YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 9:1-14

တောလည်ရာ 9:1-14 Judson Bible (JBMLE)

အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ပ​ထ​မ​လ၌ သိန်​တော​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ချိန်း​ချက်​သော​ကာ​လ​အ​ချိန်၌ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​ကြ​မည်။ စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​သော​ထုံး​စံ​အ​တိုင်း၊ ချိန်း​ချက်​သော ကာ​လ​အ​ချိန်​တည်း​ဟူ​သော ယ​ခု​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ စောင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်​အ​ကြောင်း၊ မော​ရှေ​ဆင့်​ဆို​သည်​အ​တိုင်း၊ သိန်​တော​တွင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​ကြ၏။ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။ ထို​နေ့၌ ပ​သ​ခါ​ပွဲ​ကို​မ​ခံ​ရ​မည်​အ​ကြောင်း၊ လူ​အ​သေ​ကောင်​အား​ဖြင့် ညစ်​ညူး​ခြင်း​သို့ ရောက်​သော​လူ​အ​ချို့​တို့​သည်၊ ထို​နေ့၌ မော​ရှေ​နှင့်​အာ​ရုန်​ထံ​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​သည် လူ​အ​သေ​ကောင်​အား​ဖြင့် ညစ်​ညူး​ခြင်း​ရှိ​ပါ၏။ ချိန်း​ချက်​သော​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို မ​ပြု​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​တို့​ကို ဆီး​တား​ပါ​မည်​လော​ဟု မေး​လျှောက်​ကြ၏။ မော​ရှေ​က​လည်း၊ နေ​ကြ​ဦး​လော့။ သင်​တို့​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ငါ​နား​ထောင်​ဦး​မည်​ဟု ပြန်​ဆို၏။ ထို​အ​ခါ​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​အ​မျိုး​သား​သည် အ​သေ​ကောင်​အား​ဖြင့် ညစ်​ညူး​ခြင်း​ရှိ​သော်​လည်း​ကောင်း၊ ဝေး​သော​အ​ရပ်​သို့ ခ​ရီး​သွား​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်။ ဒု​တိ​ယ​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ပွဲ​ခံ၍၊ သိုး​သ​ငယ်​အ​သား​ကို တ​ဆေး​မ​ပါ​သော​မုန့်၊ ခါး​သော​ဟင်း​သီး​ဟင်း​ရွက်​နှင့် စား​ရ​မည်။ ထို​အ​သား​ကို နံ​နက်​တိုင်​အောင်​မ​ကြွင်း​စေ​ရ။ အ​ရိုး​ကို​လည်း​မ​ချိုး​ရ။ ပ​သ​ခါ​ပွဲ​နှင့် ဆိုင်​သော အ​ထုံး​အ​ဖွဲ့​ရှိ​သ​မျှ​တို့​ကို​လိုက်၍ ပွဲ​ခံ​ရ​သော​အ​ခွင့်​ရှိ၏။ ညစ်​ညူး​ခြင်း​မ​ရှိ၊ အ​ခြား​တစ်​ပါး​သို့ ခ​ရီး​မ​သွား​သော​သူ​သည် ပ​သ​ခါ​ပွဲ​ကို မ​ခံ​ဘဲ​နေ​လျှင်၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ ချိန်း​ချက်​သော​အ​ချိန်၌ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို​မ​ဆောင်​ခဲ့​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ သင်​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ စီ​ရင်​ထုံး​ဖွဲ့၍ ခံ​ရ​သော​ထုံး​စံ​အ​တိုင်း ပွဲ​ခံ​ရ​မည်။ သင်​တို့​တွင် တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ၊ အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ​တို့​သည် ထုံး​စံ​တစ်​ပါး​တည်း​သာ ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။

တောလည်ရာ 9:1-14 Common Language Bible (BCL)

