YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 14:1-9

ရောမ 14:1-9 Judson Bible (JBMLE)

ယုံ​ကြည်​အား​နည်း​သော သူ​တို့​ကို လက်​ခံ​ကြ​လော့။ သို့​ရာ​တွင် ယုံ​မှား​ဖွယ်​သော ပြဿ​နာ​တို့​ကို ထို​သူ​နှင့် မ​ဆွေး​နွေး​ကြ​နှင့်။ အ​စာ​အ​မျိုး​မျိုး​ကို စား​အပ်​သည်​ဟု လူ​အ​ချို့​ယုံ၏။- အား​နည်း​သော​သူ​မူ​ကား၊ ဟင်း​သီး​ဟင်း​ရွက်​ကို​သာ စား၏။- အ​မျိုး​မျိုး​ကို စား​သော​သူ​သည် မ​စား​သော​သူ​ကို မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ မ​စား​သော​သူ​သည်​လည်း၊ စား​သော​သူ​ကို မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ့​ကို​လက်​ခံ​တော်​မူ​ပြီ။- သူ​တစ်​ပါး​ပိုင်​သော လူ​ကို စစ်​ကြော​စီ​ရင်​သော သင်​သည် အ​ဘယ်​သူ​နည်း။ သူ​သည် မိ​မိ​သ​ခင်​စီ​ရင်​သော​အား​ဖြင့်​သာ အ​ပြစ်​လွတ်​ခြင်း၊ အ​ပြစ်​ခံ​ခြင်း​သို့ ရောက်​ရ၏။ သူ​သည် အ​ပြစ်​လွတ်​ခြင်း​သို့ ရောက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ၏​အ​ပြစ်​ကို​လွှတ်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။- နေ့​ရက်​တစ်​ရက်​ထက်​တစ်​ရက် သာ၍​မြတ်​သည်​ဟု လူ​အ​ချို့​ထင်​တတ်၏။ လူ​အ​ချို့​မ​ထင်။ လူ​တိုင်း မိ​မိ​စိတ်​သ​ဘော​ကျ​ပါ​စေ။- နေ့​ရက်​ကို​စောင့်​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ စောင့်၏။ နေ့​ရက်​ကို မ​စောင့်​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ မ​စောင့်​ဘဲ​နေ၏။ စား​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် စား၍ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။ မ​စား​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် မ​စား​ဘဲ​နေ၍၊ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။- ငါ​တို့​တွင် အ​ဘယ်​သူ​မျှ ကိုယ်​အ​ဖို့​အ​လို​ငှာ အ​သက်​မ​ရှင်။ အ​ဘယ်​သူ​မျှ ကိုယ်​အ​ဖို့​အ​လို​ငှာ မ​သေ။- အ​သက်​ရှင်​လျှင်၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ ရှင်၏။ သေ​လျှင်​လည်း၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ သေ၏။ ထို​ကြောင့် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား​ဆိုင်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည်၊ သေ​သော​သူ​တို့​ကို​လည်း​ကောင်း၊ ရှင်​သော​သူ​တို့​ကို​လည်း​ကောင်း၊ အ​စိုး​ရ​သော​အ​ရှင် ဖြစ်​လို​သော​ငှာ အ​သေ​ခံ၍၊ ခံ​ပြီး​မှ အ​သက်​ရှင်​ပြန်​တော်​မူ၏။

ရောမ 14:1-9 Common Language Bible (BCL)

ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​အား နည်း​သူ​ကို​လက်​ခံ​ကြ​လော့။ သို့​ရာ​တွင်​သူ ၏​ထင်​မြင်​ယူ​ဆ​ချက်​များ​နှင့်​ပတ်​သက်​၍ သူ​နှင့်​အ​ငြင်း​အ​ခုံ​မ​ပြု​ကြ​နှင့်။- ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​သည်​မည်​သည့်​အ​စား အ​စာ​ကို​မ​ဆို​စား​နိုင်​၏။ ယုံ​ကြည်​ခြင်း​မ​ခိုင် မာ​သူ​သည်​ဟင်း​ရွက်​ဟင်း​သီး​များ​ကို​သာ လျှင်​စား​တတ်​၏။- မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သော သူ​သည် ထို​သို့​မ​စား​တတ်​သူ​အား​အ​ထင်​မ​သေး နှင့်။ ဟင်း​သီး​ဟင်း​ရွက်​သာ​စား​တတ်​သူ​က​လည်း မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သူ ကို​ပြစ်​တင်​ဝေ​ဖန်​မှု​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား တတ်​သူ​အား ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ ပြီး​ဖြစ်​သော​ကြောင့်​တည်း။- သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​သူ​တစ်​ပါး​၏ အ​စေ​ခံ​ကို​စစ်​ကြော​စီ​ရင်​နိုင်​သ​နည်း။ ထို အ​စေ​ခံ​၏​အ​လုပ်​သည်​ကျေ​နပ်​ဖွယ်​ဖြစ်​သည် မ​ဖြစ်​သည်​ကို​သူ​၏​သ​ခင်​က​ဆုံး​ဖြတ်​လိမ့် မည်။ သူ​၏​အ​လုပ်​ကျေ​နပ်​ဖွယ်​ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​သည် သူ့​အား​ကူ​မ​တော်​မူ​နိုင်​သော​ကြောင့်​တည်း။ လူ​အ​ချို့​တို့​က​နေ့​ရက်​တစ်​ရက်​သည်​အ​ခြား နေ့​ရက်​ထက်​ပို​၍​အ​ရေး​ကြီး​သည်​ဟု​ယူ​ဆ ကြ​၏။ အ​ချို့​သော​သူ​တို့​က​မူ​နေ့​ရက်​များ အား​လုံး​ပင်​အ​တူ​တူ​ဖြစ်​သည်​ဟု​ယူ​ဆ ကြ​သည်။ သူ​တို့​သည်​မည်​သို့​ပင်​ယူ​ဆ​စေ ကာ​မူ မိ​မိ​တို့​မှန်​ကန်​သည်​ဟု​စိတ်​ချ​ယုံ ကြည်​စိတ်​ရှိ​ကြ​ရ​မည်။- နေ့​ထူး​နေ့​မြတ်​ကို​စောင့်​ထိန်း​သူ​သည်​သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စောင့်​ထိန်း​ခြင်း​ဖြစ်​၏။ မည်​သည့်​အ​စား​အ​စာ များ​ကို​မ​ဆို​စား​တတ်​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စား​ခြင်း​ဖြစ်​သည်။ သူ​သည်​လည်း​ထို​အ​စား အ​စာ​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သည်။ အ​ချို့​သော​အ​စား အ​စာ​ကို​ရှောင်​ကြဉ်​သော​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် ရှောင်​ကြဉ်​ခြင်း​ဖြစ်​၏။ သူ​သည်​လည်း​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း သည်။- ငါ​တို့​အ​နက်​အ​ဘယ်​သူ​မျှ​တစ်​ကိုယ်​တည်း အ​တွက်​သာ​အ​သက်​မ​ရှင်။ တစ်​ကိုယ်​တည်း အ​တွက်​သာ​မ​သေ။- ငါ​တို့​အ​သက်​ရှင်​လျှင်​သ​ခင်​ဘု​ရား​၏ အ​တွက်​ဖြစ်​၍​သေ​လျှင်​လည်း သ​ခင်​ဘု​ရား ၏​အ​တွက်​ဖြစ်​၏။ ထို့​ကြောင့်​ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​ရာ​ဖြစ်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။

