YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 8:1-3

ရှင်မဿဲ 8:1-3 Common Language Bible (BCL)

တောင်​ပေါ်​မှ​သ​ခင်​ယေ​ရှု​ဆင်း​သက်​တော်​မူ​လျှင် လူ​ပ​ရိ​သတ်​ကြီး​များ​သည်​နောက်​တော်​သို့​လိုက် ကြ​၏။- ထို​အ​ခါ​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ် ယောက်​သည်​ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက် ဒူး​ထောက်​လျက် ``အ​ရှင်၊ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ကျွန်ုပ်​အား ဤ​ရော​ဂါ​မှ​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​ထား​တောင်း​ပန်​၏။ သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ``ငါ​အ​လို ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ထို​သူ ကို​တို့​တော်​မူ​၏။ ချက်​ချင်း​ထို​သူ​သည်​အ​ရေ ပြား​ရော​ဂါ​မှ​သန့်​စင်​၍​သွား​လေ​သည်။

ရှင်မဿဲ 8:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် တောင်​ပေါ်မှ ကြွဆင်း​လာ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။ ထိုအခါ အနာကြီး​ရောဂါသည်​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို​စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ“ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​သည် အနာကြီး​ရောဂါ​ပျောက်ကင်း​၍ စင်ကြယ်​ခြင်း​သို့​ရောက်​လေ​၏။