YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 20:20-26

ရှင်လုကာ 20:20-26 Judson Bible (JBMLE)

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို ချောင်း​မြောင်း​လျက်၊ စ​ကား​တော်၌ အ​ပြစ်​ကို​ရှာ၍ မြို့​ဝန်​မင်း​လက်​သို့ အပ်​နှံ​သော​အ​ခွင့်​ကို​ရ​ခြင်း​ငှာ သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။- ထို​သူ​လျှို​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျက်​နှာ​ကို မ​ထောက်​ဘဲ ဖြောင့်​မတ်​စွာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍၊ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ၏။- အ​ကျွန်ုပ်​တို့​သည် ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော​ဟု မေး​လျှောက်​ကြ၏။- ကိုယ်​တော်​သည် ထို​သူ​တို့၏ ပ​ရိ​ယာယ်​ကို သိ​မှတ်​တော်​မူ​လျှင်၊ သင်​တို့​သည် ငါ့​ကို အ​ဘယ်​ကြောင့် စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။- ဒေ​နာ​ရိ တစ်​ပြား​ကို​ပြ​ပါ။ အ​ဘယ်​သူ၏​ပုံ၊ အ​ဘယ်​သူ၏​လိပ်​စာ ပါ​ပါ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ပါ​ပါ​သည်​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် လူ​များ​ရှေ့​တွင် စ​ကား​တော်၌ အ​ပြစ်​မ​တွေ့​နိုင်​သ​ဖြင့် ပြန်​ပြော​တော်​မူ​သော စ​ကား​ကို အံ့​ဩ၍ တိတ်​ဆိတ်​စွာ​နေ​ကြ၏။

ရှင်လုကာ 20:20-26 Common Language Bible (BCL)

ထို့​ကြောင့်​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​ကြ​၏။ သူ​တို့ သည်​ကိုယ်​တော်​၏​စ​ကား​တွင်​အ​မှား​ကို​ရှာ​ပြီး လျှင် ကိုယ်​တော်​အား​ဘု​ရင်​ခံ​မင်း​၏​လက်​သို့ အပ်​နိုင်​ရန်​သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​များ​ကို​အ​ထံ​တော်​သို့​စေ​လွှတ်​ကြ​၏။- သူ​လျှို​တို့​က ``ဆ​ရာ​တော်၊ အ​ရှင်​ဟော​ပြော သွန်​သင်​တော်​မူ​သော​အ​ရာ​များ​မှန်​ကန်​ကြောင်း ကို​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ အ​ရှင်​သည်​မျက်​နှာ ကြီး​ငယ်​မ​လိုက်၊ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း ကို​သာ​ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော် မူ​ပါ​၏။- အ​ကျွန်ုပ်​တို့​သည်​ကဲ​သာ​ဘု​ရင်​အား​အ​ခွန် ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော'' ဟု မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ပ​ရိ​ယာယ်​ကို သိ​မြင်​တော်​မူ​သ​ဖြင့်။- ``ဒင်္ဂါး​တစ်​ပြား​ကို​ငါ့​အား​ပြ​ကြ​လော့။ ဤ ဒင်္ဂါး​တွင်​မည်​သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ ပါ​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``ကဲ​သာ​ဘု​ရင်​၏​ပုံ၊ ကဲ​သာ​ဘု​ရင် ၏​ကမ္ပည်း​လိပ်​စာ​ပါ​ရှိ​ပါ​သည်'' ဟု​ပြန်​၍ လျှောက်​ကြ​၏။ ကိုယ်​တော်​က ``ကဲ​သာ​ဘု​ရင်​ပိုင်​သည့်​အ​ရာ​ကို ကဲ​သာ​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင် ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည်​လူ​တို့​ရှေ့​၌​ကိုယ်​တော်​၏​စ​ကား တွင်​အ​မှား​ရှာ​၍​မ​ရ​သ​ဖြင့် ကိုယ်​တော်​ဖြေ ကြား​တော်​မူ​ပုံ​ကို​အံ့​သြ​လျက်​ဆိတ်​ဆိတ် နေ​ကြ​၏။

ရှင်လုကာ 20:20-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​လျက် နှုတ်​တော်​ထွက်​စကား​တွင် အပြစ်​ရှာ​၍ ကိုယ်တော်​ကို ဘုရင်ခံ​၏​အုပ်ချုပ်​မှု​အာဏာ​အောက်သို့ အပ်နှံ​နိုင်​ရန် ဖြောင့်မတ်​သူ​အဖြစ် ဟန်ဆောင်​သော​သူလျှို​များ​ကို စေလွှတ်​ကြ​၏။ ထို​သူလျှို​တို့​က “ဆရာ၊ ဆရာ​သည် မှန်ကန်​စွာ​ဟောပြော​သွန်သင်​၍ လူ့​မျက်နှာ​ကို​မ​ထောက်​ဘဲ ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ​သွန်သင်​ကြောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ ဆီဇာ​ဧကရာဇ်​ကို အကျွန်ုပ်​တို့​အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။ သို့သော် ကိုယ်တော်​သည် သူ​တို့​၏​ပရိယာယ်​ကို​သိ​တော်မူ​၍ “ငါ့​ကို ဒေနာရိ​တစ်​ပြား​ပြ​ကြ​လော့။ ၎င်း​တွင် မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ပါ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့် ကမ္ပည်းစာ​ပါ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဆီဇာ​ဧကရာဇ်​နှင့်ဆိုင်သော​အရာ​များ​ကို ဆီဇာ​ဧကရာဇ်​အား​ဆက်သ​၍ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို ဘုရားသခင်​အား​ဆက်သ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် လူ​တို့​ရှေ့တွင် ကိုယ်တော်​၏​စကား​အမှား​ကို ကျော့ဖမ်း​၍​မ​ရ​နိုင်​သည့်​အပြင် ကိုယ်တော်​၏​ဖြေကြား​ပုံ​ကို​အံ့သြ​လျက် တိတ်ဆိတ်​သွား​ကြ​၏။