YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 2:1-15

သုတ္တံ 2:1-15 Judson Bible (JBMLE)

ငါ့​သား၊ သင်​သည်​ပ​ညာ​စ​ကား​ကို နား​ထောင်၍၊ စေ​တ​နာ​စိတ်​နှင့် ဉာဏ်​ကို ရှာ​ဖွေ​သည်​တိုင်​အောင်၊ ငါ့​စ​ကား​ကို နား​ခံ၍၊ ငါ့​ပ​ညတ်​တို့​ကို ကိုယ်​အ​ထဲ၌ သွင်း​မိ​လျှင်​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​ကို​ခေါ်၍၊ ဉာဏ်​နောက်​သို့ အ​သံ​ကို​လွှင့်​လျှင်​လည်း​ကောင်း၊ ငွေ​ကို​ရှာ​တတ်​သ​ကဲ့​သို့ ပ​ညာ​ကို​ရှာ၍၊ ဝှက်​ထား​သော​ဘ​ဏ္ဍာ​ကို စူး​စမ်း​တတ်​သ​ကဲ့​သို့၊ ဉာဏ်​ကို စူး​စမ်း​လျှင်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​သော​သ​ဘော၌ ကျင်​လည်၍၊ ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​နှင့် ပြည့်​စုံ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​ကို ပေး​တော်​မူ​တတ်၏။ နား​လည်​နိုင်​သော​ဉာဏ်​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့်​သာ ဖြစ်​တတ်၏။ ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ ပ​ညာ​ရ​တ​နာ​ကို သို​ထား​တော်​မူ၏။ တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​တို့​သည် တ​ရား​လမ်း​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ သူ​တို့၏​လမ်း​ခ​ရီး​ကို လုံ​ခြုံ​စေ​တော်​မူ၏။ ကျေး​ဇူး​တော်​ကြောင့် သင်​သည် ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ ဆုံး​ဖြတ်​ခြင်း​မှ​စ၍၊ ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို သိ​နား​လည်​လိမ့်​မည်။ ပ​ညာ​သည်​သင်၏​နှ​လုံး​ထဲ​သို့​ဝင်၍၊ သင်​သည် သိ​ကြား​ခြင်း၌​မွေ့​လျော်​သော​အ​ခါ၊ သ​မ္မာ​သ​တိ​သည် သင့်​ကို​ထိန်း​သိမ်း၍၊ ဉာဏ်​သည်​လည်း စောင့်​ရှောက်​သ​ဖြင့်၊ ဆိုး​သော​လမ်း​မှ ကယ်​တင်​လိမ့်​မည်။ ကောက်​သော​စ​ကား​ကို ပြော​တတ်​သော​သူ၊ ဖြောင့်​မတ်​သော​လမ်း​ကို​စွန့်၍၊ မိုက်​မဲ​သော​လမ်း​သို့ လိုက်​သော​သူ၊ ဒု​စ​ရိုက်၌​မွေ့​လျော်၍ အ​ဓ​မ္မ​လူ၏​ကောက်​လိမ်​ခြင်း​ကို အား​ရ​နှစ်​သက်​သော​သူ၊ ဖြောင့်​သော​လမ်း​သို့ မ​လိုက်၊ ကောက်​သော​လမ်း​သို့​သာ လိုက်​သော​သူ​တို့၏​လက်​မှ​လည်း​ကောင်း၊

သုတ္တံ 2:1-15 Common Language Bible (BCL)

ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊ စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊ သိပ္ပံအတတ်ကိုခေါ်၍၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊ ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။ ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။ မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံ စေတော်မူ၏။ ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည်။ ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ၊ သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဥာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊ ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက် သောစကားကို ပြောတတ်သောသူ၊ ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသော လမ်းသို့လိုက်သောသူ၊ ဒုစရိုက်၌မွေ့လျော်၍ အဓမ္မလူ၏ ကောက်လိမ် ခြင်းကို အားရနှစ်သက်သောသူ၊ ဖြောင့်သောလမ်းသို့မလိုက်၊ ကောက်သော လမ်းသို့သာ လိုက်သောသူတို့၏လက်မှ၎င်း၊

သုတ္တံ 2:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​သား​၊ သင်​သည် ငါ့​စကား​တို့​ကို​ခံယူ​၍ ငါ​၏​ပညတ်ချက်​တို့​ကို သင့်​အထဲ​၌​သိုမှီး​ထား​ကာ ဉာဏ်ပညာ​ကို အာရုံစိုက်​နားထောင်​လျက် ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​စိတ်နှလုံး​ကို တိမ်းညွတ်​စေ​လျှင်​လည်းကောင်း​၊ အသိဉာဏ်​ကို​ခေါ်​၍ ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​အသံ​ကို​လွှင့်​လျှင်​လည်းကောင်း​၊ ငွေ​ကို​ရှာ​သကဲ့သို့ ဉာဏ်ပညာ​ကို​ရှာ​၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​ရှာဖွေ​သကဲ့သို့ ထို​ဉာဏ်ပညာ​ကို​ရှာဖွေ​လျှင်​လည်းကောင်း သင်​သည် ထာဝရဘုရား​အား​ကြောက်ရွံ့​ခြင်း​ကို နားလည်​၍ ဘုရားသခင်​အား​သိ​သော​ဉာဏ်​ကို ရရှိ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ အသိပညာ​နှင့် ထိုးထွင်းဉာဏ်​သည် ကိုယ်တော်​၏​နှုတ်​တော်​မှ​လာ​၏​။ ကိုယ်တော်​သည် ဖြောင့်မှန်​သော​သူ​တို့​အတွက် မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​ကို​သိုမှီး​ထား​၍ တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​တို့​အတွက် ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ တရားမျှတ​ခြင်း​လမ်းစဉ်​တို့​ကို​လည်း ကာကွယ်​၍ မိမိ​သန့်ရှင်း​သူ​တို့​၏​လမ်း​ကို စောင့်ရှောက်​တော်မူ​၏​။ ထိုအခါ သင်​သည် ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​၊ သမာသမတ်​ရှိ​ခြင်း​နှင့် ကောင်းမြတ်​သော​လမ်း​ရှိသမျှ​တို့​ကို နားလည်​လိမ့်မည်​။ ဉာဏ်ပညာ​သည် သင်​၏​စိတ်နှလုံး​ထဲသို့​ဝင်​၍ အသိပညာ​သည် သင်​၏​စိတ်ဝိညာဉ်​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​သောအခါ အလိမ္မာဉာဏ်​သည် သင့်​ကို​စောင့်ရှောက်​၍ ထိုးထွင်းဉာဏ်​သည် သင့်​ကို​ကာကွယ်​သဖြင့် မကောင်း​သော​လမ်း​မှ​လည်းကောင်း​၊ ဖောက်ပြန်လွဲမှား​သော​အရာ​တို့​ကို ပြောဆို​တတ်​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​လိမ့်မည်​။ သူ​တို့​သည် ဖြောင့်မှန်​သော​လမ်းစဉ်​တို့​ကို​စွန့်ပယ်​၍ မှောင်မိုက်​သော​လမ်း​တို့​၌ လျှောက်လှမ်း​သော​သူ​များ​၊ မကောင်းမှု​ပြု​ခြင်း​၌​ဝမ်းမြောက်​၍ ဖောက်ပြန်လွဲမှား​သော​မကောင်းမှု​၌ ပျော်မွေ့​သော​သူ​များ​၊ ကွေ့ကောက်​သော​လမ်းစဉ်​နှင့် သွေဖည်​လွဲမှား​သော​လမ်း​တို့​ကို​လိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။