ရှင်မဿဲ 6:26-30
ရှင်မဿဲ 6:26-30 Judson Bible (JBMLE)
မိုးကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။- အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။- အဝတ်အဖို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။- သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏ အဝတ်သည် ထိုအပင်တစ်ပင်မျှ၏ အဝတ်ကိုမမီဟု ငါဆို၏။ ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။
ရှင်မဿဲ 6:26-30 Common Language Bible (BCL)
မိုးကောင်းကင်တွင်ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ ကောက်နှံများကိုမရိတ်မသိမ်း၊ ကျီများတွင်လည်း သိုလှောင်မှုကိုမပြု။ သို့ရာတွင်ကောင်းကင်ဘုံရှင် သင်တို့အဖသည်ထိုငှက်တို့အားကျွေးမွေးတော် မူ၏။ သင်တို့သည်ကားငှက်များထက်များစွာပို ၍မြတ်သည်မဟုတ်လော။- သင်တို့တွင်အဘယ်သူသည်စိုးရိမ်ကြောင့်ကြခြင်း အားဖြင့် မိမိ၏အသက်ကိုနှစ်အနည်းငယ်မျှပို ၍ရှည်စေနိုင်သနည်း။ ``သင်တို့သည်အဘယ်ကြောင့်အဝတ်အတွက်စိုးရိမ် ကြောင့်ကြသနည်း။ တောနှင်းပန်းများအဘယ်သို့ ရှင်သန်လာသည်ကိုကြည့်ရှုဆင်ခြင်ကြလော့။ ထို ပန်းပင်တို့သည်အလုပ်လည်းမလုပ်၊ ဗိုင်းလည်းမငင်၊- သို့ရာတွင်အလွန်ချမ်းသာကြွယ်ဝသည့်ရှောလမုန် မင်းကြီးပင်လျှင်ထိုပန်းပင်တစ်ပင်ကဲ့သို့လှပ အောင်မဝတ်မဆင်နိုင်ဟုသင်တို့အားငါဆို၏။- ဘုရားသခင်အပေါ်ယုံကြည်ကိုးစားမှုနည်း သူတို့၊ ယနေ့တောထဲတွင်ရှိ၍နက်ဖြန်မီးထဲသို့ ရောက်ရသောတောမြက်မျိုးကိုဘုရားသခင်သည် ဤသို့ဆင်ယင်ပေးပါလျှင်သင်တို့အားထိုထက် မကဆင်ယင်ပေးတော်မူမည်မဟုတ်လော။
ရှင်မဿဲ 6:26-30 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မိုးကောင်းကင်ငှက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ၊ ရိတ်သိမ်းခြင်းနှင့် ကျီ၌စုသိမ်းခြင်းတို့ကိုလည်း မပြုကြ။ သို့သော် ကောင်းကင်ဘုံရှင် သင်တို့အဖသည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် အဖိုးထိုက်ကြသည်မဟုတ်လော။ သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။ အဝတ်အတွက်လည်း အဘယ်ကြောင့်စိုးရိမ်ကြသနည်း။ တော၌ရှိသောနှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ သို့သော် သင်တို့အား ငါဆိုသည်ကား မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။ ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို ပို၍ကောင်းစွာဆင်ယင်ပေးတော်မူလိမ့်မည်မဟုတ်လော။