YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:1-5

ရှင်မဿဲ 26:1-5 Judson Bible (JBMLE)

ထို​ဒေ​သ​နာ​တော်​ရှိ​သ​မျှ​တို့​ကို ယေ​ရှု​သည် အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တို့​အား၊- နှစ်​ရက်​လွန်​မှ ပ​သ​ခါ​ပွဲ​နေ့​ရောက်​မည်​ကို သင်​တို့​သိ​ကြ၏။ ထို​အ​ခါ လူ​သား​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​သတ်​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​သည်၊ က​ယာ​ဖ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး၌ စည်း​ဝေး​ကြ​ပြီး​လျှင်၊- ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​အံ့​သော​ငှာ တိုင်​ပင်​ကြ၏။- သို့​သော်​လည်း လူ​များ​တို့​သည် ရုန်း​ရင်း​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်၍ ပွဲ​နေ့​တွင်​မ​ပြု​နှင့်​ဦး​ဟု ပြော​ဆို​ကြ၏။

ရှင်မဿဲ 26:1-5 Common Language Bible (BCL)

ဤ​သို့​ဟော​ပြော​သွန်​သင်​တော်​မူ​ပြီး​သော​အ​ခါ ကိုယ်​တော်​က၊ ``နောက်​နှစ်​ရက်​မျှ​ကြာ​လျှင်​ပ​သ​ခါ​ပွဲ​ကျ​ရောက် မည်​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ခါ​လူ​သား​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​ရန်​ရန်​သူ့ လက်​သို့​အပ်​ကြ​လိမ့်​မည်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။ ထို​အ​ချိန်​၌​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​က​ယာ​ဖ နာ​မည်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျောင်း တော်​ဝင်း​အ​တွင်း​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။- သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​တိတ်​တ​ဆိတ် ဖမ်း​ဆီး​၍​သတ်​ရန်​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။- သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည် ကို​စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့်​ပွဲ​တော်​ရက်​အ​တွင်း ၌​မ​ဖမ်း​မ​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။

ရှင်မဿဲ 26:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဤ​တရား​စကား​အားလုံး​တို့​ကို မိန့်​တော်မူ​ပြီး​သောအခါ တပည့်​တော်​တို့​အား “ပသခါ​ပွဲတော်​ကျရောက်​ရန် နှစ်​ရက်​သာ​လို​တော့​သည်​ကို သင်​တို့​သိ​ကြ​၏။ ထိုအခါ လူ့သား​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​သည် ကယာဖ​ဟု​ခေါ်​သော ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​ထဲ၌ စုဝေး​လျက် ယေရှု​ကို ပရိယာယ်​အားဖြင့်​ဖမ်းဆီး​၍ သတ်ဖြတ်​ရန် တိုင်ပင်​ကြ​၏။ သို့သော် သူ​တို့​က “လူထု​ကြား​ထဲတွင် ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​ကို စိုးရိမ်​ရ​သည်​ဖြစ်၍ ပွဲတော်​အတွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြောဆို​ကြ​၏။