YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:15-30

ဖိလိပ္ပိ 1:15-30 Common Language Bible (BCL)

အ​ချို့​သော​သူ​တို့​သည်​မ​နာ​လို​သော​စိတ်၊ ရန်​တွေ့ လို​သော​စိတ်​နှင့်​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော ပြော​ကြ​၏။ အ​ချို့​သော​သူ​တို့​မူ​ကား​စေတနာ စိတ်​နှင့်​ဟော​ပြော​ကြ​ပေ​သည်။- ဤ​သူ​တို့​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း ကောင်း​ကို​ကာ​ကွယ်​ဟော​ပြော​ရန်​ငါ့​အား​ဘု​ရား သ​ခင်​ခန့်​ထား​တော်​မူ​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​အ​လျောက်​ဟော​ပြော​ကြ​ခြင်း​ဖြစ်​၏။- အ​ခြား​သော​သူ​တို့​သည်​ကား​ခ​ရစ်​တော်​၏ အ​ကြောင်း​ကို​စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​မ​ဟုတ်​ဘဲ ကျော်​ကြား​လို​သော​ဆန္ဒ​ဖြင့်​ဟော​ပြော​ကြ​၏။ သူ​တို့​၏​အ​ကြံ​မှာ​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ့ အား​ပို​၍​စိတ်​ဒုက္ခ​ရောက်​စေ​ရန်​ပင်​ဖြစ်​၏။ ဟော​ပြော​သည့်​နည်း​မှာ​အ​ရေး​မ​ကြီး​ပါ။ မှား ယွင်း​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည်​ဖြစ်​စေ၊ မှန်​ကန်​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည် ဖြစ်​စေ​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော​ပြော ခြင်း​သာ​ဖြစ်​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။ ဆက်​လက် ၍​ဝမ်း​မြောက်​လျက်​နေ​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကြောင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ဝိ​ညာဉ် တော်​၏​ကူ​ညီ​စောင်​မ​မှု​ကြောင့်​လည်း​ကောင်း ငါ​သည်​ဤ​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​မည် ဟု​ငါ​သိ​သော​ကြောင့်​ဖြစ်​၏။- ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​၏​တာ​ဝန် မ​ပျက်​မ​ကွက်​ဘဲ​အ​ခါ​ခပ်​သိမ်း​၌​လည်း ကောင်း၊ အ​ထူး​သ​ဖြင့်​ယခု​အ​ခါ​၌​လည်း​ကောင်း ရဲ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​လျက်​ငါ​သည်​အ​သက်​ရှင် သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​အ​စွမ်း​ရှိ​သ​မျှ နှင့်​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား လာ​နိုင်​စေ​ရန်​မျှော်​လင့်​တောင့်​တ​၏။- အ​သက်​ရှင်​ခြင်း​ဟူ​သည်​မှာ​အ​ဘယ်​နည်း။ ငါ ၏​အ​ဖို့​မှာ​အ​သက်​ရှင်​ခြင်း​သည်​ခ​ရစ်​တော်​ပင် ဖြစ်​၏။ သေ​လျှင်​မူ​ကား​ပို​၍​အ​ကျိုး​ရှိ​၏။- သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဆက်​လက်​အ​သက် ရှင်​ခြင်း​အား​ဖြင့်​ပို​မို​အ​ကျိုး​ပြု​နိုင်​မည်​ဆို ပါ​က အ​သက်​ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​အ​နက် အ​ဘယ်​အ​ရာ​ကို​ရွေး​ချယ်​ရ​ပါ​မည်​နည်း။- ငါ့​မှာ​စိတ်​နှစ်​ခွ​ဖြစ်​လျက်​နေ​တော့​၏။ ငါ​သည်​ဤ ဘ​ဝ​ကို​စွန့်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​နေ​လို​လှ​ပါ သည်။ သို့​ပြု​ရ​လျှင်​ငါ့​အ​ဖို့​ပို​၍​အ​ကျိုး​ရှိ​၏။- သို့​သော်​သင်​တို့​၏​အ​ကျိုး​ကို​ထောက်​၍​ငါ​သည် အ​သက်​ရှင်​လျက်​နေ​ရန်​ပို​၍​အ​ရေး​ကြီး​၏။- ဤ​သို့​ယုံ​ကြည်​စိတ်​ချ​သ​ဖြင့်​ငါ​သည်​သင်​တို့ နှင့်​အ​တူ​နေ​မည်။ သင်​တို့​အား​တိုး​တက်​ကြီး ပွား​စေ​ရန်​နှင့်​ယုံ​ကြည်​ခြင်း​၌​ဝမ်း​မြောက် စေ​ရန်​ငါ​သည်​သင်​တို့​နှင့်​အ​တူ​နေ​မည်။- သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​တစ်​ဖန်​နေ​ခွင့် ရ​သော​အ​ခါ​၌​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​သင်​တို့​သည်​ငါ့​အ​တွက် ကြောင့်​ပို​၍​ပင်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​လိမ့်​မည်။ ယ​ခု​သင်​တို့​အ​ဖို့​အ​ရေး​ကြီး​သည့်​အ​ရာ​မှာ ခ​ရစ်​တော်​၏​တ​ရား​တော်​နှင့်​အ​ညီ​ပြု​မူ​နေ​ထိုင် ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။ သင်​တို့​ထံ​သို့​ငါ​ပြန် လာ​သည်​ဖြစ်​စေ၊ မ​လာ​သည်​ဖြစ်​စေ​သာ​သ​နာ တော်​တည်​တံ့​ကြီး​ပွား​ရေး​အ​တွက်​ကြံ့​ခိုင်​စွာ ရပ်​တည်​၍​တစ်​စိတ်​တစ်​သ​ဘော​တည်း၊ ရည်​ရွယ် ချက်​တစ်​ခု​တည်း​ဖြင့်​သ​တင်း​ကောင်း​နှင့်​ဆိုင် သော​ယုံ​ကြည်​ခြင်း​တရား​အ​တွက်​သင်​တို့​တိုက်​ပွဲ ဝင်​လျက်​ရှိ​ကြ​ကြောင်း​ကို​ငါ​ကြား​သိ​လို​၏။- သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ကြောက်​ကြ​နှင့်။ အ​ခါ​ခပ်​သိမ်း​ရဲ​ရင့်​ကြ​လော့။ ဤ​သည်​ပင်​လျှင် ရန်​သူ​တို့​ရှုံး​နိမ့်​မည်​ဖြစ်​ကြောင်း​နှင့်​သင်​တို့ အောင်​မြင်​မည်​ဖြစ်​ကြောင်း​ကို​ရန်​သူ​များ​အား သက်​သေ​ပြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ကား ဘု​ရား​သ​ခင်​ပင်​ဖြစ်​တော်​မူ​သော​ကြောင့် တည်း။- သင်​တို့​သည်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​မ​က​ကိုယ်​တော်​၏​အ​တွက်​ဆင်း​ရဲ​ဒုက္ခ ခံ​ခြင်း​အား​ဖြင့်​လည်း ကိုယ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ရန်​အ​ခွင့်​ထူး​ကို​ရ​ရှိ​ကြ​၏။- ယ​ခု​သင်​တို့​သည်​ငါ​နှင့်​အ​တူ​တိုက်​ပွဲ​ကို​ဝင် နိုင်​ကြ​လေ​ပြီ။ ယ​ခင်​အ​ခါ​က​ငါ​တိုက်​ပွဲ​ဝင် ခဲ့​သည်​ကို​သင်​တို့​တွေ့​မြင်​ခဲ့​ကြ​၏။ သင်​တို့ ကြား​သိ​သည့်​အ​တိုင်း​ယ​ခု​လည်း​ငါ​သည် တိုက်​ပွဲ​ကို​ဝင်​လျက်​နေ​သေး​၏။

ဖိလိပ္ပိ 1:15-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အချို့​တို့​သည် မလိုမုန်းထား​စိတ်​နှင့် ပဋိပက္ခ​ဖြစ်​စေ​လို​သော​စိတ်​တို့​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ အချို့​တို့​မူကား စေတနာ​စိတ်​ဖြင့် ဟောပြော​ကြ​၏။ စေတနာ​စိတ်​ဖြင့် ဟောပြော​သော​သူ​တို့​သည် ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​သော​သူ​အဖြစ် ငါ့​ကို​ခန့်အပ်​ထား​ကြောင်း​သိ​လျက် ချစ်​ခြင်း​မေတ္တာ​ဖြင့် ဟောပြော​ကြ​၏။ အခြား​သော​သူ​တို့​မူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​၌ ဆင်းရဲ​ဒုက္ခ​ကို ပိုမို​များပြား​စေ​လို​သော​အကြံ​နှင့် ရိုးသား​သော​စိတ်​အားဖြင့်​မ​ဟုတ်​ဘဲ တုပြိုင်​လို​သော​စိတ်​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ သို့ဖြစ်လျှင် မည်သို့​ဆို​ရ​မည်နည်း။ ဟန်ဆောင်​ပန်ဆောင်​ဖြစ်စေ၊ မှန်မှန်ကန်ကန်​ဖြစ်စေ မည်သည့်​နည်း​ဖြင့်​မဆို ခရစ်တော်​အကြောင်း​ကို ဟောပြော​သည်​ဖြစ်၍ ၎င်း​အတွက် ငါ​ဝမ်းမြောက်​၏။ ဆက်၍​လည်း ငါ​ဝမ်းမြောက်​ဦး​မည်။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ဆုတောင်း​ခြင်း​များ​နှင့် ယေရှု​ခရစ်တော်​၏​ဝိညာဉ်​တော်​ထံမှ​လာ​သော ကူညီမစ​ခြင်း​အားဖြင့် ဤ​အခြင်းအရာ​သည် ငါ​၏​လွတ်မြောက်​ရာ​အကြောင်း​ဖြစ်​မည်​ဟု ငါ​သိ​၏။ ငါ​သည် မည်သည့်​အရာ​၌​မျှ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ခါတိုင်း​ကဲ့သို့ ယခု​အခါ​တွင်​လည်း ရဲရင့်​ခြင်း​အပြည့်အဝ​ရှိ​လျက် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ ငါ​၏​ကိုယ်ခန္ဓာ​အားဖြင့် ခရစ်တော်​သည် ချီးမွမ်း​ခြင်း​ခံရ​မည့်​အကြောင်း မျှော်လင့်​တောင့်တ​၏။ အကြောင်းမူကား ငါ့​အနေဖြင့် အသက်ရှင်​ခြင်း​သည် ခရစ်တော်​ဖြစ်​၏။ သေ​ခြင်း​သည်​လည်း အကျိုးကျေးဇူး​ဖြစ်​၏။ သို့သော် ဤ​ကိုယ်ခန္ဓာ​၌ ဆက်၍​အသက်ရှင်​လျှင် ငါ​သည် အကျိုး​ရှိ​သော​အမှု​ကို​လုပ်ဆောင်​နိုင်​၏။ ထိုအခါ မည်သည့်​အရာ​ရွေးချယ်​ရ​မည်​ကို ငါ​မ​သိ။ သို့ဖြစ်၍ ငါ​သည် ဤ​နှစ်​ခု​ကြား​၌ အကျပ်ရိုက်​နေ​၏။ ငါ​သည် ဤ​ဘဝ​ကို​စွန့်ခွာ​၍ ခရစ်တော်​နှင့်အတူ​ရှိ​ရန် ဆန္ဒ​ရှိ​၏။ ထိုသို့​ဖြစ်​လျှင် များစွာ​သာလွန်​ကောင်းမွန်​၏။ သို့သော် ဤ​ကိုယ်ခန္ဓာ​၌ ငါ​ဆက်၍​ရှိ​နေ​ခြင်း​သည် သင်​တို့​အတွက် ပိုမို​လိုအပ်​၏။ ဤသို့ ယုံကြည်​စိတ်ချ​လျက် သင်​တို့​၏​ယုံကြည်​ခြင်း​ကြီးထွား​မှု​နှင့် ဝမ်းမြောက်​မှု​အတွက် ငါ​သည် ကိုယ်ခန္ဓာ​၌​တည်​၍ သင်​တို့​အားလုံး​နှင့်အတူ ဆက်၍​ရှိ​နေ​မည်​ဖြစ်​ကြောင်း ငါ​သိ​၏။ ထိုအခါ ငါ​သည် သင်​တို့​ထံသို့ တစ်ဖန်​ရောက်လာ​သဖြင့် သင်​တို့​၏​ဂုဏ်ယူ​ဝင့်ကြွား​စရာ​အကြောင်း​သည် ငါ့​ကြောင့် ခရစ်တော်​ယေရှု​၌ တိုးပွား​လိမ့်မည်။ မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ထိုက်တန်​စွာ ပြုမူ​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​သည် ဝိညာဉ်​တစ်ပါးတည်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​လျက် တစ်စိတ်​တစ်သဘောတည်း​ဖြင့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် ယုံကြည်​ခြင်း​အတွက် အတူတကွ​ကြိုးစား​လုပ်ဆောင်​ကာ ဆန့်ကျင်​သူ​များ​ကြောင့် မည်သည့်​အရာ​၌​မျှ ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြောင်း​ကို ငါ​သည် သင်​တို့​နှင့်​လာ​၍​တွေ့ဆုံ​သည်​ဖြစ်စေ၊ ကွဲကွာ​နေ​သည်​ဖြစ်စေ၊ သင်​တို့​နှင့်​ပတ်သက်၍ ကြားသိ​နိုင်​ရန်​ဖြစ်​၏။ ထိုသို့​ကြောက်ရွံ့​ခြင်း​မ​ရှိ​ခြင်း​သည် သူ​တို့​အတွက် ပျက်စီး​ခြင်း​၏​လက္ခဏာ​ဖြစ်​၏။ သင်​တို့​အတွက်​မူကား ကယ်တင်​ခြင်း​၏​လက္ခဏာ​ဖြစ်ပြီး ၎င်း​သည် ဘုရားသခင်​ထံမှ​လာ​၏။ အကြောင်းမူကား ခရစ်တော်​အတွက် ကိုယ်တော်​ကို​ယုံကြည်​ခြင်း​သာ​မ​ဟုတ်​ဘဲ ကိုယ်တော်​အတွက် ဒုက္ခ​ဝေဒနာ​ခံစား​ခြင်း​အခွင့်​ကို​လည်း သင်​တို့​အား ပေးအပ်​ထား​သည်​ဖြစ်၍ ငါ​ရင်ဆိုင်​ရ​သည်​ကို သင်​တို့​တွေ့မြင်​ခဲ့​ပြီး ယခု​လည်း ငါ​ရင်ဆိုင်​နေ​ရ​သည်​ဟု သင်​တို့​ကြား​ရ​သော​ဆန့်ကျင်​တိုက်ခိုက်​မှု​မျိုး​ကို သင်​တို့​ရင်ဆိုင်​နေ​ကြ​၏။