YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 24:1-12

ရှင်လုကာ 24:1-12 Judson Bible (JBMLE)

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် အ​ရုဏ်​တက်​သော​အ​ချိန်၌၊ ထို​မိန်း​မ​တို့​သည် အ​ခြား​သော​မိန်း​မ​တို့​နှင့်​တ​ကွ မိ​မိ​တို့ ပြင်​ဆင်​သော​နံ့​သာ​မျိုး​ကို ဆောင်​လျက် သင်္ချိုင်း​တော်​သို့ သွား​ကြ၏။- ရောက်​သော​အ​ခါ တွင်း​ဝ၌ ပိတ်​သော​ကျောက်​သည် လိမ့်​လှန်​လျက်​ရှိ​သည်​ကို တွေ့​မြင်၍ အ​တွင်း​သို့​ဝင်​သော်၊- သ​ခင်​ယေ​ရှု၏​အ​လောင်း​တော်​ကို မ​တွေ့​ကြ။- ထို​အ​ကြောင်း​ကြောင့် သူ​တို့​သည် တွေး​တော​သော​စိတ်​ရှိ​စဉ်​တွင်၊ လူ​နှစ်​ယောက်​တို့​သည် ပြိုး​ပြိုး​ပြက်​ပြက်​သော အ​ဝတ်​ကို ဝတ်​ဆင်​လျက် ပေါ်​လာ၏။- ထို​မိန်း​မ​တို့​သည် ကြောက်​လန့်​သော​စိတ်​နှင့် ငုံ့၍​နေ​စဉ်​တွင်၊ ထို​သူ​တို့​က၊ သင်​တို့​သည် အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ အ​သက်​ရှင်​သော​သူ​ကို အ​ဘယ်​ကြောင့် ရှာ​ကြ​သ​နည်း။- ဤ​အ​ရပ်၌​မ​ရှိ၊ ထ​မြောက်​တော်​မူ​ပြီ။- လူ​သား​သည် ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု ဂါ​လိ​လဲ​ပြည်၌​ရှိ​တော်​မူ​စဉ် သင်​တို့​အား မိန့်​တော်​မူ​သော​စ​ကား​ကို အောက်​မေ့​ကြ​ဦး​ဟု ဆို​ကြ​သည်​ရှိ​သော်၊- ထို​မိန်း​မ​တို့​သည် စ​ကား​တော်​ကို သ​တိ​ရ၍၊- သင်္ချိုင်း​တော်​က ပြန်​လျှင် ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို တစ်​ကျိပ်​တစ်​ပါး​သော​သူ​မှ​စ၍ ကြွင်း​သော တ​ပည့်​တော်​အ​ပေါင်း​တို့​အား ပြန်​ကြား​ကြ၏။ ထို​အ​ကြောင်း​အ​ရာ​ကို တ​မန်​တော်​တို့​အား ပြော​သော​သူ​ကား၊ မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​ဟ​န္န၊ ယာ​ကုပ်၏ အ​မိ​ဖြစ်​သော​မာ​ရိ​မှ​စ၍ အ​ခြား​သော​မိန်း​မ​များ ဖြစ်​သ​တည်း။- သူ​တို့၏​စ​ကား​ကို ဒ​ဏ္ဍာ​ရီ​စ​ကား​ကဲ့​သို့ ထင်​မှတ်၍ တ​မန်​တော်​တို့​သည် မ​ယုံ​ကြ။- သို့​သော်​လည်း ပေ​တ​ရု​သည်​ထ၍ သင်္ချိုင်း​တော်​သို့ ပြေး​လေ၏။ ရောက်​သော​အ​ခါ ငုံ့​ကြည့်၍ ပိတ်​ပု​ဆိုး​သာ​ရှိ​ရစ်​သည်​ကို မြင်​လျှင်၊ ထို​အ​ကြောင်း​အ​ရာ​ကို အံ့​ဩ၍ မိ​မိ​အိမ်​သို့ ပြန်​သွား၏။

ရှင်လုကာ 24:1-12 Common Language Bible (BCL)

