YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 10:1-4

ရှင်မဿဲ 10:1-4 Judson Bible (JBMLE)

တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ပေး​တော်​မူ၏။- တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့၏ အ​မည်​ကား၊ ပ​ထ​မ​မှာ၊ ပေ​တ​ရု​ဟူ၍ ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် သူ့​ညီ​အ​န္ဒြေ၊- ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် သူ့​ညီ​ယော​ဟန်၊ ဖိ​လိ​ပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် သ​ဒ္ဒဲ​ဟု အ​မည်​သစ်​ကို​ရ​သော လေ​ဗဲ၊- ကာ​န​နိတ်​လူ​ရှိ​မုန်​နှင့် ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ် ပေ​တည်း။

ရှင်မဿဲ 10:1-4 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​သော​တ​ပည့် တော်​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​နောက် ညစ်​ညမ်း​သော​နတ်​များ​ကို​နှင်​ထုတ်​နိုင်​ရန်​နှင့် ရော​ဂါ​အ​မျိုး​မျိုး​ကို​ပျောက်​ကင်း​စေ​နိုင်​ရန် တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။- တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​၏​နာ​မည်​များ​ကား ပေ​တ​ရု​ခေါ်​ရှိ​မုန်​နှင့်​သူ့​ညီ​အန္ဒြေ၊- ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​သူ​မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်​နှင့် သဒ္ဒဲ၊- မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ကိုယ်​တော်​ကို သစ္စာ​ဖောက်​သူ​ယု​ဒ​ရှ​ကာ​ရုတ်​တို့​တည်း။

ရှင်မဿဲ 10:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ ညစ်ညူး​သော​နတ်​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို သူ​တို့​အား​ပေး​တော်မူ​၏။ ဤသည်ကား ထို​နတ်​တို့​ကို​နှင်ထုတ်​စေရန်​နှင့် ရောဂါ​အမျိုးမျိုး​မှစ၍ အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေရန်​အတွက်​ဖြစ်​၏။ တစ်ဆယ့်နှစ်​ပါး​သော​တမန်တော်​တို့​၏​နာမည်​များ​ကား ပထမ​မှာ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​နှင့် သူ့​ညီ​အန္ဒြေ၊ ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ့​ညီ​ယောဟန်၊ ဖိလိပ္ပု​နှင့်​ဗာသောလမဲ၊ သောမ​နှင့်​အခွန်​ကောက်ခံ​သူ​မဿဲ၊ အာလဖဲ​၏​သား ယာကုပ်​နှင့်​သဒ္ဒဲ၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ကိုယ်တော်​ကို​အပ်နှံ​သည့် ယုဒ​ဣရှကာရုတ်​တို့​ဖြစ်​ကြ​၏။