YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 1:26-28

ရောမ 1:26-28 Judson Bible (JBMLE)

ထို​သို့​ပြု​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ရှက်​ကြောက်​ဖွယ်​သော ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ မိန်း​မ​တို့​သည် ပ​က​တိ​ထုံး​စံ​ကို​စွန့်၍၊ ပ​က​တိ​နှင့် ဆန့်​ကျင်​ဘက်​ထုံး​စံ​ကို လိုက်​ကြ၏။- ထို​အ​တူ၊ ယောက်ျား​တို့​သည်​လည်း မိန်း​မ​နှင့် ဆက်​ဆံ​ခြင်း ပ​က​တိ​ထုံး​စံ​ကို​စွန့်၍ အ​ချင်း​ချင်း ကိ​လေ​သာ​စိတ်​ပူ​လောင်​သ​ဖြင့်၊ ရှက်​ကြောက်​ဖွယ်​သော​အ​မှု​ကို ယောက်ျား​ချင်း​ပြု​လျက်၊ မိ​မိ​တို့ မှား​ယွင်း​ခြင်း​နှင့်​အ​လျောက် မိ​မိ​တို့​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ၏။- ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​မ​မှတ်​လို​သည်​ဖြစ်၍၊ မ​လျောက်​ပတ်​သော အ​မှု​ကို ပြု​စေ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို မော​ဟ​လက်​သို့ အပ်​လိုက်​တော်​မူ​သည်​နှင့်​အ​ညီ၊

ရောမ 1:26-28 Common Language Bible (BCL)

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ရှက် ဖွယ်​ကောင်း​သည့် ကိ​လေ​သာ​လက်​သို့​အပ်​လိုက် တော်​မူ​၏။ မိန်း​မ​တို့​ပင်​လျှင်​ဋ္ဌမ္မ​တာ​ထုံး​စံ အ​စား​ဆန့်​ကျင်​သော​ထုံး​စံ​ကို​ကျင့်​ကြ​၏။- ထို​နည်း​တူ​စွာ​ယောကျာ်း​တို့​သည်​လည်း မိန်း​မ များ​နှင့်​ဋ္ဌမ္မ​တာ​ထုံး​စံ​အ​တိုင်း​ဆက်​ဆံ​မှု​ကို မ​ပြု​ဘဲ ယောကျာ်း​အ​ချင်း​ချင်း​ရာ​ဂ​မီး​တောက် လောင်​လျက်​ရှိ​ကြ​၏။ ယောကျာ်း​တို့​သည်​အ​ချင်း ချင်း​အား​ရှက်​ကြောက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု ကြ​သ​ဖြင့် မိ​မိ​တို့​ဆိုး​ညစ်​သော​အ​ကျင့် အ​တွက်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​ကို​ဘု​ရား​ဟူ​၍ မ​အောက်​မေ့​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့် သူ​တို့ သည်​မှန်​ကန်​စွာ​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ တော့​ဘဲ​မ​ပြု​ကျင့်​သင့်​သော​အ​ရာ​များ​ကို ပြု​ကျင့်​ကြ​ကုန်​၏။

ရောမ 1:26-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ရှက်ဖွယ်​ကောင်း​သော​ကိလေသာ​လက်​သို့ အပ်လိုက်​သဖြင့် သူ​တို့​ထဲမှ မိန်းမ​တို့​ပင်လျှင် သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို သဘာဝ​နှင့်​ဆန့်ကျင်​သော​ဆက်ဆံ​မှု​ဖြင့် လဲလှယ်​ကြ​၏။ ထိုနည်းတူ ယောက်ျား​တို့​သည်​လည်း မိန်းမ​နှင့်​သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို​စွန့်​၍ သူ​တို့​အချင်းချင်း​ရာဂ​မီး​တောက်လောင်​စေ​လျက် ရှက်ဖွယ်​ကောင်း​သော​အမှု​ကို ယောက်ျား​အချင်းချင်း​ပြု​ကြ​သဖြင့် သူ​တို့​၏​မှားယွင်း​ခြင်း​နှင့်​ထိုက်သင့်​သော​အပြစ်ဒဏ်​ကို သူ​တို့​ကိုယ်တိုင်​ခံရ​ကြ​၏။ ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။