ရောမ 14:1-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုံကြည်​ခြင်း​အားနည်း​သော​သူ​ကို လက်ခံ​ကြ​လော့။ သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​ဝေဖန်​ကြ​နှင့်။ အချို့​သော​သူ​သည် အစားအစာ​အားလုံး​ကို​စား​၍​ရ​သည်​ဟု ယုံကြည်​၏။ အားနည်း​သော​သူ​မူကား ဟင်းသီးဟင်းရွက်​ကို​သာ​စား​၏။ စား​သော​သူ​သည် မ​စား​သော​သူ​ကို​မထီမဲ့မြင်​မ​ပြု​နှင့်။ မ​စား​သော​သူ​သည်​လည်း စား​သော​သူ​ကို မ​စီရင်​နှင့်။ အကြောင်းမူကား ဘုရားသခင်​သည် သူ့​ကို​လက်ခံ​တော်မူ​ပြီ။ သင်​သည် မည်သူ​ဖြစ်​၍ သူတစ်ပါး​၏​အစေခံ​ကို စီရင်​သနည်း။ ထို​သူ​ရပ်​သည်​ဖြစ်စေ၊ လဲ​သည်​ဖြစ်စေ သူ့​သခင်​နှင့်ဆိုင်​၏။ သို့ရာတွင် သူ​သည်​ရပ်​လိမ့်မည်။ အကြောင်းမူကား သခင်​ဘုရား​သည် သူ့​ကို​ရပ်​စေ​နိုင်​တော်မူ​၏။ အချို့​သော​သူ​သည် နေ့ရက်​တစ်​ရက်​ကို အခြား​နေ့ရက်​ထက် ပို၍​မြတ်​သည်​ဟု​ယူဆ​၏။ အချို့​မူကား နေ့ရက်​အားလုံး​အတူတူ​ဖြစ်​သည်​ဟု​ယူဆ​၏။ လူ​တိုင်း မိမိ​တို့​ယူဆ​ထား​သော​အရာ​အပေါ် စိတ်နှလုံး​ထဲ၌ အပြည့်အဝ​ယုံကြည်​ပါစေ။ နေ့ရက်​ကို​စောင့်ထိန်း​သော​သူ​သည် သခင်​ဘုရား​အတွက်​စောင့်ထိန်း​၏။ စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​စား​၏။ အကြောင်းမူကား သူ​သည် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ မ​စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​မ​စား​ဘဲ​နေ​၍ ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ ငါ​တို့​တွင် ကိုယ့်​အတွက်​အသက်ရှင်​သော​သူ တစ်ယောက်မျှ​မ​ရှိ။ ကိုယ့်​အတွက်​သေ​သော​သူ​လည်း တစ်ယောက်မျှ​မ​ရှိ။ အကြောင်းမူကား ငါ​တို့​သည် အသက်ရှင်​လျှင် သခင်​ဘုရား​အတွက်​အသက်ရှင်​၍ သေ​လျှင် သခင်​ဘုရား​အတွက်​သေ​၏။ ထို့ကြောင့် ငါ​တို့​သည် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ သခင်​ဘုရား​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည် သေလွန်​သော​သူ​တို့​နှင့်​အသက်ရှင်​သော​သူ​တို့​၏​အရှင်​သခင်​ဖြစ်​ရန်​အတွက် အသေခံ​တော်မူ​ပြီးနောက် အသက်​ပြန်​ရှင်​တော်မူ​၏။