ရှင်မဿဲ 15:7-9
ရှင်မဿဲ 15:7-9 Judson Bible (JBMLE)
လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။- လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု- နောက်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍မိန့်တော်မူ၏။
ရှင်မဿဲ 15:7-9 Common Language Bible (BCL)
အချင်းကြောင်သူတော်တို့၊ သင်တို့နှင့်ပတ်သက်၍ ဘုရားသခင်သည်ဟေရှာယအားဖြင့်၊ `ဤလူမျိုးသည်ငါ့အားနှုတ်ဖြင့်ဂုဏ်ပြုချီးကူး ကြ၏။ သူတို့၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ သူတို့သည်လူ့ပညတ်များကိုဘုရားပေးပညတ် သဖွယ် သင်ကြားပို့ချကြ၏။ သို့ဖြစ်၍ငါ့အားသူတို့ဝတ်ပြုကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်၏' ဟုမိန့်ကြားခဲ့သည်မှာမှန်လှ၏'' ဟုမိန့်တော်မူ၏။
ရှင်မဿဲ 15:7-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့နှင့်ပတ်သက်၍ ဟေရှာယက ‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့၏ပညတ်ချက်များကို ဩဝါဒများအဖြစ်သွန်သင်လျက် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏’ဟူ၍ ပရောဖက်ပြုဟောပြောခဲ့သည်မှာ မှန်လှပေ၏”ဟု မိန့်တော်မူ၏။