YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:18-20

ဖိလိပ္ပိ 1:18-20 Judson Bible (JBMLE)

သို့​ဖြစ်၍ အ​ဘယ်​သို့​နည်း၊ လျှို့​ဝှက်၍ ဟော​ပြော​သည်​ဖြစ်​စေ၊ သ​စ္စာ​ရှိ၍ ဟော​ပြော​သည်​ဖြစ်​စေ၊ အ​ဘယ်​သို့​သော​အား​ဖြင့် ဟော​ပြော​သည်​ဖြစ်​စေ၊ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ၏။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဝမ်း​မြောက်၏။ နောင်၌​လည်း ဝမ်း​မြောက်​လိမ့်​မည်။- အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​သည် အ​လျှင်း​ရှက်​ကြောက်​ခြင်း​မ​ရှိ၊ ရဲ​ရင့်​ခြင်း​နှင့်​ပြည့်​စုံ၍ အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​ကိုယ်​ခ​န္ဓာ၌ ခ​ရစ်​တော်​သည် အ​စဉ်​မ​ပြတ် ဂုဏ်​အ​သ​ရေ​ထင်​ရှား တော်​မူ​သ​ကဲ့​သို့၊ ယ​ခု​ပင် ထင်​ရှား​တော်​မူ​မည်​ဟု ငါ​မျှော်​လ​င့်​အား​ကြီး၍ တောင့်​တ​သည်​နှင့်​အ​ညီ သင်​တို့ ဆု​တောင်း​သ​ဖြင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ဝိ​ညာဉ်​တော် မ​စ​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ကြောင်း​အ​ရာ​သည် ငါ့​ကို​ကယ်​တင်​သော အ​ကြောင်း​အ​ရာ ဖြစ်​မည်​ဟု ငါ​သိ၏။

ဖိလိပ္ပိ 1:18-20 Common Language Bible (BCL)

ဟော​ပြော​သည့်​နည်း​မှာ​အ​ရေး​မ​ကြီး​ပါ။ မှား ယွင်း​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည်​ဖြစ်​စေ၊ မှန်​ကန်​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည် ဖြစ်​စေ​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော​ပြော ခြင်း​သာ​ဖြစ်​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။ ဆက်​လက် ၍​ဝမ်း​မြောက်​လျက်​နေ​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကြောင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ဝိ​ညာဉ် တော်​၏​ကူ​ညီ​စောင်​မ​မှု​ကြောင့်​လည်း​ကောင်း ငါ​သည်​ဤ​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​မည် ဟု​ငါ​သိ​သော​ကြောင့်​ဖြစ်​၏။- ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​၏​တာ​ဝန် မ​ပျက်​မ​ကွက်​ဘဲ​အ​ခါ​ခပ်​သိမ်း​၌​လည်း ကောင်း၊ အ​ထူး​သ​ဖြင့်​ယခု​အ​ခါ​၌​လည်း​ကောင်း ရဲ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​လျက်​ငါ​သည်​အ​သက်​ရှင် သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​အ​စွမ်း​ရှိ​သ​မျှ နှင့်​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား လာ​နိုင်​စေ​ရန်​မျှော်​လင့်​တောင့်​တ​၏။

ဖိလိပ္ပိ 1:18-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ဟန်ဆောင်​ပန်ဆောင်​ဖြစ်စေ၊ မှန်မှန်ကန်ကန်​ဖြစ်စေ မည်သည့်​နည်း​ဖြင့်​မဆို ခရစ်တော်​အကြောင်း​ကို ဟောပြော​သည်​ဖြစ်၍ ၎င်း​အတွက် ငါ​ဝမ်းမြောက်​၏။ ဆက်၍​လည်း ငါ​ဝမ်းမြောက်​ဦး​မည်။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ဆုတောင်း​ခြင်း​များ​နှင့် ယေရှု​ခရစ်တော်​၏​ဝိညာဉ်​တော်​ထံမှ​လာ​သော ကူညီမစ​ခြင်း​အားဖြင့် ဤ​အခြင်းအရာ​သည် ငါ​၏​လွတ်မြောက်​ရာ​အကြောင်း​ဖြစ်​မည်​ဟု ငါ​သိ​၏။ ငါ​သည် မည်သည့်​အရာ​၌​မျှ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ခါတိုင်း​ကဲ့သို့ ယခု​အခါ​တွင်​လည်း ရဲရင့်​ခြင်း​အပြည့်အဝ​ရှိ​လျက် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ ငါ​၏​ကိုယ်ခန္ဓာ​အားဖြင့် ခရစ်တော်​သည် ချီးမွမ်း​ခြင်း​ခံရ​မည့်​အကြောင်း မျှော်လင့်​တောင့်တ​၏။