YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 3:11-17

ရှင်မဿဲ 3:11-17 Judson Bible (JBMLE)

ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။ လက်​တော်​တွင် ဆန်​ကော​ပါ​လျက်၊ မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ မိ​မိ​ဂျုံ​စ​ပါး​ကို ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ယော​ဟန်​ဟော​ပြော၏။ ထို​အ​ခါ ယေ​ရှု​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ ဂါ​လိ​လဲ​ပြည်​မှ ယော်​ဒန်​မြစ်​နား ယော​ဟန်​ထံ​သို့ ကြွ​တော်​မူ၏။ ယော​ဟန်​က​လည်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ရ​မည် အ​ကြောင်း​ရှိ​ပါ​သည်​ဖြစ်၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထံ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ယေ​ရှု​ကို​ဆီး​တား​လေ၏။ ယေ​ရှု​က​လည်း အ​လုံး​စုံ​သော​တ​ရား​တို့​ကို အ​ကုန်​အ​စင် ကျင့်​သင့်​သည်​ဖြစ်၍ ယ​ခု​အ​ခွင့်​ပေး​ပါ​ဟု ပြန်​ပြော​တော်​မူ၏။ ထို​အ​ခါ ယော​ဟန်​သည် ဝန်​ခံ​လေ၏။ ယေ​ရှု​သည် ဗ​တ္တိ​ဇံ​ကို​ခံ​တော်​မူ​ပြီး​လျှင် ရေ​မှ​ပေါ်​ထ​စဉ်​တွင်၊ ကောင်း​ကင်​ဖွင့်​လှစ်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ကိုယ်​တော်​အ​ပေါ်၌ နား​တော်​မူ​သည်​ကို မြင်​ရ၍၊ ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။

ရှင်မဿဲ 3:11-17 Common Language Bible (BCL)

သင်​တို့​နောင်​တ​ရ​သည့်​အ​တွက် ငါ​သည်​သင်​တို့ အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ ငါ​၏​နောက် တွင်​ကြွ​လာ​မည့်​အ​ရှင်​သည်​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း၊ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။ ထို​အ​ရှင်​သည် ငါ့​ထက်​ကြီး​မြတ်​၏။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ် ကို​မျှ​မ​ကိုင်​ဆောင်​ထိုက်။- လက်​တော်​တွင်​စ​ပါး​လှေ့​ရန်​ဆန်​ကော​ကို​ကိုင်​၍ ထား​တော်​မူ​၏။ မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​ပြီး​နောက် ဂျုံ​စ​ပါး​ကို​ကျီ​တွင်​စု​သိမ်း ထား​တော်​မူ​လိမ့်​မည်။ အ​ဖျင်း​များ​ကို​မူ​ငြိမ်း သတ်​၍​မ​ရ​နိုင်​သော​မီး​နှင့်​ရှို့​တော်​မူ​လိမ့်​မည်'' ဟု​ဟော​ပြော​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ရန်​ဂါ​လိ​လဲ​ပြည်​မှ ယော်​ဒန်​မြစ်​သို့​ကြွ​လာ​တော်​မူ​၏။- သို့​ရာ​တွင်​ယော​ဟန်​က ``အ​ကျွန်ုပ်​သည်​အ​ရှင်​၏ ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​သင့်​သူ​ဖြစ်​ပါ လျက် အ​ရှင်​သည်​အ​ကျွန်ုပ်​၏​ထံ​သို့​ကြွ​လာ​တော် မူ​ပါ​သ​လော'' ဟု​ဆို​၍​ဆီး​တား​လေ​၏။ သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ သ​မျှ​သော​အ​မှု​တို့​ကို​လိုက်​နာ​ဆောင်​ရွက်​သင့် သည်​ဖြစ်​၍ ယ​ခု​ငါ့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ပါ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​ဟန်​သည် သ​ဘော​တူ​လေ​၏။ သ​ခင်​ယေ​ရှု​သည်​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ပြီး​လျှင်​ပြီး ချင်း ရေ​မှ​တက်​တော်​မူ​သော​အ​ခါ၊ မိုး​ကောင်း​ကင် သည်​ကိုယ်​တော်​ရှင်​အ​တွက်​ကွဲ​ဟ​လျက် ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင်​ဖြင့် ကိုယ်​တော်​၏​အ​ပေါ်​မှာ​နား​တော်​မူ​သည်​ကို​မြင် တော်​မူ​၏။- ထို​နောက် ``ဤ​သူ​ကား​ငါ​၏​ချစ်​သား​ဖြစ်​၏။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏'' ဟု​ကောင်း​ကင်​မှ အ​သံ​တော်​ပေါ်​ထွက်​လာ​၏။

ရှင်မဿဲ 3:11-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် သင်​တို့​ကို နောင်တ​အတွက် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သို့သော် ငါ့​ထက် ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကို​ချွတ်​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်။ ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်။ လက်​တော်​၌​လည်း ဆန်ကော​ကို​ကိုင်​ထား​လျက် မိမိ​၏​ကောက်နယ်​တလင်း​ကို အကုန်အစင်​ရှင်းလင်း​ပြီး မိမိ​၏​ဂျုံဆန်​ကို ကျီ​၌​စုသိမ်း​၍ အဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့်​ရှို့​တော်မူ​လိမ့်မည်”​ဟု ဆို​လေ​၏။ ထို​ကာလ​တွင် ယေရှု​သည် ယောဟန်​ထံ၌​ဗတ္တိဇံ​ခံ​ရန် ဂါလိလဲ​နယ်​မှ ဂျော်ဒန်​မြစ်​နား​ရှိ ယောဟန်​ထံသို့ ကြွလာ​တော်မူ​၏။ သို့ရာတွင် ယောဟန်​သည် ကိုယ်တော်​ကို​တားဆီး​လျက် “အကျွန်ုပ်​ကသာ​ကိုယ်တော်​ထံ၌ ဗတ္တိဇံ​ခံ​ရ​မည်​ဖြစ်​ပါလျက်နှင့် ကိုယ်တော်​သည် အကျွန်ုပ်​ထံသို့ ကြွလာ​တော်မူ​ပါ​သလော”​ဟု ဆို​၏။ ယေရှု​က​လည်း“ယခု​အခါ​တွင် အခွင့်​ပေး​လော့။ အကြောင်းမူကား ငါ​တို့​သည် ဖြောင့်မတ်​ခြင်း​အလုံးစုံ​ကို ဤသို့​ပြည့်စုံ​စေ​သင့်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ယောဟန်​သည် ကိုယ်တော်​ကို​အခွင့်​ပေး​လေ​၏။ ယေရှု​သည် ဗတ္တိဇံ​ခံ​ပြီးနောက် ရေ​ထဲမှ​ထွက်​လာ​သည်နှင့် ကောင်းကင်​သည်​ပွင့်​၍ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့​ဆင်းသက်​ကာ မိမိ​အပေါ်သို့ ကြွလာ​တော်မူ​သည်​ကို မြင်​တော်မူ​၏။ ကောင်းကင်​မှ​လည်း “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။