ဖိလိပ္ပိ 4:11-12
ဖိလိပ္ပိ 4:11-12 Judson Bible (JBMLE)
ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ။- ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။
ဖိလိပ္ပိ 4:11-12 Common Language Bible (BCL)
ငါ့အားသင်တို့လျစ်လူရှု၍ထားကြလေ ပြီဟုယူဆသဖြင့် ဤစကားကိုပြောဆိုရ ခြင်းလည်းမဟုတ်ပါ။ ငါသည်မိမိတွင်ရှိ သမျှနှင့်ရောင့်ရဲစွာနေတတ်ရန်သင်ယူ ထားပြီးဖြစ်သည်။- ငါသည်ငတ်မွတ်သည်ဖြစ်စေ၊ ဝစွာစားရ သည်ဖြစ်စေ၊ ချို့တဲ့မှုရှိသည်ဖြစ်စေ၊ ပိုလျှံ မှုရှိသည်ဖြစ်စေ၊ မည်သည့်အခြေအနေ၊ မည်သည့်အရပ်၌နေရသည်မဆိုကျေနပ် ရောင့်ရဲတတ်ရန်သင်ယူထားပြီးဖြစ်၏။
ဖိလိပ္ပိ 4:11-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် ဆင်းရဲချို့တဲ့သောကြောင့် ဤသို့ဆိုသည်မဟုတ်။ အကြောင်းမူကား မည်သည့်အခြေအနေ၌မဆို ကျေနပ်ရောင့်ရဲတတ်ရန် ငါသည် သင်ယူခဲ့ပြီ။ နှိမ့်ချခံရခြင်းကိုငါသိ၍ ကြွယ်ဝခြင်းကိုလည်းငါသိ၏။ ဝပြောသည်ဖြစ်စေ၊ ဆာလောင်သည်ဖြစ်စေ၊ ကြွယ်ဝပြည့်စုံသည်ဖြစ်စေ၊ ဆင်းရဲနွမ်းပါးသည်ဖြစ်စေ အခြေအနေတိုင်းနှင့်အရာရာတိုင်း၌ နေတတ်သည့်လျှို့ဝှက်ချက်ကို ငါသင်ယူခဲ့ပြီ။