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​နှစ်၊ ပ​ထ​မ​လ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တော​ကန္တာ​ရ​၌​မော​ရှေ​အား၊- ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယ​ခု​လ​တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​မှ​အ​စ​ပြု​၍​ပ​သ​ခါ​ပွဲ​တော်​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ​ကျင်း​ပ​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​ဆင့်​ဆို​သည့်​အ​တိုင်း၊- သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​တွင် ပ​ထ​မ​တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​၌​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ကြ​သည်။ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆောင်​ရွက်​ကြ​သည်။ သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ထို​နေ့​တွင်​ပ​သ​ခါ​ပွဲ​တော်​ကို​မ​ဝင်​နိုင်​ကြ​ချေ။ သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သွား​၍၊- ``အ​ကျွန်ုပ်​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့်​မ​သန့်​စင်​ကြ​ပါ။ အ​ခြား​သူ​များ​နည်း​တူ​အ​ကျွန်ုပ်​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ခြင်း​မ​ပြု​လုပ်​နိုင်​ပြီ​လော'' ဟု​မေး​လျှောက်​ကြ​၏။ ထို​အ​ခါ​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မည်​သို့​ညွှန်​ကြား​တော်​မူ​မည်​ကို​စောင့်​ဆိုင်း​ကြ​လော့'' ဟု​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ယ​ခု​ဖြစ်​စေ၊ နောင်​အ​ခါ​ဖြစ်​စေ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​တစ်​စုံ​တစ်​ယောက်​သည် ပ​သ​ခါ​ပွဲ​ခံ​ချိန်​၌​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့်​မ​သန့်​စင်​သူ​သည်​လည်း​ကောင်း၊ ရပ်​ဝေး​သို့​ခ​ရီး​လွန်​နေ​သူ​သည်​လည်း​ကောင်း​ပ​သ​ခါ​ပွဲ​ခံ​လို​သော်၊- တစ်​လ​စောင့်​ဆိုင်း​၍​ဒု​တိ​ယ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​တွင်​ပွဲ​ခံ​နိုင်​ခွင့်​ရှိ​သည်။ သူ​သည်​သိုး​သား​ကို​တ​ဆေး​မဲ့​မုန့်၊ ခါး​သော​ဟင်း​သီး​ဟင်း​ရွက်​တို့​နှင့်​စား​၍​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။- နောက်​တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​အ​စား​အ​စာ​ကို​မ​ကျန်​ကြွင်း​စေ​ရ။ သိုး​ကောင်​၏​အ​ရိုး​ကို​မ​ကျိုး​စေ​ရ။ ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။- တစ်​စုံ​တစ်​ယောက်​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​လျက်​နှင့် ခ​ရီး​မ​လွန်​ဘဲ​ရှိ​လျက်​နှင့် ပ​သ​ခါ​ပွဲ​ခံ​ချိန်​တွင်​ငါ့​အား​ပူ​ဇော်​သ​ကာ​မ​ဆက်​သ​လျှင် ထို​သူ့​ကို​ငါ​၏​လူ​မျိုး​တော်​အ​ထဲ​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​လျောက်​ဒဏ်​ခံ​ရ​မည်။ ``သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား​တစ်​ဦး​သည်​ပ​သ​ခါ​ပွဲ​ခံ​လို​လျှင် သူ​သည်​ပွဲ​တော်​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​အား​လုံး​ကို​လိုက်​နာ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​ရ​မည်။