တ​နင်္ဂ​နွေ​နေ့​မိုး​လင်း​စ​အ​ချိန်​၌​ထို​အ​မျိုး သ​မီး​တို့​သည် မိ​မိ​တို့​အ​သင့်​ပြင်​ဆင်​ထား​သော နံ့​သာ​ပေါင်း​ကို​ယူ​၍ အ​ခြား​သူ​များ​နှင့်​အ​တူ သင်္ချိုင်း​တော်​သို့​သွား​ကြ​၏။- သင်္ချိုင်း​ဂူ​ဝ​က​ကျောက်​တုံး​ကို​လှိမ့်​ဖယ်​ထား သည်​ကို​တွေ့​သ​ဖြင့်၊- ဂူ​ထဲ​သို့​ဝင်​ကြ​၏။ သို့​ရာ​တွင်​အ​လောင်း​တော် ကို​မ​တွေ့​ရ​ကြ။- ဤ​အ​ခြင်း​အ​ရာ​နှင့်​ပတ်​သက်​၍​စိတ်​ဇ​ဝေ​ဇ​ဝါ ဖြစ်​လျက်​နေ​ကြ​စဉ် ပြောင်​လက်​သည့်​အ​ဝတ်​ကို ဝတ်​ဆင်​ထား​သူ​လူ​နှစ်​ယောက်​သည်​သူ​တို့​၏ အ​ရှေ့​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၏။- အ​မျိုး​သ​မီး​များ​သည်​ကြောက်​ရွံ့​၍​ပျပ်​ဝပ် လျက်​နေ​ကြ​၏။ ထို​သူ​နှစ်​ယောက်​က``သင်​တို့​သည် အ​ဘယ်​ကြောင့်​အ​သက်​ရှင်​သူ​ကို​သေ​သူ​များ ရှိ​ရာ​အ​ရပ်​တွင်​ရှာ​ကြ​သ​နည်း။- ကိုယ်​တော်​သည်​ဤ​အ​ရပ်​တွင်​မရှိ။ ရှင်​ပြန်​ထ​မြောက် တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​မှာ​ရှိ တော်​မူ​ခဲ့​စဉ်​က၊- `လူ​သား​သည်​အ​ပြစ်​ကူး​သူ​တို့​၏​လက်​သို့ အပ်​ခြင်း​ခံ​ရ​လိမ့်​မည်။ လက်​ဝါး​ကပ်​တိုင်​မှာ​တင် ၍​အ​သတ်​ခံ​ရ​လိမ့်​မည်။ ထို​နောက်​တ​တိ​ယ​နေ့​၌ သေ​ခြင်း​မှ​ရှင်ြုပန်​ထ​မြောက်​တော်​မူ​လိမ့်​မည်' ဟူ​၍ သင်​တို့​အား​ပြော​ကြား​ခဲ့​သည်​ကို​သ​တိ​ရ​ကြ လော့'' ဟု​ဆို​၏။ ထို​အ​ခါ​အ​မျိုး​သ​မီး​များ​သည်​ကိုယ်​တော် မိန့်​တော်​မူ​ခဲ့​သော​စ​ကား​များ​ကို​ပြန်​သ​တိ​ရ ၍၊- သင်္ချိုင်း​တော်​မှ​မိ​မိ​တို့​အိမ်​သို့​ပြန်​ပြီး​လျှင်​တစ် ကျိပ်​တစ်​ပါး​နှင့်​တ​ပည့်​တော်​အ​ပေါင်း​တို့​အား ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​ကို​ပြော​ကြား ကြ​၏။- တ​မန်​တော်​တို့​အား​ဤ​သို့​ပြော​ကြား​သူ​များ ကား​မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​ဟန္န၊ ယာ​ကုပ်​၏​မိ​ခင် ဖြစ်​သူ​မာ​ရိ​မှ​စ​၍​အ​ခြား​သော​အ​မျိုး​သ​မီး များ​ဖြစ်​သ​တည်း။- သူ​တို့​ပြော​ကြား​သည့်​စ​ကား​များ​သည်​တ​မန် တော်​တို့​အ​တွက်​ယုတ္တိ​မ​ရှိ​သော​ကြောင့်​တ​မန် တော်​တို့​သည်​မ​ယုံ​ကြ။- သို့​ရာ​တွင်​ပေ​တ​ရု​သည်​သင်္ချိုင်း​တော်​သို့​ပြေး သွား​ပြီး​လျှင်​ငုံ့​၍​ကြည့်​၏။ ပိတ်​များ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တွေ့​ရ။ သူ​သည် ထို​အ​ခြင်း​အ​ရာ​ကို​အံ့​သြ​လျက်​အိမ်​သို့​ပြန် လေ​သည်။

