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း သည်။- ငါ​တို့​အ​နက်​အ​ဘယ်​သူ​မျှ​တစ်​ကိုယ်​တည်း အ​တွက်​သာ​အ​သက်​မ​ရှင်။ တစ်​ကိုယ်​တည်း အ​တွက်​သာ​မ​သေ။- ငါ​တို့​အ​သက်​ရှင်​လျှင်​သ​ခင်​ဘု​ရား​၏ အ​တွက်​ဖြစ်​၍​သေ​လျှင်​လည်း သ​ခင်​ဘု​ရား ၏​အ​တွက်​ဖြစ်​၏။ ထို့​ကြောင့်​ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​ရာ​ဖြစ်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။

ရောမ 14:6-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နေ့ရက်​ကို​စောင့်ထိန်း​သော​သူ​သည် သခင်​ဘုရား​အတွက်​စောင့်ထိန်း​၏။ စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​စား​၏။ အကြောင်းမူကား သူ​သည် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ မ​စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​မ​စား​ဘဲ​နေ​၍ ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ ငါ​တို့​တွင် ကိုယ့်​အတွက်​အသက်ရှင်​သော​သူ တစ်ယောက်မျှ​မ​ရှိ။ ကိုယ့်​အတွက်​သေ​သော​သူ​လည်း တစ်ယောက်မျှ​မ​ရှိ။ အကြောင်းမူကား ငါ​တို့​သည် အသက်ရှင်​လျှင် သခင်​ဘုရား​အတွက်​အသက်ရှင်​၍ သေ​လျှင် သခင်​ဘုရား​အတွက်​သေ​၏။ ထို့ကြောင့် ငါ​တို့​သည် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ သခင်​ဘုရား​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည် သေလွန်​သော​သူ​တို့​နှင့်​အသက်ရှင်​သော​သူ​တို့​၏​အရှင်​သခင်​ဖြစ်​ရန်​အတွက် အသေခံ​တော်မူ​ပြီးနောက် အသက်​ပြန်​ရှင်​တော်မူ​၏။