YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 2:9-12

ရှင်မဿဲ 2:9-12 Judson Bible (JBMLE)

ထို​သူ​တို့​သည် မင်း​ကြီး​စ​ကား​ကို နာ​ခံ​ပြီး​လျှင်​ထွက်​သွား​ကြ၍ အ​ရှေ့​ပြည်၌​မြင်​ရ​သော ကြယ်​သည် သူ​တို့​ရှေ့​က​သွား​သ​ဖြင့် သူ​ငယ်​တော်​ရှိ​ရာ​အ​ရပ်​အ​ပေါ်​သို့ ရောက်၍ တည်​လျက်​နေ၏။ - ထို​ကြယ်​ကို မြင်​ပြန်​သော​အ​ခါ အ​လွန် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍၊- အိမ်​သို့​ဝင်​လေ​သော်၊ မယ်​တော်​မာ​ရိ​နှင့်​တ​ကွ သူ​ငယ်​တော်​ကို တွေ့​မြင်​လျှင် ပျပ်​ဝပ်​ကိုး​ကွယ်၍၊ မိ​မိ​တို့ ဘ​ဏ္ဍာ​ဥ​စ္စာ​တို့​ကို ဖွင့်​ပြီး​မှ လော​ဗန်​နှင့် မု​ရန် တည်း​ဟူ​သော နံ့​သာ​မျိုး​ကို​လည်း​ကောင်း၊ ရွှေ​ကို​လည်း​ကောင်း ဆက်​ကပ်​ပူ​ဇော်​ကြ၏။- နောက်​မှ ဟေ​ရုဒ်​မင်း​ကြီး​ထံ​သို့ မ​ပြန်​ရ​မည်​အ​ကြောင်း အိပ်​မက်​တွင် ဗျာ​ဒိတ်​တော်​ကို​ရ၍ မိ​မိ​တို့​ပြည်​သို့ အ​ခြား​သော​လမ်း​ဖြင့် ပြန်​သွား​ကြ၏။

ရှင်မဿဲ 2:9-12 Common Language Bible (BCL)

သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထွက်​သွား​ကြ​ရာ​သူ တို့​တွေ့​မြင်​ခဲ့​သည့်​ကြယ်​ကို​မြင်​ပြန်​သ​ဖြင့် လွန် စွာ​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ကြ​၏။ ထို​ကြယ်​သည် လည်း​သူ​တို့​အား​ရှေ့​ဆောင်​ကာ​သူ​ငယ်​တော်​ရှိ ရာ​အ​ရပ်​ပေါ်​သို့​ရောက်​လျှင်​ရပ်​တန့်​လေ​၏။- သူ​တို့​သည်​အိမ်​ထဲ​သို့​ဝင်​ကြ​ရာ​သူ​ငယ်​တော် အား မယ်​တော်​နှင့်​အ​တူ​တွေ့​မြင်​ကြ​၏။ ထို​အ​ခါ သူ​တို့​သည်​မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ရှိ​ခိုး​ပြီး​လျှင် ဘဏ္ဍာ ကြုတ်​များ​ကို​ဖွင့်​၍​ရွှေ၊ လော​ဗန်​နှင့်​မု​ရန်​တို့​ကို ပူ​ဇော်​ဆက်​သ​ကြ​၏။ ဟေ​ရုဒ်​မင်း​ထံ​သို့​မ​ပြန်​ကြ​ရန်​အိပ်​မက်​တွင် ဘု​ရား သ​ခင်​သ​တိ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​အ​ခြား လမ်း​ဖြင့်​မိ​မိ​တို့​တိုင်း​နိုင်​ငံ​သို့​ပြန်​သွား​ကြ​၏။

ရှင်မဿဲ 2:9-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​သည် မင်းကြီး​၏​မိန့်မှာ​ချက်​ကို​နားထောင်​ပြီးမှ ထွက်သွား​ကြ​ရာ အရှေ့​ပြည်​၌ သူ​တို့​တွေ့​ခဲ့​သော​ကြယ်​သည် သူငယ်​တော်​ရှိ​သည့်​နေရာ​ပေါ်​ရောက်​၍ ရပ်​သည့်​တိုင်အောင် သူ​တို့​ရှေ့မှ​သွား​လေ​၏။ သူ​တို့​သည် ထို​ကြယ်​ကို​မြင်​သောအခါ အလွန်​ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​ကြ​ပြီး အိမ်​ထဲသို့​ဝင်​၍ မယ်တော်​မာရိ​နှင့်တကွ သူငယ်​တော်​ကို​တွေ့​လျှင် ပျပ်ဝပ်​လျက်​ရှိခိုး​ကြ​၏။ သူ​တို့​၏​ဘဏ္ဍာ​ကြုတ်​များ​ကို​လည်း​ဖွင့်​၍ ရွှေ၊ လော်ဗန်​နှင့် မုရန်​တည်းဟူသော လက်ဆောင်​များ​ကို သူငယ်​တော်​အား​ဆက်သ​ကြ​၏။ ထို့နောက် ဟေရုဒ်​မင်းကြီး​ထံသို့ ပြန်​မ​သွား​မည့်​အကြောင်း အိပ်မက်​ထဲတွင် ဗျာဒိတ်​တော်​ရ​သဖြင့် မိမိ​တို့​တိုင်းပြည်​သို့ အခြား​သော​လမ်း​ဖြင့်​ပြန်သွား​ကြ​၏။