YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 3:9-15

ဖိလိပ္ပိ 3:8-15 Judson Bible (JBMLE)

ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။- ထို​သ​ခင်​ကြောင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို အ​ရှုံး​ခံ​ရ​ပြီ။ သေ​ခြင်း​မှ ထ​မြောက်​သော​အ​ခွင့်​ကို ငါ​ရ​နိုင်​ကောင်း​လျှင်၊ ကိုယ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည်​နည်း​တူ၊ ငါ​သည်​လည်း အ​သေ​ခံ၍ ထို​သ​ခင်​ကို​လည်း​ကောင်း၊ ထ​မြောက်​တော်​မူ​ခြင်း၏ တန်​ခိုးကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​တော်​မူ​ခြင်း​ကို ဆက်​ဆံ၍ ခံ​ခြင်း​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​ငှာ၊ ပ​ညတ်​တ​ရား​အား​ဖြင့်​ရ​သော ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို မ​ကိုး​စား​ဘဲ၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ရ​သော ဖြောင့်​မတ်​ခြင်း​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း​အ​တွက်​ကြောင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဖြောင့်​မတ်​ခြင်း​ကို ကိုး​စား​သ​ဖြင့်၊ ခ​ရစ်​တော်​ကို အ​မြတ်​ရ၍ ထို​သ​ခင်၌ တည်​ပါ​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စင်​ကဲ့​သို့ ငါ​ထင်​မှတ်၏။ ထို​သို့​ဆို​သော် အ​ကျိုး​ကို​ခံ​ရ​ပြီ၊ စုံ​လင်​ခြင်း​သို့ ရောက်​ရ​ပြီ​ဟု ငါ​မ​ဆို​လို၊ အ​ကြင်​အ​ကျိုး​ကို​ပေး​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို ကိုင်​ဖမ်း​တော်​မူ၏။ ထို​အ​ကျိုး​ကို ကိုင်​မိ​ခြင်း​ငှာ ငါ​ပြေး၍ လိုက်​သေး၏။ ညီ​အစ်​ကို​တို့၊ ငါ​ကိုင်​မိ​ပြီ​ဟု ကိုယ်​ကို​ကိုယ် မ​ထင်​သော်​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု ဟူ​မူ​ကား၊ နောက် ကျ​သော​အ​ရာ​တို့​ကို မ​မှတ်​ဘဲ၊ ရှေ့၌ ရှိ​သော​အ​ရာ​တို့​ကို လှမ်း​ကမ်း၍၊- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ထက်​အ​ရပ်​မှ ခေါ်​တော်​မူ​ခြင်း​နှင့် ဆိုင်​သော​ဆု​ကို ရ​ခြင်း​ငှာ၊ ပန်း​တုံး​တိုင်​သို့ ငါ​လိုက်​ပြေး၏။- ထို​ကြောင့် စုံ​လင်​သော​သူ ရှိ​သ​မျှ​တို့​သည် ဤ​သို့​သော​သ​ဘော​ကို စွဲ​လမ်း​ရ​ကြ​မည်။ သင်​တို့​သည် တစ်​စုံ​တစ်​ခု​သော​အ​ရာ၌ သ​ဘော​ခြား​နား​လျှင်၊ ထို​အ​ရာ​ကို​ပင် ဘု​ရား​သ​ခင် ဖော်​ပြ​တော်​မူ​လိမ့်​မည်။

ဖိလိပ္ပိ 3:8-15 Common Language Bible (BCL)

