YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:9-11

ဖိလိပ္ပိ 1:9-11 Judson Bible (JBMLE)

ငါ​သည် အ​ဘယ်​သို့ ဆု​တောင်း​သ​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် ခြား​နား​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ ဉာဏ်​ပ​ညာ​အ​မျိုး​မျိုး​ရှိ​လျက်၊- မေ​တ္တာ​ပါ​ရ​မီ​တိုး​ပွား၍ ပြည့်​စုံ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​တတ်​သော ဖြောင့်​မတ်​ခြင်း အ​ကျင့်​နှင့် သင်​တို့​သည် ပြည့်​စုံ၍ ခ​ရစ်​တော်၏ နေ့​ရက်​တိုင်​အောင် စိတ်​ကြည်​ဖြူ​လျက်၊ တိမ်း​လဲ​ခြင်း​အ​မှု​နှင့် ကင်း​လွတ်​လျက် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။

ဖိလိပ္ပိ 1:9-11 Common Language Bible (BCL)

သင်​တို့​သည်​အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရွေး​ယူ နိုင်​အံ့​သော​ငှာ​အ​သိ​ပ​ညာ၊ ပိုင်း​ခြား​ဝေ​ဖန်​တတ် သော​စွမ်း​ရည်​တို့​နှင့်​ပြည့်​စုံ​၍​မေတ္တာ​ပါ​ရ​မီ​တိုး သည်​ထက်​တိုး​လာ​ကြ​စေ​ရန်​သင်​တို့​အ​တွက် ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​သည်။ သို့​မှ​သာ​လျှင် သင်​တို့​သည်​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​ရက်​၌​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​အ​ညစ် အ​ကြေး​နှင့်​ကင်း​စင်​လိမ့်​မည်။- ထို့​အြုပင်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​နှင့်​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​စေ​ရန် ယေ​ရှု​ခ​ရစ်​အား​ဖြင့်​သာ​လျှင်​ရ နိုင်​သော​စစ်​မှန်​သည့်​အ​ရည်​အ​သွေး​ကောင်း များ​နှင့်​ပြည့်​စုံ​လိမ့်​မည်။

ဖိလိပ္ပိ 1:9-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် စစ်မှန်​သော​အသိပညာ​နှင့် ထိုးထွင်းဉာဏ်​အမျိုးမျိုး​တို့​၌ ပို၍​ပို၍​ပြည့်စုံ​လာ​သဖြင့် မြင့်မြတ်​သည့်​အရာ​များ​ကို သင်​တို့​ပိုင်းခြား​သိရှိ​နိုင်​မည့်အကြောင်း​နှင့် သင်​တို့​သည် ခရစ်တော်​၏​နေ့ရက်​ကာလ​၌ ဖြူစင်​လျက် အပြစ်တင်​စရာ​ကင်း​သော​သူ​ဖြစ်​ကာ ယေရှု​ခရစ်တော်​အားဖြင့် ဖြောင့်မတ်​ခြင်း​အသီးအပွင့်​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ထင်ရှား​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​အဖြစ်​သို့​ရောက်​မည့်​အကြောင်း ငါ​ဆုတောင်း​၏။