YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 24:1-14

ရှင်မဿဲ 24:1-14 Judson Bible (JBMLE)

ယေ​ရှု​သည် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ​သည်​ရှိ​သော်၊ တ​ပည့်​တော်​တို့​သည် ဗိ​မာန်​တော်၏ တိုက်​ဆောင်​များ​ကို ပြ​ခြင်း​ငှာ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။- ယေ​ရှု​က​လည်း၊ ဤ​အ​ရာ​အ​လုံး​စုံ​ကို သင်​တို့​သည် မြင်​ကြ​သည်​မ​ဟုတ်​လော။ ငါ​အ​မှန်​ဆို​သည်​ကား၊ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ​မ​တည်​မ​နေ​ရ​ဟု မိန့်​တော်​မူ၏။ ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ထိုင်​တော်​မူ​စဉ်၊ တ​ပည့်​တော်​တို့​သည် အ​ခြား​သူ​မ​ပါ​ဘဲ ချဉ်း​ကပ်၍၊ ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​ကြွ​လာ၍ ဤ​ကပ်​က​မ္ဘာ​ကုန်​သော ပု​ပ္ပ​နိ​မိတ်​သည် အ​ဘယ်​နိ​မိတ် ဖြစ်​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- အ​များ​သော​သူ​တို့​က၊ ငါ​သည် ခ​ရစ်​တော်​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့် လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။- သင်​တို့​သည် စစ်​တိုက်​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။ ထို​အ​မှု​အ​ရာ​များ​သည် ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည်​မ​ဖြစ်​သေး။- လူ​တစ်​မျိုး​နှင့် တစ်​မျိုး တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး​ပင် ဖြစ်​သ​တည်း။- ထို​ကာ​လ၌ လူ​များ​တို့​သည် သင်​တို့​ကို​ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​ကြောင့်​လည်း ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။- ထို​ကာ​လ၌ အ​များ​သော​သူ​တို့​သည် ဖောက်​ပြန်​ခြင်း​သို့​ရောက်၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် အပ်​ကြ​လိမ့်​မည်။- အ​ချင်း​ချင်း မုန်း​ကြ​လိမ့်​မည်။ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ပေါ်​လာ၍ လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။- မ​တ​ရား​သော​အ​မှု​တို့​သည် များ​ပြား​သ​ဖြင့် အ​များ​သော​သူ​တို့၏ ချစ်​ခြင်း​မေ​တ္တာ​သည် ခေါင်း​ပါး​လိမ့်​မည်။- အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။- လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​တို့၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အ​ဆုံး​သည်​ဖြစ်​လ​တ္တံ့။

ရှင်မဿဲ 24:1-14 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​မှ​ထွက်​ခွာ​သွား တော်​မူ​စဉ်​တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​၍ ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ ကို​ကိုယ်​တော်​အား​ပြ​ကြ​၏။- ကိုယ်​တော်​က ``ဤ​အ​ဆောက်​အ​အုံ​အ​ပေါင်း​ကို သင်​တို့​မြင်​ကြ​သည်​မ​ဟုတ်​လော။ အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​အ​ဆောက်​အ​အုံ တို့​သည်​ကျောက်​တစ်​တုံး​ပေါ်​တစ်​တုံး​တင်​၍ မ​ကျန်​ရစ်​သည်​တိုင်​အောင်​ပြို​ပျက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​တစ်​ကိုယ်​တည်း ထိုင်​နေ​တော်​မူ​စဉ်​တ​ပည့်​တော်​တို့​သည်​အ​ထံ​တော် သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​အ​ခါ​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည် နည်း။ အ​ရှင်​ကြွ​လာ​တော်​မူ​ချိန်​နှင့်​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​၌​အ​ဘယ်​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​အ​ဘယ်​သူ မျှ​မလှည့်​စား​စေ​ရန်​သ​တိ​ပြု​လော့။- `ငါ​သည်​မေ​ရှိ​ယ​ဖြစ်​သည်' ဟု​ဆို​ကာ​လူ အ​မြောက်​အ​မြား​ပင်​ငါ​၏​အ​ယောင်​ဆောင် လျက်​လူ​များ​စွာ​တို့​ကို​လှည့်​စား​ကြ​လိမ့် မည်။- သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​မထိတ် မ​လန့်​ကြ​နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဖြစ် ပျက်​ရ​မည်။ သို့​ရာ​တွင်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ရောက်​သေး။- လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ တစ်​နိုင်ငံ​နှင့်​တစ်​နိုင်​ငံ စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​တွင် အ​စာ​ခေါင်း​ပါး​၍​မြေ​င​လျင်​လှုပ်​လိမ့်​မည်။- ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက်​လတ္တံ့ သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​သာ​ဖြစ်​၏။ ``ထို​နောက်​လူ​တို့​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ် ခံ​ရ​ကြ​စေ​ရန်​နှင့်​အ​သတ်​ခံ​ရ​ကြ​စေ​ရန် အာ​ဏာ​ပိုင်​တို့​ထံ​သို့​ပေး​အပ်​ကြ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​သည်​ငါ​၏​နာ​မ​ကြောင့်​သင် တို့​ကို​မုန်း​ကြ​လိမ့်​မည်။- ထို​အ​ခါ​လူ​များ​စွာ​ပင်​မှောက်​မှား​လမ်း​လွဲ​ကြ လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သစ္စာ​ဖောက်​ကြ​လိမ့်​မည်။- တစ်​ယောက်​ကို​တစ်​ယောက်​မုန်း​လိမ့်​မည်။ ထို့​ပြင် ပ​ရော​ဖက်​အ​တု​အ​ယောင်​အ​မြောက်​အ​မြား​ပင် ပေါ်​လာ​ပြီး​လျှင်​လူ​များ​စွာ​တို့​ကို​လှည့်​စား ကြ​လိမ့်​မည်။- ဆိုး​ညစ်​မှု​များ​ပြား​လာ​သ​ဖြင့်​လူ​တို့​တွင်​မေတ္တာ ခေါင်း​ပါး​လိမ့်​မည်။- သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည်​သူ​ကို ဘု​ရား​သ​ခင်​ကယ်​တင်​တော်​မူ​လိမ့်​မည်။- နိုင်​ငံ​တော်​ဆိုင်​ရာ​သ​တင်း​ကောင်း​အ​ကြောင်း​ကို ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ခံ​ဟော​ပြော​ပြီး​မှ​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​ရောက်​လိမ့်​မည်။

