YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 13:31-35

ရှင်လုကာ 13:31-35 Judson Bible (JBMLE)

ထို​အ​ခါ ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ ဤ​အ​ရပ်​မှ ထွက်​သွား​ပါ။ ဟေ​ရုဒ်​မင်း​သည် ကိုယ်​တော်​ကို​သတ်​မည် အ​ကြံ​ရှိ​ပါ​သည်​ဟု လျှောက်​ကြ​လျှင်၊ ကိုယ်​တော်​က၊ သင်​တို့​သွား​ကြ​လော့။- ယ​ခု​နေ့​နှင့် နက်​ဖြန်​နေ့၌ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်၍ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ၏။ သုံး​ရက်​မြောက်​သော​နေ့၌ စုံ​လင်​ခြင်း​သို့ ရောက်​မည်​အ​ရာ​ကို ထို​မြေ​ခွေး​အား ပြော​ကြ​လော့။- သို့​သော်​လည်း ယ​ခု​နေ့၊ နက်​ဖြန်​နေ့၊ သန်​ဘက်​နေ့၌ ငါ​သွား​ရ​သေး၏။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင် မြို့​မှ​တစ်​ပါး အ​ခြား​သော​အ​ရပ်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ဆုံး​ရာ။- အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော​သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ၏။ သင်​မူ​ကား အ​လို​မ​ရှိ။- သင်​တို့​နေ​သော​အိမ်​သည် သင်​တို့၌ လူ​ဆိတ်​ညံ​လျက် ကျန်​ရစ်​ရ၏။ ငါ​ဆို​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သော​ဟု သင်​တို့​မ​ပြော​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ သင်​တို့​သည် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 13:31-35 Common Language Bible (BCL)

ထို​အ​ချိန်​၌​ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​ကို​လာ​ပြီး​လျှင် ``ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ အ​ခြား​အ​ရပ်​သို့​ကြွ​တော်​မူ​ပါ။ ဟေ​ရုဒ်​မင်း သည်​အ​ရှင့်​အား​သတ်​ရန်​အ​ကြံ​ရှိ​ပါ​၏'' ဟု လျှောက်​ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ယ​နေ့​နှင့်​နက်​ဖြန်​နေ့​တို့​၌ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍ အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​မည်။ တ​တိ​ယ​နေ့​တွင်​မူ​ငါ​၏ အ​လုပ်​ကို​အ​ဆုံး​သတ်​မည်​ဖြစ်​ကြောင်း​ကို​ထို မြေ​ခွေး​ကို​ပြော​ကြ​လော့။- သို့​ရာ​တွင်​ယ​နေ့၊ နက်​ဖြန်​နေ့၊ နောက်​တစ်​နေ့​၌ ငါ​ခ​ရီး​ပြု​ရ​ဦး​မည်။ ပ​ရော​ဖက်​ဟူ​သည်​ယေ​ရု ရှ​လင်​မြို့​မှ​အ​ပ​အ​ခြား​အ​ရပ်​တွင်​အ​သတ် ခံ​ရန်​မ​သင့်။ ``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​သော တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​သည် ကြက်​က​လေး​များ​ကို​မိ​မိ​၏​အ​တောင်​အောက် တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင်​၏​သား သ​မီး​များ​ကို​စု​သိမ်း​ထား​လို​သည်​မှာ​ကြိမ်​ဖန် များ​လှ​လေ​ပြီ။ သို့​ရာ​တွင်​သင်​မူ​ကား​ငါ့​ကို ဤ​သို့​မ​ပြု​စေ​လို။- သို့​ဖြစ်​၍​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် စွန့်​တော်​မူ​လိမ့်​မည်။ သင့်​အား​ငါ​ဆို​သည်​ကား `ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​ရာ​နေ့​မ​တိုင်​မီ​သင်​သည်​ငါ့​ကို မြင်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 13:31-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အချိန်​၌ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ဟေရုဒ်​သည် သင့်​ကို​သတ်​လို​သည်​ဖြစ်၍ ဤ​အရပ်​မှ ထွက်​သွား​ပါ”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သွား​၍ ထို​မြေခွေး​ကို​ပြော​ကြ​လော့။ ငါ​သည် ယနေ့​နှင့်​မနက်ဖြန် နတ်ဆိုး​တို့​ကို​နှင်ထုတ်​၍ အနာရောဂါ​များ​ကို​ငြိမ်း​စေ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ အမှု​ကို​ပြီးမြောက်​စေ​မည်။ သို့ရာတွင် ငါ​သည် ယနေ့၊ မနက်ဖြန်​နှင့် နောက်တစ်နေ့​တို့​၌ ခရီး​သွား​ရ​ဦး​မည်။ အကြောင်းမူကား ပရောဖက်​သည် ဂျေရုဆလင်​မြို့​မှတစ်ပါး အခြား​အရပ်​၌ သေ​ရ​သည်​ဟူ၍​မ​ရှိ​နိုင်။ အို ဂျေရုဆလင်​မြို့၊ ဂျေရုဆလင်​မြို့၊ ပရောဖက်​များ​ကို​သတ်​၍ မိမိ​ထံသို့​စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်မ​သည် မိမိ​၏​ကြက်ကလေး​များ​ကို အတောင်​အောက်၌​စုသိမ်း​သကဲ့သို့ ငါ​သည် သင်​၏​သားသမီး​တို့​ကို​စုသိမ်း​ရန် ကြိမ်ဖန်​များစွာ​အလိုရှိ​ခဲ့​၏။ သို့သော် သင်​သည်​အလို​မ​ရှိ။ ကြည့်ရှု​လော့။ သင်​တို့​၏​အိမ်​သည် သင်​တို့​ထံ၌ စွန့်ပစ်​ထား​ခြင်း​ခံရ​လိမ့်မည်။ သင်​တို့​အား ငါ​ဆို​သည်​ကား ‘ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း’​ဟု သင်​တို့​ပြော​သည့်​အချိန်​မ​ရောက်​မီ​တိုင်အောင် သင်​တို့​သည် ငါ့​ကို​လုံးဝ​မြင်​ရ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။