YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 2:12-14

ဖိလိပ္ပိ 2:12-14 Judson Bible (JBMLE)

သို့​ဖြစ်၍ ငါ့​ချစ်​သူ​တို့၊ သင်​တို့​သည် ငါ့​မျက်​မှောက်၌ နား​ထောင်​သည်​သာ​မ​က၊ မျက်​ကွယ်၌​လည်း အ​စဉ် နား​ထောင်​ကြ​သည်​နှင့်​အ​ညီ၊ ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​နှင့်၊ ကိုယ်​ကို ကယ်​တင်​ခြင်း​ငှာ ကိုယ်​တိုင် ကြိုး​စား​အား​ထုတ်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။- သင်​တို့​သည် ပြု​လေ​သ​မျှ​တို့၌ မြည်​တမ်း​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ ပြု​ကြ​လော့။

ဖိလိပ္ပိ 2:12-14 Common Language Bible (BCL)

သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ သင်​တို့​နှင့်​ငါ​ရှိ​စဉ်​အ​ခါ က​သင်​တို့​သည်​ငါ့​စ​ကား​ကို​အ​စဉ်​နား​ထောင်​ခဲ့ ကြ​သည်​နည်း​တူ ယ​ခု​လည်း​ငါ​နှင့်​ဝေး​ကွာ​လျက် နေ​ချိန်​၌​ငါ့​စ​ကား​ကို​နား​ထောင်​ရန်​ပို​၍ ပင်​အ​ရေး​ကြီး​ပေ​သည်။ ဘု​ရား​သ​ခင်​၏​အ​ကြံ တော်​အ​တိုင်း​လိုက်​လျှောက်​လို​သော​စိတ်​နှင့်​လိုက် လျှောက်​နိုင်​သော​စွမ်း​အား​ကို သင်​တို့​အ​ထဲ​၌ အ​စဉ်​ပြု​ပြင်​လျက်​ရှိ​သည်​ဖြစ်​၍​သင်​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​စိမ့်​သော​ငှာ ကြောက်​ရွံ့ တုန်​လှုပ်​သော​စိတ်​နှင့်​လုပ်​ဆောင်​လျက်​နေ ကြ​လော့။ သင်​တို့​လုပ်​ဆောင်​စ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ညည်း မ​တွား၊ မ​ငြင်း​မ​ခုံ​ဘဲ​လုပ်​ဆောင်​ကြ​လော့။

ဖိလိပ္ပိ 2:12-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ ငါ​ချစ်​သော​သူ​တို့၊ သင်​တို့​သည် အစဉ်​နာခံ​ခဲ့​ကြ​သည့်​အတိုင်း ငါ​၏​မျက်မှောက်​၌​သာ​မ​ဟုတ်​ဘဲ ယခု ငါ​နှင့်​ဝေးကွာ​သည့်​အခါ​၌​လည်း ပို၍​နာခံ​လျက် ကြောက်ရွံ့​တုန်လှုပ်​သော​စိတ်​ဖြင့် မိမိ​တို့​၏​ကယ်တင်​ခြင်း​ကို အကောင်အထည်ဖော်​ကြ​လော့။ အကြောင်းမူကား စေတနာ​တော်​အတိုင်း ဆန္ဒ​ရှိ​ကြ​စေရန်​နှင့် လုပ်ဆောင်​ကြ​စေရန် သင်​တို့​အထဲ၌​လုပ်ဆောင်​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ အရာ​ခပ်သိမ်း​ကို ညည်းညူ​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​မ​ရှိ​ဘဲ လုပ်ဆောင်​ကြ​လော့။