ထို​မျှ​မ​က​ငါ​၏​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကို​သိ​ကျွမ်း ရ​ခြင်း​သည်​ထို​အ​ရာ​များ​နှင့်​အ​ရာ​ခပ်​သိမ်း​တို့​ထက် တန်​ခိုး​ရှိ​သည်​ဖြစ်​၍ ယင်း​တို့​ကို​ငါ့​အား​ရှုံး​စေ​သည့် အ​ရာ​များ​ဟူ​၍​မှတ်​ယူ​၏။ ငါ​သည်​ကိုယ်​တော်​အ​တွက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စွန့်​ပယ်​ခဲ့​၏။ ခ​ရစ်​တော်​ကို အ​မြတ်​ရ​နိုင်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​နိုင်​ရန်​လည်း​ကောင်း​ထို​အ​ရာ များ​ကို​အ​မှိုက်​သ​ရိုက်​ကဲ့​သို့​ငါ​ထင်​မှတ်​၏။ ငါ​သည် ပညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့်​ဖြောင့်​မတ် ခြင်း​မ​ရ​ရှိ​ပေ။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​လျှင်​ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​၏။ ထို​ကဲ့​သို့ သော​ဖြောင့်​မတ်​ခြင်း​သည်​ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဖြောင့်​မတ်​ခြင်း​ဖြစ်​၍​ယုံ​ကြည်​ခြင်း အ​ပေါ်​တွင်​အ​ခြေ​ခံ​ပေ​သည်။- ငါ​သည်​ခ​ရစ်​တော်​ကို​သိ​ကျွမ်း​ခြင်း၊ ထ​မြောက် ရှင်​ပြန်​တော်​မူ​ခြင်း​၏​တန်​ခိုး​တော်​ကို​ခံ​စား​ခြင်း၊ ခ​ရစ်​တော်​နှင့်​အ​တူ​ဆင်း​ရဲ​ဒုက္ခ​ခံ​ခြင်း၊ ကိုယ်​တော် အ​သေ​ခံ​တော်​မူ​ခြင်း​၌​ပါ​ဝင်​ခြင်း​တို့​ကို​သာ လို​ချင်​တောင့်​တ​၏။- သို့​မှ​သာ​ငါ​ကိုယ်​တိုင်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခွင့်​ကို​ရ​မည်​ဟု​မျှော်​လင့်​နိုင်​ပေ​သည်။ ငါ​သည်​အောင်​မြင်​မှု​ကို​ရ​ရှိ​ပြီ၊ အြုပစ်​ဆို​ဖွယ်​မ​ရှိ​သူ ဖြစ်​ပြီ​ဟု​မ​ဆို​လို။ သို့​ရာ​တွင်​ထို​ဆု​ကို​ငါ့​အား​ပေး ရန်​အ​တွက်​ခ​ရစ်​တော်​ယေ​ရှု​သည်​ငါ့​ကို​ဆွဲ​ဆောင် ရ​ရှိ​တော်​မူ​ပြီ​ဖြစ်​ရာ​ငါ​သည်​ထို​ဆု​ကို​ရ​ရှိ​နိုင်​ရန် ကြိုး​စား​လျက်​နေ​၏။- ညီ​အစ်​ကို​တို့၊ ငါ​သည်​ထို​ဆု​ကို​ရ​ရှိ​ပြီ​ဟု​မ​ထင်​မှတ်။ ငါ​ပြု​သော​တစ်ခု​တည်း​သော​အ​ရာ​ကား​ငါ​သည်​နောက်​၌ ရှိ​သော​အ​ရာ​တို့​ကို​မေ့​ပစ်​ပြီး​လျှင်​ရှေ့​၌​ရှိ​သော​အ​ရာ တို့​သို့​ရောက်​ခြင်း​ငှာ​အ​စွမ်း​ကုန်​ကြိုး​စား​၏။- သို့​ဖြစ်​၍​ငါ​သည်​ဆု​ကို​ရ​ရန်​ပန်း​တိုင်​သို့​ရှေး​ရှု လျက်​ပြေး​၏။ ထို​ဆု​ကား​အ​ထက်​အ​ရပ်​၌​အ​သက် ရှင်​ရေး​အ​တွက်​ခရစ်​တော်​ယေ​ရှု​အား​ဖြင့်​ဘု​ရား သ​ခင်​ဖိတ်​ခေါ်​တော်​မူ​ခြင်း​ပင်​ဖြစ်​သ​တည်း။ ငါ​တို့​တွင်​ဝိညာဉ်​ရေး​ရင့်​ကျက်​သူ​တို့​သည် ဤ​စိတ် သ​ဘော​မျိုး​ထား​ရှိ​သင့်​ကြ​သည်။ အ​ကယ်​၍​အ​ချို့ တို့​သည်​ကွဲ​လွဲ​သော​စိတ်​သ​ဘော​ရှိ​ပါ​လျှင် ဘု​ရား သ​ခင်​သည်​ယင်း​တို့​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ လိမ့်​မည်။

