YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 11:24-30

တောလည်ရာ 11:24-30 Judson Bible (JBMLE)

မော​ရှေ​သည်​ထွက်၍ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို လူ​များ​တို့​အား​ဆင့်​ဆို​ပြီး​လျှင် အ​မျိုး​သား၊ အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​ကို စု​ဝေး​စေ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ပတ်​လည်၌ ထား​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​ဖြင့်​ဆင်း​သက်၍ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ၏။ မော​ရှေ​အ​ပေါ်​မှာ ကျိန်း​ဝပ်​သော​ဝိ​ညာဉ်​အ​ချို့​ကို​ယူ၍ အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​အ​ပေါ်​မှာ တင်​တော်​မူ​သ​ဖြင့်၊ ထို​ဝိ​ညာဉ်​သည် သူ​တို့​အ​ပေါ်​မှာ​ကျိန်း​ဝပ်​သော​အ​ခါ၊ သူ​တို့​သည် ပ​ရော​ဖက်​ပြု၍ မ​ပြတ်​မ​စဲ​ဟော​ကြ၏။ ထို​လူ​စု၌​ပါ​သော​သူ ဧ​လ​ဒဒ်​နှင့် မေ​ဒဒ်​တို့​သည် စာ​ရင်း​ဝင်​သော်​လည်း၊ တဲ​တော်​သို့​မ​သွား​ဘဲ တပ်​ထဲ​မှာ​နေ​ရစ်​စဉ်​တွင် သူ​တို့​အ​ပေါ်​မှာ ထို​ဝိ​ညာဉ်​ကျိန်း​ဝပ်​သ​ဖြင့် သူ​တို့​သည်​လည်း​ပ​ရော​ဖက်​ပြု၍ တပ်​ထဲ​မှာ​ဟော​ကြ၏။ လု​လင်​တစ်​ယောက်​သည်​လည်း မော​ရှေ​ထံ​သို့​ပြေး၍၊ ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ်​တို့​သည် တပ်​ထဲ​မှာ ပ​ရော​ဖက်​ပြု၍​ဟော​ပါ၏​ဟု လျှောက်​လျှင်၊ မော​ရှေ၏​လက်​ထောက်​ဖြစ်​သော လု​လင်​နုန်​သား​ယော​ရှု​က၊ သ​ခင်​မော​ရှေ၊ သူ​တို့​ကို​ဆီး​တား​တော်​မူ​ပါ​ဟု​ဆို​သော်၊ မော​ရှေ​က၊ သင်​သည် ငါ့​အ​တွက်​ငြူ​စူ​သော​စိတ်​ရှိ​သ​လော။ ထာ​ဝ​ရ​ဘု​ရား၏​လူ​အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ဖြစ်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဝိ​ညာဉ်​တော်​ကို သူ​တို့​အ​ပေါ်​မှာ​တင်​တော်​မူ​ပါ​စေ​သော​ဟု ဆို​ပြီး​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​နှင့်​အ​တူ တပ်​ထဲ​သို့​ပြန်​သွား​လေ၏။

တောလည်ရာ 11:24-30 Common Language Bible (BCL)

မော​ရှေ​သည်​တဲ​တော်​တွင်း​မှ​ထွက်​လာ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​လူ အ​ပေါင်း​တို့​အား​ပြန်​ကြား​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​ကို​ခေါ်​၍ တဲ​တော်​ပတ်​လည်​တွင်​ရပ်​နေ စေ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​ဖြင့် ကြွ​ဆင်း​လာ​၍ မော​ရှေ​နှင့်​စ​ကား​ပြော​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​ပေး​အပ် ထား​သော​စွမ်း​ရည်​အ​ချို့​ကို​ယူ​၍ ခေါင်း​ဆောင် ခု​နစ်​ဆယ်​တို့​အား​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​စွမ်း​ရည်​ကို​ခံ​ယူ​ရ​ရှိ​ကြ​သော​အ​ခါ ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​၏။ သို့ ရာ​တွင်​တစ်​ကြိမ်​မျှ​သာ​ကြွေး​ကြော်​ကြ​၏။ ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ထဲ​မှ​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ် ဆို​သူ​နှစ်​ဦး​သည် တဲ​တော်​သို့​မ​သွား​ဘဲ​စ​ခန်း ထဲ​တွင်​ကျန်​ရစ်​ခဲ့​ကြ​၏။ သူ​တို့​အ​ပေါ်​သို့​ဝိ​ညာဉ် တော်​သက်​ဆင်း​လာ​သော​အ​ခါ သူ​တို့​သည်​လည်း ပ​ရော​ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​ကြ​သည်။- လူ​ငယ်​တစ်​ဦး​က​ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ်​တို့​ပြု မူ​ပုံ​ကို မော​ရှေ​ထံ​သို့​ပြေး​၍​ပြော​ကြား​၏။ ထို​အ​ခါ​ငယ်​စဉ်​က​တည်း​က​မော​ရှေ​ကို​ကူ ညီ​ခဲ့​သော​နုန်​၏​သား​ဖြစ်​သော ယော​ရှု​က မော​ရှေ​အား``အ​ရှင်၊ သူ​တို့​ကို​တား​မြစ် ပါ'' ဟု​တိုက်​တွန်း​လေ​သည်။ မော​ရှေ​က``ငါ​၏​အ​ကျိုး​ကို​ထောက်​၍​သင် ပြော​နေ​သ​လော။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ၏​လူ​မျိုး​တော်​အား​လုံး​အ​ပေါ်​သို့​ဝိ​ညာဉ် တော်​ကို​ပေး​အပ်​သ​ဖြင့် သူ​တို့​သည်​ပ​ရော ဖက်​များ​ကဲ့​သို့​ကြွေး​ကြော်​နိုင်​ကြ​ပါ​စေ သော'' ဟု​ပြန်​ပြော​လေ​၏။- ထို​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​ခု​နစ်​ဆယ်​တို့​သည် စ​ခန်း​သို့​ပြန် သွား​ကြ​၏။