ရှင်လုကာ 24:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရက်သတ္တပတ်​၏​ပထမ​နေ့​၊ အရုဏ်တက်စ​အချိန်​၌ သူ​တို့​သည် မိမိ​တို့​ပြင်ဆင်​ထား​သော​အမွှေးနံ့သာ​ကို​ယူဆောင်​၍ သင်္ချိုင်း​တော်​သို့​သွား​ကြ​ရာ ကျောက်တုံး​ကို သင်္ချိုင်း​ဂူ​မှ လှိမ့်ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။ အတွင်း​သို့​ဝင်​ကြ​သောအခါ သခင်​ယေရှု​၏​အလောင်း​တော်​ကို​မ​တွေ့​ကြ​ချေ။ သူ​တို့​သည် ဤ​အခြင်းအရာ​တို့​ကို​တွေးမရ​ဖြစ်​နေ​ကြ​စဉ် တောက်ပ​ပြောင်လက်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် လူ​နှစ်​ဦး​သည် ရုတ်တရက်​ပေါ်လာ​ပြီး သူ​တို့​အနီး​၌​ရပ်​ကြ​၏။ အမျိုးသမီး​တို့​သည် ကြောက်လန့်​၍ ခေါင်း​ကို အောက်​သို့​ငုံ့​လျက်​နေ​ကြ​ရာ ထို​သူ​တို့​က “သင်​တို့​သည် သေ​သော​သူ​တို့​တွင် အသက်ရှင်​သော​သူ​ကို အဘယ်ကြောင့်​ရှာ​ကြ​သနည်း။ ကိုယ်တော်​သည် ဤ​အရပ်​၌​မ​ရှိ။ ထမြောက်​တော်မူ​ပြီ။ ဂါလိလဲ​နယ်​၌​ရှိ​တော်မူ​စဉ် သင်​တို့​အား​မည်သို့​မိန့်​တော်မူ​ခဲ့​သည်​ကို သတိရ​ကြ​လော့။ ကိုယ်တော်​က ‘လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ကို​ခံရ​လျက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်’​ဟူ၍ မိန့်​တော်မူ​ခဲ့​သည်​မ​ဟုတ်​လော”​ဟု မြွက်ဆို​ကြ​၏။ ထိုအခါ အမျိုးသမီး​တို့​သည် ကိုယ်တော်​၏​စကား​တော်​များ​ကို သတိရ​၍ သင်္ချိုင်း​တော်​မှ ပြန်​သွား​ပြီးလျှင် တစ်ဆယ့်တစ်​ပါး​သော​တပည့်​တော်​နှင့် အခြား​သော​သူ​အားလုံး​တို့​အား ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ပြောပြ​ကြ​၏။ တမန်တော်​တို့​အား ဤ​အကြောင်းအရာ​များ​ကို​ပြောပြ​သော​သူ​တို့​မှာ မာဂဒလ​မြို့သူ​မာရိ၊ ယောဟန္န၊ ယာကုပ်​၏​မိခင်​ဖြစ်​သူ​မာရိ​မှစ၍ သူ​တို့​နှင့်အတူ​ရှိ​သော အခြား​အမျိုးသမီး​များ​ဖြစ်​ကြ​၏။ သို့သော် ထို​စကား​များ​သည် တမန်တော်​တို့​အတွက် ယုံတမ်း​စကား​ကဲ့သို့​ဖြစ်​သောကြောင့် သူ​တို့​မ​ယုံ​ကြ​ချေ။ သို့ရာတွင် ပေတရု​သည်​ထ​၍ သင်္ချိုင်း​တော်​သို့​ပြေး​သွား​ပြီး ငုံ့ကြည့်​လိုက်​ရာ ပိတ်ထည်​ကို​သာ​တွေ့​သဖြင့်​ထို​အဖြစ်အပျက်​ကို​အံ့သြ​လျက် မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။