YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 8:4-18

ရှင်လုကာ 8:4-18 Judson Bible (JBMLE)

များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် မြို့​ရွာ​အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့​လာ၍ စု​ဝေး​လျက်​ရှိ​ကြ​သော​အ​ခါ၊ ဥ​ပ​မာ​စ​ကား​အား​ဖြင့် မြွက်​ဆို​တော်​မူ​သည်​မှာ၊- မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။ အ​စေ့​ကို ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့် ကျော်​နင်း​ခြင်း​ကို ခံ​ရ၍ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ကောက်​စား​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် ကျောက်​ပေါ်၌ ကျ​သ​ဖြင့် အ​ပင်​ပေါက်​သော​အ​ခါ မြေ​ဩ​ဇာ​မ​ရှိ​သော​ကြောင့် ညှိုး​နွမ်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် ဆူး​ပင်​တို့​တွင် ကျ​သ​ဖြင့် ဆူး​ပင်​တို့​သည် အ​တူ​ပေါက်၍ ညှဉ်း​ဆဲ​ကြ၏။- အ​ချို့​သော​အ​စေ့​တို့​သည် ကောင်း​သော​မြေ၌ ကျ​သ​ဖြင့် အ​ပင်​ပေါက်၍ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​ကြ၏​ဟု မိန့်​တော်​မူ​ပြီး​မှ၊ ကြား​စ​ရာ​နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု ကြွေး​ကြော်​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ ထို​ဥ​ပ​မာ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား အ​ဘယ်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။ ထို​ဥ​ပ​မာ အ​နက်​အ​ဓိ​ပ္ပာယ်​ကား မျိုး​စေ့​သည် ဘု​ရား​သ​ခင်၏​တ​ရား​စ​ကား ဖြစ်၏။- လမ်း၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ ယုံ​ကြည်​ခြင်း၊ ကယ်​တင်​ခြင်း​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ မာရ်​နတ်​သည် လာ၍ တ​ရား​စ​ကား​ကို နှ​လုံး​ထဲ​မှ နုတ်​ယူ​သော​သူ​ကို ဆို​လို​သ​တည်း။- ကျောက်​ပေါ်၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ခံ​ယူ​သော်​လည်း စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​ယုံ​ကြည်​သ​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ဖောက်​ပြန်​သော​သူ​ကို ဆို​လို​သ​တည်း။- ဆူး​ပင်​တို့​တွင် ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ လော​ကီ​စိုး​ရိမ်​ခြင်း၊ စည်း​စိမ်​ကြွယ်​ဝ​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​တို့​သည် နှိပ်​စက်၍ အ​သီး​မ​သီး​သော​သူ​ကို ဆို​လို​သ​တည်း။- ကောင်း​သော​မြေ၌ ရှိ​သော​သူ​ကား၊ ဖြောင့်​မတ်​စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့် တ​ရား​စ​ကား​ကို​ကြား​လျှင်၊ စွဲ​လမ်း​သော​အား​ဖြင့် မြဲ​မြံ​စွာ အ​သီး​သီး​သော​သူ​ကို