YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 7:1-38

ဝတ်ပြုရာ 7:1-38 Judson Bible (JBMLE)

ဒု​စ​ရိုက်​ဖြေ​သော ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ အ​လွန်​သန့်​ရှင်း​ပေ၏။ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​ရာ​အ​ရပ်၌ ဒု​စ​ရိုက်​ဖြေ​သော​ယဇ်​ကောင်​ကို​သတ်၍ အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။ အ​မြီး​နှင့်​တ​ကွ အ​အူ​ကို​ဖုံး​သော​ဆီ​ဥ၊ ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော အ​မြှေး​တည်း​ဟူ​သော ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍​ဆက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့် ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် ဖြစ်​သ​တည်း။ အ​သား​ကို ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သန့်​ရှင်း​ရာ​ဌာ​န၌ စား​ရ​ကြ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်၏​တ​ရား​တစ်​ပါး​တည်း​ဖြစ်၍၊ ဒု​စ​ရိုက်​အ​ပြစ် ဖြေ​ခြင်း​ကို​ပြု​သော ယဇ်​ပု​ရော​ဟိတ်​သည် ယူ​ရ​မည်။ လူ​တစ်​စုံ​တစ်​ယောက်​ပြု​သော မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ မိ​မိ​ပူ​ဇော်​သော​ယဇ်​ကောင်​အ​ရေ​ကို ယူ​ရ​မည်။ မီး​ဖို၌​ဖုတ်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အိုး​ကင်း၊ သံ​ပြား​ပူ​နှင့်​လုပ်​သော အ​ရာ​ရှိ​သ​မျှ​ကို ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ်​သည် ယူ​ရ​မည်။ ဆီ​ထည့်​သည်​ဖြစ်​စေ၊ မ​ထည့်​သည်​ဖြစ်​စေ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို အာ​ရုန်၏​သား​အ​ပေါင်း​တို့​သည် အ​ညီ​အ​မျှ​ယူ​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ရ​သော မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ ကျေး​ဇူး​တော်​ဝန်​ခံ​ဖို့​ရာ​ပူ​ဇော်​လျှင်၊ ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​နှင့်​တ​ကွ ဆီ​ရော​သော တ​ဆေး​မဲ့​မုန့်​ပြား၊ ဆီ​နှင့်​လုပ်​သော တ​ဆေး​မဲ့​မုန့်​ကြွပ်၊ ဆီ​ရော​သော မုန့်​ညက်​နှင့်​လုပ်၍​ကြော်​သော မုန့်​ပြား​တို့​ကို ပူ​ဇော်​ရ​မည်။ ထို​မုန့်​ပြား​မှ​တစ်​ပါး၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​နှင့်​တ​ကွ၊ တ​ဆေး​ပါ​သော​မုန့်​ကို​လည်း ပူ​ဇော်​ရ​မည်။ ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​အ​ထဲ​က မုန့်​တစ်​လုံး​ကို ထာ​ဝ​ရ​ဘု​ရား​အား ချီ​မြှောက်​သော ပူ​ဇော်​သ​ကာ​ပြု၍ ထို​မုန့်​ကို မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​ဖျန်း​သော ယဇ်​ပု​ရော​ဟိတ်​ယူ​ရ​မည်။ ကျေး​ဇူး​တော်​ဝန်​ခံ​ဖို့​ရာ ပူ​ဇော်​သော မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​ကို၊ ပူ​ဇော်​သော​နေ့​ချင်း​တွင်​စား​ရ​မည်။ နံ​နက်​တိုင်​အောင် မ​ကြွင်း​စေ​ရ။ သို့​မ​ဟုတ် သ​စ္စာ​ပြု၍​ယဇ်​ပူ​ဇော်​သည်​ဖြစ်​စေ၊ ကိုယ်​အ​လို​အ​လျောက် ပူ​ဇော်​သည်​ဖြစ်​စေ၊ ပူ​ဇော်​သော​နေ့​ချင်း​တွင်၊ ယဇ်​အ​သား​ကို​စား၍ အ​ကြွင်း​ကို​လည်း နက်​ဖြန်​နေ့​စား​ရ​မည်။ ကြွင်း​သေး​သော​အ​သား​ကို​လည်း သန်​ဘက်​နေ့၌​မီး​ရှို့​ရ​မည်။ မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​အ​နည်း​ငယ်​ကို၊ သန်​ဘက်​နေ့၌​စား​မိ​လျှင် စိတ်​တော်​နှင့်​မ​တွေ့။ ပူ​ဇော်​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်။ စား​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။ မ​စင်​ကြယ်​သော​အ​ရာ​နှင့် ထိ​မိ​သော​ယဇ်​သား​ကို မ​စား​ရ။ မီး​ရှို့​ရ​မည်။ စင်​ကြယ်​သော​သူ​တို့​သာ​လျှင် ထို​ယဇ်​သား​ကို​စား​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သော မိတ်​သ​ဟာ​ယ​ယဇ်​သား​ကို အ​ကြင်​သူ​သည် မ​စင်​ကြယ်​သော​အ​ပြစ်​ရှိ​လျက်​နှင့် စား​မိ၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ အ​ကြင်​သူ​သည်​လည်း၊ လူ၌​မ​စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​ပိုး​ရွ အ​စ​ရှိ​သော၊ မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​ထိ​မိ၍၊ ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သော မိတ်​သ​ဟာ​ယ​ယဇ်​သား​ကို​စား၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ရ​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် သိုး၊ ဆိတ်၊ နွား​ဆီ​ဥ​ကို အ​လျှင်း​မ​စား​ရ။ အ​လို​လို​သေ​သော တိ​ရ​စ္ဆာန်​ဆီ​ဥ၊ သား​ရဲ​ကိုက်၍​သေ​သော တိ​ရ​စ္ဆာန်​ဆီ​ဥ​ကို အ​ခြား​ဖို့​သုံး​ရ​သော်​လည်း၊ အ​လျှင်း​မ​စား​ရ။ အ​ကြင်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​သော တိ​ရ​စ္ဆာန်​ဆီ​ဥ​ကို စား၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ သင်​တို့​သည် နေ​လေ​ရာ​ရာ၌ ငှက်​သွေး၊ သား​သွေး​မှ​စ၍ အ​သွေး​မည်​မျှ​ကို​မ​စား​ရ။ အ​ကြင်​သူ​သည် တစ်​စုံ​တစ်​ခု​သော အ​သွေး​ကို​စား၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​သော​သူ​သည်၊ မိ​မိ​ပူ​ဇော်​သော​ယဇ်​အ​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ဖို့​ရာ​ဆောင်​ခဲ့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရင်​ပတ်​ကို​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ ပြု​စေ​ခြင်း​ငှာ၊ ရင်​ပတ်​နှင့် ဆီ​ဥ​တည်း​ဟူ​သော​မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ရာ​ကို ကိုယ်​တိုင်​ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်၊ ဆီ​ဥ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့၍၊ ရင်​ပတ်​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် ယူ​ရ​ကြ​မည်။ မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က လက်​ယာ​ပ​ခုံး​ကို ချီ​မြှောက်​သော​ပူ​ဇော်​သ​ကာ​ဖို့ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​နှင့် ဆီ​ဥ​ကို၊ အာ​ရုန်၏​သား​တို့​တွင် ပူ​ဇော်​သော​သူ​သည်၊ လက်​ယာ​ပ​ခုံး​ကို