YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 1:12-14

ဖိလိပ္ပိ 1:12-14 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ ငါ၌​ရောက်​သော အ​မှု​အ​ရာ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မ​မြစ်​တား​သည်​သာ​မ​က၊ ပြု​စု​ရာ​ဖြစ်​သည်​ဟု သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- ထို​သို့​သော​အား​ဖြင့် ခ​ရစ်​တော်​ကြောင့် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​အ​မှု​အ​ရာ​သည်၊ နန်း​တော်၌ အ​နှံ့​အ​ပြား​ထင်​ရှား​သည်​သာ​မ​က၊ ခပ်​သိမ်း​သော​အ​ရပ်၌ ထင်​ရှား၏။- သ​ခင်​ဘု​ရား၌ ညီ​အစ်​ကို​အ​များ​တို့​သည် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကြောင့် ယုံ​မှား​သော​စိတ်​နှင့် ကင်း​လွတ်၍ ကြောက်​ရွံ့​ခြင်း မ​ရှိ​ဘဲ၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို သာ၍ ဟော​ပြော​ဝံ့​ကြ၏။

ဖိလိပ္ပိ 1:12-14 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ ငါ​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက် များ​သည်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် အ​ကယ်​ပင်​အ​ထောက်​အ​ကူ​ပေး​ကြောင်း​သင် တို့​အား​သိ​စေ​လို​၏။- ငါ​သည်​ခ​ရစ်​တော်​၏​အ​စေ​ခံ​ဖြစ်​သည့်​အ​တွက် ကြောင့်​ငါ​အ​ကျဉ်း​ခံ​ရ​လျက်​နေ​ရ​ကြောင်း​ကို နန်း​တော်​အ​စောင့်​တပ်​တစ်​တပ်​လုံး​နှင့်​အ​ခြား သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပေ​သည်။- ဤ​သို့​ငါ​အ​ကျဉ်း​ခံ​ရ​ခြင်း​ကြောင့်​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​များ​ပင်​သ​ခင်​ဘု​ရား​အ​ပေါ်​တွင် ပို​၍​ယုံ​ကြည်​စိတ်​ချ​လာ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​မ​ကြောက်​မ​ရွံ့​ဘဲ​နှုတ်​က​ပတ်​တ​ရား​တော် ကို​ပို​မို​၍​ဟော​ပြော​ဝံ့​ကြ​ပေ​သည်။

ဖိလိပ္ပိ 1:12-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ ငါ​၌​ဖြစ်ပျက်​သော​အမှုအရာ​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ပို၍​ပြန့်ပွား​စေ​ခဲ့​ကြောင်း သင်​တို့​အား သိ​စေ​လို​ပါ​၏။ အကြောင်းမူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​သည် ခရစ်တော်​အတွက်​ဖြစ်​ကြောင်း ဘုရင်ခံ​ရုံးတော်​တစ်ခုလုံး​နှင့် အခြား​သော​သူ​အားလုံး​တို့​ရှေ့၌ ထင်ရှား​လာ​၍ များစွာ​သော​ညီအစ်ကို​တို့​သည် ငါ​အချုပ်အနှောင်​ခံရ​ခြင်း​ကြောင့် သခင်​ဘုရား​၌ ယုံကြည်​စိတ်ချ​လျက် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ နှုတ်ကပတ်​တရား​ကို​ဟောပြော​ရန် ပိုမို​ရဲရင့်​လာ​ကြ​၏။