ဖိလိပ္ပိ 3:9-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသည်ကား ငါ​သည် ပညတ်​တရား​နှင့်ဆိုင်သော ငါ​၏​ဖြောင့်မတ်​ခြင်း​မ​ဟုတ်​ဘဲ ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​တည်းဟူသော ယုံကြည်​ခြင်း​အပေါ်၌​အခြေခံ​သည့် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​ရရှိ​၍ ခရစ်တော်​ကို​ရရှိ​ကာ ကိုယ်တော်​၌ တွေ့မြင်​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏။ ထို့ပြင် ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​တန်ခိုး​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ဒုက္ခ​ဝေဒနာ​ကို​မျှဝေ​ခံယူ​ခြင်း​ကို​လည်းကောင်း သိရှိ​၍ ကိုယ်တော်​၏​အသေခံ​ခြင်း​၌ တစ်​သဏ္ဌာန်​တည်း​ဖြစ်​ခြင်း​အခွင့်​ကို​ရရှိ​ကာ သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​သို့ တစ်နည်းနည်း​ဖြင့် ရောက်ရှိ​နိုင်​ရန်​အတွက်​ဖြစ်​၏။ ငါ​သည် ထို​အခွင့်​ကို​ရရှိ​ပြီ​၊ သို့မဟုတ် စုံလင်​ခြင်း​သို့​ရောက်​ပြီ​ဟု ဆိုလို​သည်​မ​ဟုတ်​ဘဲ ခရစ်တော်​ယေရှု​သည် ထို​အခွင့်​အတွက် ငါ့​ကို ဖမ်းကိုင်​ထား​သည်​ဖြစ်၍ ငါ​သည်​လည်း ထို​အခွင့်​ကို ဖမ်းကိုင်​နိုင်​ရန် ကြိုးစား​လျက်​ရှိ​၏။ ညီအစ်ကို​တို့၊ ငါ​ဖမ်းကိုင်​ထား​ပြီ​ဟု ငါ​ကိုယ်တိုင်​မ​မှတ်ယူ။ သို့သော် ငါ​ပြု​သော​အရာ​တစ်​ခု​မှာ နောက်၌​ရှိ​သော​အရာ​များ​ကို​မေ့​ထား​၍ ရှေ့၌​ရှိ​သော​အရာ​များ​သို့​တက်လှမ်း​ကာ ခရစ်တော်​ယေရှု​အားဖြင့် အထက်​အရပ်​သို့ ဘုရားသခင်​ခေါ်ယူ​၍ ပေး​တော်မူ​မည့်​ဆု​ကို​ရရှိ​ရန် ပန်းတိုင်​သို့​ကြိုးစား​၍​ပြေး​၏။ ထို့ကြောင့် စုံလင်​ရင့်ကျက်​သော​သူ​ရှိသမျှ​တို့​သည် ဤသို့​သော​စိတ်သဘော​ရှိ​သင့်​၏။ သင်​တို့​၌ ခြားနား​သော​စိတ်သဘော​တစ်စုံတစ်ခု​ရှိ​လျှင်​လည်း ဘုရားသခင်​သည် ထို​အရာ​ကို​ပင် သင်​တို့​အား ဖော်ပြ​တော်မူ​လိမ့်မည်။