တောလည်ရာ 11:24-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မောရှေ​သည် ထွက်သွား​၍ လူ​တို့​အား ထာဝရဘုရား​၏​စကား​တော်​တို့​ကို ဆင့်ဆို​လေ​၏​။ သက်ကြီးဝါကြီး​တို့​ထဲမှ လူ​အယောက်​ခုနစ်ဆယ်​ကို​စုဝေး​စေ​၍ သူ​တို့​ကို တဲ​တော်​ပတ်ပတ်လည်​၌ ရပ်​စေ​၏​။ ထိုအခါ ထာဝရဘုရား​သည် မိုးတိမ်​ဖြင့် ဆင်းသက်​တော်မူ​၍ မောရှေ​နှင့်​စကားပြော​လေ​၏​။ ကိုယ်တော်​သည် မောရှေ​၌​ရှိ​သည့်​ဝိညာဉ်​တော်​ကို​နုတ်ယူ​၍ သက်ကြီးဝါကြီး​များ​ဖြစ်​သော လူ​အယောက်​ခုနစ်ဆယ်​တို့​ထဲသို့ သွင်းပေး​လေ​၏​။ ဝိညာဉ်​တော်​သည် သူ​တို့​၌​ကိန်းဝပ်​တော်မူ​သောအခါ သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လေ​၏​။ သို့သော် နောက်တစ်ဖန် ထပ်၍​မ​ဟောပြော​ကြ​တော့​ပေ​။ သို့သော် ဧလဒဒ်​နှင့် မေဒဒ် အမည်​ရှိ​သော​သူ​နှစ်​ယောက်​သည် လူ​ခုနစ်ဆယ်​ထဲတွင်​စာရင်းဝင်​သော်လည်း သူ​တို့​သည် တဲ​တော်​သို့​မ​သွား​ဘဲ တပ်စခန်း​၌ ကျန်နေ​ခဲ့​၏​။ ဝိညာဉ်​တော်​သည် သူ​တို့​၌​လည်း ကိန်းဝပ်​တော်မူ​သဖြင့် သူ​တို့​သည် တပ်စခန်း​ထဲ၌ ပရောဖက်ပြု​ဟောပြော​ကြ​၏​။ လူငယ်​တစ်​ယောက်​သည် ပြေးလာ​၍ “​ဧလဒဒ်​နှင့် မေဒဒ်​သည် တပ်စခန်း​ထဲ၌ ပရောဖက်ပြု​ဟောပြော​နေ​ပါ​သည်​”​ဟု မောရှေ​အား ပြောပြ​လေ​၏​။ ထိုအခါ ငယ်ရွယ်စဉ်​ကပင် မောရှေ​၏​လက်ထောက်​ဖြစ်​သော နုန်​၏​သား​ယောရှု​က “​အကျွန်ုပ်​၏​သခင် မောရှေ​၊ ထို​သူ​တို့​ကို​တားမြစ်​ပါ​”​ဟု ဆို​၏​။ မောရှေ​က​လည်း “​ငါ့​အစား သင်​ငြူစူ​ရ​သလော​။ ထာဝရဘုရား​၏​လူ​ရှိသမျှ​တို့​အား ထာဝရဘုရား​သည် ဝိညာဉ်​တော်​ကို​ပေးအပ်​သဖြင့် သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​ပါစေသော​”​ဟု ဆို​ပြီးနောက် မောရှေ​သည် အစ္စရေး​အမျိုးသား​သက်ကြီးဝါကြီး​တို့​နှင့်အတူ တပ်စခန်း​သို့ ပြန်သွား​လေ​၏​။