ရှင်မဿဲ 24:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဗိမာန်​တော်​မှ ထွက်ခွာ​သွား​တော်မူ​စဉ် တပည့်​တော်​တို့​သည် ချဉ်းကပ်​လာ​၍ ကိုယ်တော်​အား ဗိမာန်​တော်​အဆောက်အအုံ​များ​ကို​ပြ​ကြ​၏။ ကိုယ်တော်​က​လည်း“ဤ​အရာ​အားလုံး​ကို သင်​တို့​မြင်​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​နေရာ​၌ ကျောက်တုံး​တစ်​တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်​တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍ လုံးဝ​ရှိ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သံလွင်​တောင်​ပေါ်၌ ကိုယ်တော်​ထိုင်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် သူတို့​ချည်းသာ အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ထို​အရာ​များ​သည် မည်သည့်​အချိန်​၌​ဖြစ်ပျက်​မည်​ကို​လည်းကောင်း၊ ကိုယ်တော်​ကြွလာ​တော်မူ​ချိန်​နှင့် ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​တို့​၌ မည်သည့်​အတိတ်​နိမိတ်​ဖြစ်ပေါ်​မည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​အား မိန့်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​က​လည်း“မည်သူမျှ သင်​တို့​ကို​မ​လှည့်ဖြား​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား များစွာ​သော​သူ​တို့​သည် ငါ​၏​နာမ​ကို​ခံယူ​သုံးစွဲ​၍ ရောက်လာ​ကာ ‘ငါ​သည်​ခရစ်တော်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည်။ စစ်ပွဲ​များ​အကြောင်း​နှင့် စစ်မက်​သတင်း​တို့​ကို​လည်း သင်​တို့​ကြား​ကြ​လိမ့်မည်။ သတိပြု​လျက် စိုးရိမ်​ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား ထို​အရာ​များ​သည်​ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည်​မ​ရောက်​သေး။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ငလျင်​လှုပ်​ခြင်း​များ​ဖြစ်​ကြ​လိမ့်မည်။ ဤ​အရာ​အားလုံး​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​၏​အစ​ဖြစ်​၏။ ထို့နောက် လူ​တို့​သည် သင်​တို့​ကို​နှိပ်စက်​ရန် အပ်နှံ​၍ သင်​တို့​ကို သတ်ဖြတ်​ကြ​လိမ့်မည်။ သင်​တို့​သည် ငါ့​နာမ​ကြောင့် လူမျိုး​တကာ​တို့​၏​မုန်းတီး​ခြင်း​ကို ခံရ​ကြ​လိမ့်မည်။ ထို​ကာလ​၌ များစွာ​သော​လူ​တို့​သည် စိတ်ပျက်​ကြ​၍ အချင်းချင်း​အပ်နှံ​လျက် အချင်းချင်း​မုန်းတီး​ကြ​လိမ့်မည်။ များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ပေါ်လာ​၍ လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည်။ တရားမဲ့​ခြင်း​သည်​လည်း များပြား​လာ​သဖြင့် များစွာ​သော​လူ​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် ခေါင်းပါး​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ နိုင်ငံ​တော်​နှင့်ဆိုင်သည့် ဤ​ကောင်းမြတ်​သော​သတင်း​ကို​လည်း လူမျိုး​တကာ​တို့​ထံ​သက်သေ​ဖြစ်​မည့်အကြောင်း ကမ္ဘာ​တစ်ဝန်းလုံး​၌ ဟောပြော​ကြ​လိမ့်မည်။ ထို့နောက်မှ အဆုံး​သည်​ရောက်လာ​လိမ့်မည်။