ရှင်မဿဲ 13:37-43
ရှင်မဿဲ 13:37-43 Judson Bible (JBMLE)
ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။- လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။- တောမျိုးစေ့ကိုကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာလ ဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။- တောပင်တို့ကိုရွေးနုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လတ္တံ့။- လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကိုပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်၍၊- ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတ္တံ့။- ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြလတ္တံ့။ ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။
ရှင်မဿဲ 13:37-43 Common Language Bible (BCL)
ကိုယ်တော်က ``မျိုးကောင်းမျိုးသန့်ကိုကြဲသူသည် လူသားပင်ဖြစ်၏။- ဂျုံခင်းကားဤကမ္ဘာလောကတည်း။ မျိုးကောင်း မျိုးသန့်သည်နိုင်ငံတော်သားများကိုဆိုလို၏။ ဂျုံရိုင်းစေ့များကားစာတန်မာရ်နတ်၏နိုင်ငံ သားများကိုဆိုလို၏။- ထိုမျိုးစေ့များကိုကြဲသူသည်စာတန်မာရ်နတ် ပင်ဖြစ်၏။ ကောက်ရိတ်ချိန်ကားကပ်ကမ္ဘာကုန်ဆုံး ချိန်တည်း။ ကောက်ရိတ်သမားများသည်ကောင်းကင် တမန်များဖြစ်၏။- ဂျုံရိုင်းပင်များကိုစုသိမ်းပြီးမီးရှို့ပစ်လိုက် သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌စာတန်မာရ် နတ်၏နိုင်ငံသားတို့သည်မီးရှို့ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။- လူသားသည်မိမိ၏ကောင်းကင်တမန်များကိုစေ လွှတ်တော်မူ၍ လူတို့အားမှောက်မှားလမ်းလွဲစေ သူများနှင့်အပြစ်ကူးသူအပေါင်းကိုနိုင်ငံ တော်ထဲကရွေးထုတ်စေပြီးလျှင်၊- တောက်လောင်သောမီးဖိုထဲသို့ပစ်ချစေတော်မူ မည်။ ထိုသူအပေါင်းတို့သည်ငိုကြွေးမြည်တမ်း ၍အံသွားခဲကြိတ်ကြလိမ့်မည်။- ထိုအခါသူတော်ကောင်းတို့သည်အဖဘုရား၏ နိုင်ငံတော်တွင်နေကဲ့သို့ထွန်းလင်းတောက်ပလျက် နေကြလတ္တံ့။ ကြားတတ်သောနားရှိသူကြားကြ ကုန်လော့။
ရှင်မဿဲ 13:37-43 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ကိုယ်တော်က“ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူ့သားဖြစ်ပြီး စိုက်ခင်းသည် ဤလောကဖြစ်၏။ ကောင်းသောမျိုးစေ့သည် နိုင်ငံတော်၏သားများဖြစ်ကြ၏။ မြက်သီးပင်များမူကား မာရ်နတ်၏သားများဖြစ်ကြ၏။ မြက်သီးမျိုးစေ့များကိုကြဲသောရန်သူသည် မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မူကား ကပ်ကမ္ဘာကုန်ဆုံးချိန်ဖြစ်၍ ရိတ်သိမ်းသောသူတို့သည် ကောင်းကင်တမန်များဖြစ်ကြ၏။ သို့ဖြစ်၍ မြက်သီးပင်များကိုနုတ်ယူ၍ မီးရှို့သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။ လူ့သားသည် မိမိ၏ကောင်းကင်တမန်များကိုစေလွှတ်သဖြင့် သူတို့သည် မှားယွင်းစေသောအရာများနှင့် တရားမဲ့သောအမှုကိုပြုသောသူများအားလုံးတို့ကို နိုင်ငံတော်မှ နုတ်ယူပြီးလျှင် မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းရှိလိမ့်မည်။ ထိုအခါ ဖြောင့်မတ်သောသူတို့သည် သူတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နားရှိသောသူသည် ကြားပါစေ။