YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 21:25-28

ရှင်လုကာ 21:25-28 Judson Bible (JBMLE)

ထို​အ​ခါ၊ နေ၊ လ၊ ကြယ်​န​က္ခတ်​တို့၌ ပု​ပ္ပ​နိ​မိတ် ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ​လည်း လူ​အ​မျိုး​မျိုး မ​ငြိမ်​မ​သက် စိုး​ရိမ်​ကြောင့်​ကြ​ခြင်း၊ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကြီး​ခြင်း၊- မြေ​ကြီး​ပေါ်​မှာ ဖြစ်​လ​တ္တံ့​သော ဘေး​များ​ကို​မျှော်၍ ကြောက်​လန့်​သ​ဖြင့်၊ လူ​များ​တို့၏ အ​သက်​ဆုံး​ခြင်း အ​မှု​အ​ရာ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။- ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး​လျက် ကြွ​လာ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။- ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​စ​ရှိ​သော​အ​ခါ၊ သင်​တို့​ကို ရွေး​နုတ်​သော​အ​ချိန်​ကာ​လ ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ မျှော်​ကြည့်၍ ခေါင်း​ကို​ကြွ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 21:25-28 Common Language Bible (BCL)

``နေ​လ​ကြယ်​နက္ခတ်​များ​၌​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း လာ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​တွင်​လူ​မျိုး​အ​ပေါင်း​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​မြည်​ဟီး​သံ​ကြောင့်​စိတ်​ပျက် အား​လျော့​ကြောက်​ရွံ့​ကြ​လိမ့်​မည်။- လူ​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​ဆိုက်​ရောက်​လတ္တံ့​သော ဘေး​များ​ကို​မြော်​မြင်​၍​ကြောက်​လန့်​ကာ​မူး မော်​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​တာ​ရာ​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။- ထို​အ​ခါ​တိမ်​ကို​စီး​၍​ကြီး​စွာ​သော​ဘုန်း အ​သ​ရေ​တော်​ဆောင်​လျက်​လူ​သား​ကြွ လာ​တော်​မူ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။- ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင်​တို့​အား​ကယ်​တင်​တော်​မူ​မည့်​အ​ချိန်​သည် နီး​ကပ်​လျက်​ရှိ​သည်​ဖြစ်​၍ သင်​တို့​၏​ဦး​ခေါင်း ကို​ကြွ​၍​မျှော်​ကြည့်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 21:25-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် နေ၊ လ၊ ကြယ်​တာရာ​များ​၌ အတိတ်​နိမိတ်​များ​ဖြစ်ပေါ်​လာ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​တကာ​တို့​သည် ပင်လယ်​လှိုင်းတံပိုး​သံ​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​လျက် တုန်လှုပ်​ချောက်ချား​ကြ​လိမ့်မည်။ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​မည်​ဖြစ်၍ လူ​တို့​သည် ကမ္ဘာ​ပေါ်တွင်​သက်ရောက်​လာ​မည့်​အရာ​များ​ကို ကြိုတွေး​လျက် ကြောက်ရွံ့​သဖြင့် သတိလစ်​မေ့မြော​ကြ​လိမ့်မည်။ ထိုအခါ လူ့သား​သည် တန်ခိုး​နှင့် ကြီးမား​သော​ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​ကို​စီး​လျက် ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။ ဤ​အရာ​များ​စတင်​ဖြစ်ပျက်​လာ​သောအခါ သင်​တို့​ကို ရွေးနုတ်​တော်မူ​သော​အချိန်​နီးကပ်​လာ​ပြီ​ဖြစ်၍ တည့်မတ်​စွာ​ရပ်​လျက် သင်​တို့​ခေါင်း​ကို​မော့​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။