တောလည်ရာ 9:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် ဒုတိယ​နှစ်​၊ ပထမ​လ​၌ သိနာ​တောကန္တာရ​တွင် ထာဝရဘုရား​က မောရှေ​အား “​အစ္စရေး​အမျိုးသား​တို့​သည် သတ်မှတ်​ထား​သော​အချိန်​၌ ပသခါပွဲတော်​ကို​ကျင်းပ​ရ​မည်​။ သင်​တို့​သည် သတ်မှတ်​ထား​သော​အချိန်​ဖြစ်​သည့် ဤ​လ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​၌ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​နှင့်အညီ ထို​ပွဲတော်​ကို ကျင်းပ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ပသခါပွဲတော်​ကျင်းပ​ရန် ဆင့်ဆို​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​တွင် သိနာ​တောကန္တာရ​၌ ပသခါပွဲတော်​ကို ကျင်းပ​ပြုလုပ်​ကြ​၏​။ သို့သော် ထို​နေ့​၌ လူ​အချို့​တို့​သည် လူသေအလောင်း​ကြောင့် မစင်ကြယ်​သည်​ဖြစ်​၍ ပသခါပွဲတော်​ကို ကျင်းပ​ခွင့်​မ​ရ​ကြ​။ ထို့ကြောင့် ထို​နေ့​၌ သူ​တို့​သည် မောရှေ​နှင့်​အာရုန်​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​သည် လူသေအလောင်း​ကြောင့် မစင်မကြယ်​ဖြစ်​ခဲ့​ပါ​၏​။ သတ်မှတ်​ထား​သော​အချိန်​၌ အစ္စရေး​အမျိုးသား​တို့​နှင့်အတူ ထာဝရဘုရား​ထံ ပူဇော်သက္ကာ​ကို ပူဇော်​ခွင့်​မ​ရ​သည်​မှာ အဘယ်ကြောင့်​နည်း​”​ဟု မောရှေ​အား မေးလျှောက်​ကြ​၏​။ မောရှေ​က​လည်း “​စောင့်​ဦး​လော့​။ သင်​တို့​အမှု​နှင့်​ပတ်သက်၍ ထာဝရဘုရား​မည်သို့​မိန့်​တော်မူ​မည်​ကို ငါ​နားထောင်​ဦး​မည်​”​ဟု သူ​တို့​အား ပြန်ပြော​၏​။ ထာဝရဘုရား​က မောရှေ​အား “​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​ဖြစ်စေ​၊ သင်​တို့​၏​မျိုးဆက်​ဖြစ်စေ တစ်စုံတစ်ယောက်​သည် လူသေအလောင်း​ကြောင့် မစင်မကြယ်​ဖြစ်​နေ​လျှင်​လည်းကောင်း​၊ ခရီး​လွန်​နေ​လျှင်​လည်းကောင်း ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ကျင်းပ​ခွင့်​ရှိ​၏​။ သူ​တို့​သည် ထို​ပွဲတော်​ကို ဒုတိယ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​တွင် ကျင်းပ​ရ​မည်​။ သိုးသငယ်​အသား​ကို တဆေးမဲ့မုန့်​၊ ခါး​သော​ဟင်းရွက်​တို့​နှင့် စား​ရ​မည်​။ အသား​ကို နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ အရိုး​ကို​လည်း မ​ချိုး​ရ​။ ပသခါပွဲတော်​၏​ပြဋ္ဌာန်းချက်​ရှိသမျှ​နှင့်အညီ ထို​ပွဲတော်​ကို ကျင်းပ​ရ​မည်​။ သို့သော် တစ်စုံတစ်ယောက်​သည် စင်ကြယ်​ခြင်း​ရှိ​လျက်​၊ ခရီး​လည်း​မ​လွန်​ဘဲ​လျက် ပသခါပွဲတော်​ကို မ​ကျင်းပ​လျှင် သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သတ်မှတ်​ထား​သော​အချိန်​၌ ထာဝရဘုရား​အား ပူဇော်သက္ကာ​ကို မ​ပူဇော်​သောကြောင့် သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။ သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​သည် ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ကျင်းပ​လို​လျှင် ပသခါပွဲတော်​ဆိုင်ရာ​ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​များ​နှင့်အညီ ကျင်းပ​ရ​မည်​။ တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ​၊ အမျိုးသားချင်း​အတွက်​ဖြစ်စေ ပြဋ္ဌာန်းချက်​သည် တစ်မျိုးတည်း ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။