ဖိလိပ္ပိ 2:3-8
ဖိလိပ္ပိ 2:3-8 Judson Bible (JBMLE)
ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။- ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။- ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။- ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊- မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။- ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။
ဖိလိပ္ပိ 2:3-8 Common Language Bible (BCL)
ကြွားဝါလိုသောစိတ်၊ ကျော်စောကိတ္တိကိုတပ်မက် သောစိတ်တို့ဖြင့်အဘယ်အမှုကိုမျှမပြုကြ နှင့်။ သူတစ်ပါးသည်မိမိထက်သာသည်ဟု အစဉ်ယူဆလျက်စိတ်နှိမ့်ချကြလော့။- မိမိ၏အကျိုးကိုသာမရှာဘဲအချင်းချင်း ၏အကျိုးကိုရှာကြလော့။- ခရစ်တော်ယေရှု၌ရှိသောစိတ်သဘောမျိုး ကိုသင်တို့၌လည်းရှိစေကြလော့။ ကိုယ်တော်သည်ဘုရားဇာတိတော်နှင့် ထာဝစဉ်ပြည့်စုံတော်မူ၏။ သို့ရာတွင်အဋ္ဌမ္မနည်းဖြင့်ဘုရားသခင်နှင့် ဂုဏ်ရည်တူရန်ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။ ယင်းသို့ပြုမည့်အစားမိမိအလိုအလျောက် ဘုန်းအသရေတော်ရှိသမျှကိုစွန့်၍ အစေခံ၏ဇာတိကိုခံယူတော်မူ၏။ ကိုယ်တော်သည်လူ့အသွင်ကိုယူဆောင်၍ လူကဲ့သို့သောအဖြစ်ကိုခံယူတော်မူပေသည်။ မိမိကိုယ်ကိုနှိမ့်ချတော်မူလျက်လက်ဝါးကပ် တိုင်ပေါ်တွင် အသေခံသည့်တိုင်အောင်၊နာခံခြင်းလမ်းစဉ်ကို လိုက်လျှောက်တော်မူ၏။
ဖိလိပ္ပိ 2:3-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မည်သည့်အမှုကိုမျှ တုပြိုင်လိုသောစိတ်နှင့်လည်းကောင်း၊ အချည်းနှီးကျော်စောလိုသောစိတ်နှင့်လည်းကောင်း မပြုဘဲ နှိမ့်ချသောစိတ်ရှိလျက် သူတစ်ပါးတို့သည် မိမိတို့ထက် ထူးမြတ်သည်ဟု မှတ်ယူကြလော့။ သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာမကြည့်ရှုဘဲ သူတစ်ပါး၏အကျိုးကိုလည်း ကြည့်ရှုကြလော့။ ခရစ်တော်ယေရှု၌ရှိသော ထိုစိတ်သဘောမျိုးကို သင်တို့၌လည်းရှိစေကြလော့။ ခရစ်တော်သည် ဘုရားသခင်၏အသွင်သဏ္ဌာန်ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူဖြစ်ခြင်းကို ဆုပ်ကိုင်ထားရမည့်အရာဟု မမှတ်ယူဘဲ မိမိအသရေကိုစွန့်၍ အစေအပါး၏အသွင်သဏ္ဌာန်ကိုဆောင်ကာ လူတို့နှင့်တူညီသောသဏ္ဌာန်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။ ကိုယ်တော်သည် လူကဲ့သို့သောပုံပန်းသဏ္ဌာန်၌ ပေါ်ထွန်းတော်မူ၍ မိမိကိုယ်ကိုနှိမ့်ချကာ လက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းဟူသည့် အသေခံခြင်းတိုင်အောင် နာခံတော်မူ၏။