ဆို​လို​သ​တည်း။ ဆီ​မီး​ထွန်း​ပြီး​လျှင် အိုး​မှောက်၍ ဖုံး​ထား​လေ့​မ​ရှိ။ ခု​တင်​အောက်၌​လည်း ထား​လေ့​မ​ရှိ။ ဝင်​သော​သူ​သည် အ​လင်း​ကို​မြင်​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​အ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။- ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည် ထင်​ရှား​လိမ့်​မည်။ ဝှက်​ထား​လျက် ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​စွာ ပွင့်​လင်း​လိမ့်​မည်။- ထို​ကြောင့်​သင်​တို့​သည် အ​ဘယ်​သို့​ကြား​နာ​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏၊ ထို​သူ့​အား​ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏၊ ထို​သူ၌ ဥ​စ္စာ​ရှိ​ဟန်​ဆောင်​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 8:4-18 Common Language Bible (BCL)

အ​မြို့​မြို့​မှ​လာ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​တွင်​စု​ရုံး​လျက်​နေ​ကြ​စဉ်​ကိုယ် တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍၊- ``မျိုး​ကြဲ​သူ​သည်​မျိုး​ကြဲ​ရန်​ထွက်​သွား​၏။ မျိုး​ကြဲ သော​အ​ခါ​အ​ချို့​မျိုး​စေ့​များ​သည်​လမ်း​တွင်​ကျ​၏။ ထို​မျိုး​စေ့​တို့​ကို​လူ​များ​ကျော်​နင်း​၍​ငှက်​များ ကောက်​စား​ကြ​၏။- အ​ချို့​မျိုး​စေ့​များ​သည်​ကျောက်​မြေ​ပေါ်​တွင်​ကျ ၏။ အ​ပင်​များ​ပေါက်​ပြီး​နောက်​ရေ​မ​ရ​သ​ဖြင့် ညှိုး​နွမ်း​ခြောက်​သွေ့​ကုန်​၏။- အ​ချို့​မျိုး​စေ့​များ​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​သည်​အ​ပင်​ငယ်​များ​နှင့်​အ​တူ​ကြီး​ထွား​လာ ပြီး​လျှင်​ထို​အ​ပင်​ငယ်​တို့​ကို​လွှမ်း​မိုး​သွား​၏။- အ​ချို့​မျိုး​စေ့​များ​ကား​မြေ​ကောင်း​မြေ​သန့်​တွင်​ကျ သ​ဖြင့်​အ​ပင်​ပေါက်​၍​အ​ဆ​တစ်​ရာ​သီး​နှံ​များ​ကို ဖြစ်​ပွား​စေ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက် ``ကြား တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု ကြွေး​ကြော်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။- ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း အ​ရာ​များ​ကို​သိ​နား​လည်​ရ​ကြ​၏။ အ​ခြား သူ​တို့​မူ​ကား​ကြည့်​လျက်​နှင့်​မ​မြင်၊ ကြား​လျက် နှင့်​နား​မ​လည်၊ ပုံ​ဥ​ပ​မာ​များ​အား​ဖြင့်​ဟော​ရ​၏။ ``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​ဤ​သို့ တည်း။ မျိုး​စေ့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဆို​လို​၏။- လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သူ​များ​ကို​ဆို​လို​၏။ သို့ ရာ​တွင်​မာရ်​နတ်​သည်​ထို​သူ​တို့​ယုံ​ကြည်​၍ ကယ် တင်​ခြင်း​ခံ​ရ​ကြ​မည်​စိုး​သ​ဖြင့်​လာ​၍ သူ​တို့​၏ စိတ်​နှ​လုံး​ထဲ​မှ​နှုတ်​က​ပတ်​တ​ရား​တော်​ကို နုတ်​ယူ​သွား​၏။- ကျောက်​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သော​အ​ခါ ဝမ်း​မြောက်​စွာ ယုံ​ကြည်​ခံ​ယူ​သူ​များ​ကို​ဆို​လို​သည်။ သို့​ရာ​တွင် သူ​တို့​၏​စိတ်​နှ​လုံး​တွင်​နှုတ်​က​ပတ်​တော်​သည် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​ယုံ​ကြည် လက်​ခံ​၏။ သို့​ရာ​တွင်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တွေ့ သော​အ​ခါ​သူ​တို့​သည်​ဖောက်​ပြန်​သူ​များ ဖြစ်​ကြ​၏။- ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​ကား​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​ပြီး​နောက်​စိုး​ရိမ်​ကြောင့် ကြ​မှု၊ ချမ်း​သာ​ကြွယ်​ဝ​မှု၊ ကာ​မ​ဂုဏ်​ခံ​စား​မှု များ​က​လွှမ်း​မိုး​သ​ဖြင့်​အောင်​မြင်​သော​အ​သီး မ​သီး​နိုင်​သူ​များ​ကို​ဆို​လို​၏။- မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သော​မျိုး​စေ့​မူ​ကား နှုတ်​က​ပတ်​တော်​ကို​ကြား​ပြီး​နောက် ရိုး​ဖြောင့် ကောင်း​မွန်​သော​စိတ်​နှ​လုံး​တွင်​စွဲ​မြဲ​စွာ​ခံ​ယူ ကာ​အ​သီး​သီး​သူ​များ​ကို​ဆို​လို​သ​တည်း။ ``ဆီ​မီး​ကို​ထွန်း​ပြီး​လျှင်​တောင်း​ဖြင့်​အုပ်​ထား ခြင်း၊ ခု​တင်​အောက်​မှာ​ထား​ခြင်း​ကို​အ​ဘယ်​သူ မျှ​မ​ပြု​တတ်။ အ​ခန်း​ထဲ​သို့​ဝင်​လာ​သူ​များ အ​လင်း​ကို​မြင်​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။ ``ကွယ်​ဝှက်​ထား​သော​အ​ရာ​ဟူ​သ​မျှ​သည်​ပေါ် လာ​ရ​မည်။ ဖုံး​အုပ်​ထား​သော​အ​ရာ​ဟူ​သ​မျှ သည်​ပေါ်​လွင်​ထင်​ရှား​လာ​ရ​မည်။ ``သို့​ဖြစ်​၍​သင်​တို့​မည်​သို့​မည်​ပုံ​ကြား​နာ​သည် ကို​သ​တိ​ပြု​ကြ​လော့။ ရှိ​သူ​အား​ထပ်​၍​ပေး လိမ့်​မည်။ မ​ရှိ​သူ​ထံ​မှ​ရှိ​သည်​ဟု​ထင်​ရ​သော အ​ရာ​ရှိ​သ​မျှ​ကို​ပင်​သိမ်း​ယူ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ရှင်လုကာ 8:4-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

များစွာ​သော​လူထု​ပရိသတ်​တို့​သည် စုရုံး​လာ​ကြ​၍ မြို့​ရွာ​အရပ်ရပ်​မှ​လူ​တို့​သည်​လည်း အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် ကိုယ်တော်​သည် ပုံ​ဥပမာ​ကို​ဆောင်​လျက် မြွက်ဆို​တော်မူ​သည်​မှာ “မျိုးကြဲ​သော​သူ​သည် မိမိ​မျိုးစေ့​များ​ကို​ကြဲ​ရန် ထွက်သွား​လေ​၏။ ထို​သူ​မျိုးကြဲ​စဉ်တွင် အချို့​သော​မျိုးစေ့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် နင်းချေ​ခြင်း​ခံရ​၍ မိုး​ကောင်းကင်​ငှက်​တို့​သည် ၎င်း​ကို ကောက်စား​ကြ​၏။ အချို့​မူကား ကျောက်​ပေါ်၌​ကျ​သဖြင့် အပင်​ပေါက်လာ​သော်လည်း အစိုဓာတ်​မ​ရ​သောကြောင့် ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။ အချို့​မူကား ဆူးပင်​တို့​အလယ်​တွင်​ကျ​သဖြင့် အတူ​ပေါက်လာ​သည့်​ဆူးပင်​တို့​သည် ၎င်း​ကို ကာဆီး​ပိတ်ဆို့​ကြ​၏။ အချို့​မူကား ကောင်း​သော​မြေ​၌​ကျ​သဖြင့် အပင်​ပေါက်​၍ အဆ​တစ်ရာ အသီး​ဖြစ်ထွန်း​လေ​၏”​ဟု မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက်“ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု ကြွေးကြော်​တော်မူ​၏။ တပည့်​တော်​တို့​က ဤ​ပုံ​ဥပမာ​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို သိ​ခွင့်​ပေး​ထား​၏။ အခြား​သော​သူ​တို့​မူကား မြင်​လျက်​ပင် မ​မြင်​စေရန်​နှင့် ကြား​လျက်​ပင် နား​မ​လည်​စေရန် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့်​ဟောပြော​ရ​၏။ ပုံ​ဥပမာ​၏​အဓိပ္ပာယ်​ကား ဤသို့​ဖြစ်​၏။ မျိုးစေ့​သည် ဘုရားသခင်​၏​တရား​စကား​ဖြစ်​၏။ လမ်း​ဘေး​တွင်​ကျ​သည်​ဆိုသည်မှာ ဤသို့သော​သူ​တို့​ကို​ဆိုလို​၏။ တရား​စကား​ကို​သူ​တို့​ကြား​သော်လည်း ယုံကြည်​၍​ကယ်တင်​ခြင်း​မ​ခံရ​စေရန် မာရ်နတ်​သည်​လာ​၍ တရား​စကား​ကို သူ​တို့​စိတ်နှလုံး​ထဲမှ​နုတ်ယူ​လေ​၏။ ကျောက်​ပေါ်၌​ကျ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ ဝမ်းမြောက်​စွာ​ဖြင့်​လက်ခံ​သော​သူ​တို့​ကို​ဆို​လို​၏။ သို့သော် သူ​တို့​၌​အမြစ်​မ​စွဲ​သဖြင့် ခေတ္တ​ခဏ​သာ​ယုံကြည်​၍ စုံစမ်း​နှောင့်ယှက်​ခြင်း​အချိန်​၌ ဖောက်ပြန်​သွား​ကြ​၏။ ဆူးပင်​တို့​တွင်​ကျ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း သွားလာ​နေထိုင်​စဉ် ဘဝ​အသက်တာ​နှင့်ဆိုင်သော​စိုးရိမ်​ပူပန်​ခြင်း၊ စည်းစိမ်​ကြွယ်ဝ​ခြင်း​နှင့် ကာမဂုဏ်​ခံစား​ခြင်း​တို့​ဖြင့် ကာဆီး​ပိတ်ဆို့​ခံရ​သဖြင့် အသီး​မ​အောင်​သော​သူ​တို့​ကို​ဆို​လို​၏။ ကောင်း​သော​မြေ​၌​ကျ​သည်​ဆိုသည်မှာ ကြည်လင်​ကောင်းမြတ်​သော​စိတ်နှလုံး​ဖြင့် တရား​စကား​ကို​ကြား​၍ ၎င်း​ကို​စွဲကိုင်​ထား​ကာ သည်းခံ​သော​အားဖြင့် အသီး​သီး​သော​သူ​တို့​ကို​ဆိုလို​၏။ ဆီမီး​ကို​ထွန်း​၍ အိုး​ဖြင့်​ဖုံးအုပ်​သော​သူ​၊ သို့မဟုတ် ခုတင်​အောက်​တွင်​ထား​သော​သူ​မ​ရှိ။ ဝင်လာ​သော​သူ​တို့​သည် အလင်း​ကို​မြင်​စေရန် ဆီမီးခုံ​ပေါ်၌​သာ ထား​တတ်​ကြ​၏။ အကြောင်းမူကား ကွယ်ဝှက်​ထား​သော​အရာ​များ​တွင် မ​ထင်ရှား​လာ​မည့်​အရာ​ဟူ၍​မ​ရှိ။ ဖုံးကွယ်​ထား​သော​အရာ​များ​တွင်​လည်း ဖော်ပြ​ခံရ​ခြင်း​၊ သို့မဟုတ် သိသာထင်ရှား​လာ​ခြင်း​မ​ရှိ​ဘဲ​နေ​မည့်​အရာ​ဟူ၍​မ​ရှိ။ သို့ဖြစ်၍ သင်​တို့​မည်ကဲ့သို့​ကြား​ရ​သည်​ကို သတိပြု​ကြ​လော့။ အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​ဦး​မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သည်​ဟု ထင်​ရ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။