YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 2:1-3

ရှင်မဿဲ 2:1-3 Judson Bible (JBMLE)

ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။- ယ​ခု ဖွား​မြင်​သော ယု​ဒ​ရှင်​ဘု​ရင်​သည်၊ အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ အ​ရှေ့​ပြည်၌ သူ၏​ကြယ်​ကို ငါ​တို့ မြင်​ရ​သည်​ဖြစ်၍ ဖူး​တွေ့​ပူ​ဇော်​ခြင်း​ငှာ ရောက်​လာ​ပြီ​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။- ထို​စ​ကား​ကို​ကြား​လျှင် ဟေ​ရုဒ်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​တ​ကွ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊

ရှင်မဿဲ 2:1-3 Common Language Bible (BCL)

ဟေ​ရုဒ်​မင်း​၏​လက်​ထက်၊ ယု​ဒ​ပြည်​ဗက်​လင်​မြို့ တွင် မယ်​တော်​မာ​ရိ​သည်​သူ​ငယ်​တော်​ယေ​ရှု​ကို ဖွား​မြင်​လေ​သည်။ ထို​အ​ခါ​အ​ရှေ့​တိုင်း​နိုင်​ငံ မှ​ပ​ညာ​ရှိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် လာ​ပြီး​လျှင်၊- ``ယ​ခု​ဖွား​မြင်​သော​ယု​ဒ​ရှင်​ဘု​ရင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ရှေ့​တိုင်း​နိုင်​ငံ​တွင် ထို​အ​ရှင်​၏​ကြယ်​ပေါ်​ထွန်း​သည်​ကို​မြင်​သ​ဖြင့် ထို​အ​ရှင်​အား​ဖူး​မြော်​ပူ​ဇော်​အံ့​သော​ငှာ ငါ တို့​ရောက်​လာ​ကြ​ပါ​သည်'' ဟု​စုံ​စမ်း​မေး​မြန်း ကြ​၏။- ထို​အ​ကြောင်း​ကို​ကြား​လျှင်​ဟေ​ရုဒ်​မင်း​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ချောက်​ချား​၍​သွား​ကြ​ကုန်​၏။

ရှင်မဿဲ 2:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ယုဒ​ပြည်၊ ဗက်လင်​မြို့​၌ ယေရှု​ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​ပြီးနောက် အရှေ့​ပြည်​မှ နက္ခတ်​ပညာရှင်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ရောက်လာ​ကြ​၍ “ဖွားမြင်​တော်မူ​သော ဂျူး​လူမျိုး​တို့​၏​ဘုရင်​သည် အဘယ်မှာ​ရှိ​သနည်း။ အရှေ့​ပြည်​၌ သူ​၏​ကြယ်​ကို အကျွန်ုပ်​တို့​မြင်​ခဲ့​ရ​သဖြင့် သူ့​ကို​ရှိခိုး​ရန် လာ​ကြ​ပါ​၏”​ဟု မေးမြန်း​ပြောဆို​ကြ​၏။ ထို​စကား​ကို​ကြား​လျှင် ဟေရုဒ်​မင်းကြီး​သည် တုန်လှုပ်​ချောက်ချား​လေ​၏။ ဂျေရုဆလင်​တစ်​မြို့​လုံး​သည်​လည်း မင်းကြီး​နှင့်အတူ တုန်လှုပ်​ချောက်ချား​ကြ​၏။