မိ​မိ​အ​ဖို့​ယူ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​သော မိတ်​သ​ဟာ​ယ​ယဇ်​များ​ထဲ​က ချီ​လွှဲ​သော​ရင်​ပတ်၊ ချီ​မြှောက်​သော​ပ​ခုံး​ကို ငါ​နုတ်​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ၏​သား​တို့​အား ထာ​ဝ​ရ​ပ​ညတ်​တော်​အား​ဖြင့် ငါ​ပေး​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ခန့်​ထား​သော​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​များ​ထဲ​က၊ သူ​တို့​ခံ​ရ​သော​အ​ဖို့ ဖြစ်၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်​မှ ထို​သို့​သော​အ​ဖို့​ကို​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့​ကို​ဘိ​သိက်​ပေး​တော်​မူ​သော​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။ သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း။ ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ သိ​နာ​တော၌ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​မည်​အ​ကြောင်း​မှာ​ထား​တော်​မူ​သော​နေ့၌ သိ​နာ​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပေး​တော်​မူ​သော မီး​ရှို့​ရာ​ယဇ်​တ​ရား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​တ​ရား၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တ​ရား၊ အ​ရာ၌​ခန့်​ထား​ရာ​ယဇ်​တ​ရား၊ မိတ်​သ​ဟာ​ယ​ယဇ်​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

ဝတ်ပြုရာ 7:1-38 Common Language Bible (BCL)

အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​မှာ အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ ဤ​ပူ​ဇော်​သ​ကာ​သည်​အ​လွန် သန့်​ရှင်း​၏။- ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင် များ​ကို​သတ်​သည့်​နေ​ရာ​တွင် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​အ​တွက်​ယဇ်​ကောင်​ကို​သတ် ရ​မည်။ သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။- ယဇ်​ပု​ရော​ဟိတ်​သည်​ဆူ​ဖြိုး​သော​အ​မြီး ဝမ်း​တွင်း​သား​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း ဆုံး​အ​ပိုင်း​စ​သည်​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​ရ​မည်။- ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ရှိ​သ​မျှ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ကား အ​ပြစ်​ဒဏ်​ပြေ​ရာ​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။- ယဇ်​ပု​ရော​ဟိတ်​ယောကျာ်း​အ​ပေါင်း​တို့​သည် ထို ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင်​သည်။ ထို​ပူ​ဇော် သ​ကာ​သည်​အ​လွန်​သန့်​ရှင်း​သော​ကြောင့် သန့်​ရှင်း ရာ​ဌာ​န​တွင်​စား​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​နှစ်​မျိုး​စ​လုံး​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​မှာ ယဇ်​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား​သုံး​ခွင့်​ရှိ ခြင်း​ဖြစ်​သည်။- မီး​ရှို့​ရာ​ယဇ်​ကောင်​၏​သား​ရေ​သည် ယဇ်​ပူ​ဇော် သော​ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။- မီး​ဖို​တွင်​ဖုတ်​သော​ဘော​ဇဉ်​သ​ကာ၊ အိုး​သို့ မ​ဟုတ်​သံ​အိုး​ကင်း​ပေါ်​၌​ကင်​သော​ဘော​ဇဉ် သ​ကာ​တို့​သည်​လည်း ပူ​ဇော်​သော​ယဇ် ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။- သို့​ရာ​တွင်​မ​ဖုတ်​မ​ကင်​ရ​သေး​သော​ဘော​ဇဉ် သ​ကာ​သည် ဆီ​နှင့်​ရော​ပြီး​သည်​ဖြစ်​စေ၊ ဆီ နှင့်​မ​ရော​ရ​သေး​သည်​ဖြစ်​စေ၊ အာ​ရုန်​၏ အ​မျိုး​အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့ နှင့်​ဆိုင်​သ​ဖြင့် အ​ညီ​အ​မျှ​ဝေ​ယူ​စေ​ရ မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​သည် ကား အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။- တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​အား ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ယဇ်​ကို​ပူ​ဇော် သော​အ​ခါ ယဇ်​ကောင်​နှင့်​အ​တူ​တ​ဆေး မ​ပါ​သော​မုန့်​ကို​လည်း​ယူ​ဆောင်​ခဲ့​ရ​မည်။ ၎င်း​မုန့်​မှာ​သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု လုပ်​သော​မုန့်​လုံး​သို့​မ​ဟုတ်​သံ​လွင်​ဆီ​သုတ် သော​မုန့်​ပြား သို့​မ​ဟုတ်​သံ​လွင်​ဆီ​နှင့်​မုန့် ညက်​ရော​၍​ပြု​လုပ်​သော​မုန့်​ဖြစ်​ရ​မည်။ ဤ​မုန့်​များ​တွင်​တဆေး​မ​ပါ​စေ​ရ။- ထို​မုန့်​များ​အ​ပြင် တ​ဆေး​ထည့်​၍​ဖုတ် သော​မုန့်​များ​ကို​လည်း​ဆက်​ကပ်​ရ​မည်။- မုန့်​တစ်​မျိုး​စီ​မှ​တစ်​ခု​ကျ​ကို ထာ​ဝ​ရ​ဘု​ရား အား​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။ ထို​ဆက်​ကပ်​သော​မုန့်​များ​သည်​ယဇ်​ကောင်​၏ သွေး​ကို ယဇ်​ပလ္လင်​ဘေး​သို့​ပက်​ဖျန်း​သော​ယဇ် ပု​ရော​ဟိတ်​စား​သုံး​ရန်​အ​တွက်​ဖြစ်​သည်။- မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​နေ့ ၌ အ​သား​ကို​အ​ကုန်​စား​ရ​မည်။ နောက်​တစ်​နေ့ နံ​နက်​အ​ထိ အ​သား​အ​ကြွင်း​အ​ကျန်​မ​ရှိ စေ​ရ။ တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​အ​ဋ္ဌိ​ဋ္ဌာန်​ပြည့် သည်​အ​တွက်​ဖြစ်​စေ၊ မိ​မိ​၏​စေ​တ​နာ​အ လျောက်​ဖြစ်​စေ​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် ဆက်​ကပ်​သည့်​အ​ခါ ပူ​ဇော်​သော​နေ့​၌​ယဇ် ကောင်​၏​အ​သား​ကို​အ​ကုန်​စား​ရန်​မ​လို။ ကြွင်း​ကျန်​သော​အ​သား​ကို​နောက်​တစ်​နေ့ ၌​စား​နိုင်​သည်။- သို့​ရာ​တွင်​တ​တိ​ယ​နေ့​သို့​တိုင်​အောင် ကျန် နေ​သေး​သော​အ​သား​ကို​မူ​ကား​မီး​ရှို့​ပစ် ရ​မည်။- အ​သား​အ​ကြွင်း​အ​ကျန်​ကို​တ​တိ​ယ​နေ့​၌ စား​လျှင် ဘု​ရား​သ​ခင်​သည်​ထို​သူ​ပူ​ဇော်​သော ယဇ်​ကို​လက်​ခံ​တော်​မူ​မည်​မ​ဟုတ်။ ပူ​ဇော်​သော သူ​သည်​လည်း​အ​ကျိုး​ကို​မ​ခံ​ရ။ ထို​ယဇ်​သည် မ​စင်​ကြယ်​သ​ဖြင့် အ​သား​ကို​စား​သော​သူ​၌ အ​ပြစ်​ရောက်​လိမ့်​မည်။- ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​စင်​ကြယ်​သော အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​သော​အ​သား ကို​မ​စား​ရ။ ၎င်း​ကို​မီး​ရှို့​ပစ်​ရ​မည်။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သော​သူ သည် မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​အ​သား​ကို စား​နိုင်​သည်။- မ​သန့်​ရှင်း​သူ​က​ထို​အ​သား​ကို​စား​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ် ထုတ်​ခြင်း​ခံ​ရ​မည်။- ထို​အ​ပြင်​တစ်​စုံ​တစ်​ယောက်​သည်​လူ​မှ​ဖြစ် စေ၊ တိ​ရစ္ဆာန်​မှ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​စင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​ပြီး​မှ ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား လျှင် ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို မော​ရှေ​အား​ဖြင့်​ချ​မှတ်​ပေး​တော်​မူ​၏။ သိုး၊ ဆိတ်၊ နွား​တို့​၏​အ​ဆီ​ကို​မ​စား​ရ။- သ​ဘာ​ဝ​အ​လျောက်​သေ​သော​တိ​ရစ္ဆာန်​၏ အ​ဆီ၊ သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​ဆီ​ကို​မ​စား​ရ။ သို့​ရာ တွင်​ထို​အ​ဆီ​ကို​အ​ခြား​ကိစ္စ​များ​အ​တွက် အ​သုံး​ပြု​နိုင်​သည်။- ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်​ပူ​ဇော် သော​ယဇ်​ကောင်​၏​အ​ဆီ​ကို​စား​သော​သူ သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မည်​သည့် အ​ရပ်​၌​နေ​ထိုင်​သည်​မ​ဆို ငှက်​၏​သွေး​သို့ မ​ဟုတ်​တိ​ရစ္ဆာန်​၏​သွေး​ကို​မ​စား​ရ။- ဤ​ပ​ညတ်​ကို​ချိုး​ဖောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ မည်။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း ချက်​များ​ကို​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​မိတ်​သ​ဟာ​ယ ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ယဇ်​ကောင်​၏ အ​စိတ်​အ​ပိုင်း​အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား အ​တွက်​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်၊- မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သ​ကာ​အ​နေ​နှင့် မိ​မိ လက်​နှင့်​ကိုယ်​တိုင်​ယူ​ဆောင်​ခဲ့​ရ​မည်။ သူ​သည် ယဇ်​ကောင်​၏​အ​ဆီ​နှင့်​တ​ကွ​ရင်​ပုံ​သား​ကို ထာ​ဝ​ရ​ဘု​ရား​အ​တွက် အ​ထူး​ပူ​ဇော် သ​ကာ​အ​ဖြစ်​ယူ​ဆောင်​ခဲ့​ရ​မည်။- ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ကို​ယဇ်​ပလ္လင်​ပေါ် တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ သို့​ရာ​တွင်​ရင်​ပုံ​သား သည် ယဇ်​ပု​ရော​ဟိတ်​များ​စား​သုံး​ရန်​အ​တွက် ဖြစ်​သည်။- မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​သွေး​နှင့်​အ​ဆီ ကို ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ်​အား ယဇ်​ကောင် ၏​လက်​ယာ​ပေါင်​ကို​အ​ထူး​လှူ​ဖွယ်​အ​ဖြစ် ပေး​ရ​မည်။- ယဇ်​ကောင်​၏​ရင်​ပုံ​သား​နှင့်​လက်​ယာ​ပေါင်​တို့ သည် ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​မှ ယဇ်​ပု​ရော​ဟိတ်​များ​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သတ်​မှတ်​ပေး​သော ဝေ​စု​ဖြစ်​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား ထာ​ဝ​စဉ်​လှူ​ဒါန်း​ရ​မည်။- ဤ​ဝေ​စု​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ် သိက္ခာ​ခံ​ယူ​သည့်​နေ့ ၌​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​ယဇ် ကောင်​မှ​ရ​ရှိ​ခဲ့​သော​ဝေ​စု​ဖြစ်​သည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ဝေ​စု ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​လှူ​ရန် ထို နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ပ​ညတ် ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။ ဤ​ကား​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ၊ သိက္ခာ​တင်​ရာ​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။- တော​ကန္တာ​ရ​ရှိ​သိ​နာ​တောင်​ပေါ်​၌​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဤ​ပြ​ဋ္ဌာန်း​ချက် များ​ကို​လိုက်​နာ​ရန်​မှာ​ထား​တော်​မူ​သော​နေ့​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ချ​မှတ်​ပေး တော်​မူ​၏။

ဝတ်ပြုရာ 7:1-38 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အပြစ်ဒဏ်ဖြေရာယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ အပြစ်ဒဏ်​ဖြေ​ရာ​ယဇ်​သည် အလွန်​သန့်ရှင်း​၏​။ အပြစ်ဒဏ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ သတ်​၍ သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။ အမြီးပိုင်း​အဆီ​၊ အူ​ကို​ဖုံး​နေ​သည့်​အဆီ​နှင့်တကွ ခါး​အောက်ပိုင်း​ရှိ ကျောက်ကပ်​နှစ်​ခု​နှင့် ၎င်း​တို့​ပေါ်​ရှိ​အဆီ​၊ ကျောက်ကပ်​နှင့်အတူ​ခွာယူ​သည့် အသည်း​ပေါ်မှ​အဆီပျဉ်​စသော ယဇ်ကောင်​၏​အဆီ​အားလုံး​ကို ပူဇော်​ရ​မည်​။ ၎င်း​တို့​ကို ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ယဇ်ပုရောဟိတ်​သည် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ဤသည်ကား အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​ဖြစ်​သော​ယောက်ျား​တိုင်း ယဇ်ကောင်​အသား​ကို​စား​ခွင့်​ရှိ​၏​။ သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ ဤ​ယဇ်​သည် အထူး​သန့်ရှင်း​သော​ယဇ်​ဖြစ်​၏​။ အပြစ်ဒဏ်ဖြေရာယဇ်​သည် အပြစ်ဖြေရာယဇ်​ကဲ့သို့ပင်​ဖြစ်ပြီး ၎င်း​တို့​နှင့်ဆိုင်သော​တရား​သည် တစ်ပါးတည်း​ဖြစ်​၏​။ ယဇ်ကောင်​ဖြင့် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သော​ယဇ်ပုရောဟိတ်​သည် ထို​ယဇ်ကောင်​ကို ပိုင်​၏​။ ယဇ်ပုရောဟိတ်​သည် တစ်စုံတစ်ဦး​အတွက် မီးရှို့ရာယဇ်​ကို ပူဇော်​ပေး​လျှင် ထို​ယဇ်ပုရောဟိတ်​သည် သူ​ပူဇော်​ပေး​သော​မီးရှို့ရာယဇ်ကောင်​၏​သားရေ​ကို ပိုင်​၏​။ မီးဖို​ထဲ၌​ဖုတ်​သော​ဘောဇဉ်ပူဇော်သက္ကာ​ရှိသမျှ​နှင့် အိုးကင်း​၊ ဒယ်ပြား​ဖြင့်​လုပ်​သော​မုန့်​အားလုံး​ကို ဘောဇဉ်ပူဇော်သက္ကာ​ပူဇော်​ပေး​သော​ယဇ်ပုရောဟိတ်​သည် ပိုင်​၏​။ ဆီ​ဖြင့်​ရော​သည်​ဖြစ်စေ​၊ မရော​သည်​ဖြစ်စေ ဘောဇဉ်ပူဇော်သက္ကာ​ရှိသမျှ​ကို အာရုန်​၏​သား​အပေါင်း​တို့ ညီတူညီမျှ ပိုင်​၏​။ ထာဝရဘုရား​အား ပူဇော်​သည့် မိတ်သဟာယယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ မိတ်သဟာယယဇ်​ကို ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက် ပူဇော်​လို​လျှင် ကျေးဇူးတော်​ချီးမွမ်း​ရာ​ပူဇော်သက္ကာ​နှင့်အတူ ဆီ​နှင့်​ရော​သော​တဆေးမဲ့​မုန့်ဝိုင်း​၊ ဆီ​နှင့်​လူး​သော​တဆေးမဲ့​မုန့်ကြွပ်​၊ အကောင်းဆုံး​ဂျုံမှုန့်​ကို​ဆီ​နှင့်​နယ်​၍ လုပ်​ထား​သော​မုန့်ဝိုင်း​ကို ပူဇော်​ရ​မည်​။ ထို့ပြင် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက် မိတ်သဟာယယဇ်​နှင့်အတူ တဆေးပါ​သော​မုန့်ဝိုင်း​ကို​လည်း ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ ထို​ပူဇော်သက္ကာ​မုန့်​တစ်မျိုးစီ​ထဲမှ တစ်ခုစီ​ကို ထာဝရဘုရား​အဖို့ ချီမြှောက်​ရာ​အလှူပစ္စည်း​အဖြစ် ပူဇော်​ရ​မည်​။ ထို​မုန့်​တို့​ကို မိတ်သဟာယယဇ်ကောင်​၏​သွေး​ကို​ဖျန်း​သော​ယဇ်ပုရောဟိတ်​သည် ပိုင်​၏​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အတွက်​ပူဇော်​သော မိတ်သဟာယယဇ်​အသား​ကို ပူဇော်​သော​နေ့​၌ပင် စား​ရ​မည်​။ ထို​အသား​ကို နံနက်​တိုင်အောင် မ​ချန်ထား​ရ​။ ကတိသစ္စာ​ပြု​ခြင်း​အတွက်​၊ သို့မဟုတ် စေတနာ​အလျောက်​ပူဇော်​ခြင်း​အတွက် ပူဇော်​သော​ယဇ်​ဖြစ်လျှင် ထို​ယဇ်ကောင်​ကို ပူဇော်​သော​နေ့​၌ စား​ရ​မည်​။ အကျန်​ကို နောက်တစ်နေ့​၌​လည်း စား​ခွင့်​ရှိ​၏​။ သုံး​ရက်​မြောက်​သော​နေ့​၌ ထို​ယဇ်ကောင်​၏​ကျန်​သော​အသား​ကို မီး​ရှို့​ပစ်​ရ​မည်​။ သုံး​ရက်​မြောက်​သော​နေ့​၌ မိတ်သဟာယယဇ်​အသား​ကို အနည်းငယ်​မျှပင်​စား​မိ​လျှင် ထို​ယဇ်​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ပူဇော်​သော​သူ​ကို​လည်း အသိအမှတ်​ပြု​မည်​မ​ဟုတ်​။ ထို​ယဇ်​သည် ရွံရှာဖွယ်​ဖြစ်​၏​။ ၎င်း​ကို​စား​မိ​သော​သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။ မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​နှင့်​ထိမိ​သော​အသား​ကို မ​စား​ရ​။ မီး​ရှို့​ပစ်​ရ​မည်​။ သန့်ရှင်း​သော​အသား​ကို စင်ကြယ်​သော​သူ​တိုင်း စား​ခွင့်​ရှိ​၏​။ တစ်စုံတစ်ဦး​သည် မိမိ​ကိုယ်​ပေါ်၌ အညစ်အကြေး​ရှိ​လျက်​နှင့် ထာဝရဘုရား​အား ပူဇော်​သော​မိတ်သဟာယယဇ်ကောင်​၏​အသား​ကို​စား​လျှင် ထို​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ တစ်စုံတစ်ဦး​သည် လူ​၏​အညစ်အကြေး​ကို​ဖြစ်စေ​၊ မစင်ကြယ်​သော​တိရစ္ဆာန်​ကို​ဖြစ်စေ​၊ မစင်ကြယ်​သော​ရွံရှာဖွယ်​ရာ တစ်စုံတစ်ခု​ကို​ဖြစ်စေ မစင်ကြယ်​သော​မည်သည့်​အရာ​ကို​မ​ဆို ထိမိ​ပြီး ထာဝရဘုရား​အဖို့ ပူဇော်​သော​မိတ်သဟာယယဇ်ကောင်​၏​အသား​ကို​စား​လျှင် ထို​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် နွား​၊ သိုး​၊ ဆိတ်​တို့​၏​အဆီ​မှန်သမျှ မ​စား​ရ​။ အလိုလို​သေ​သော​အကောင်​၏​အဆီ​၊ သားရဲ​ကိုက်သတ်​သော​အကောင်​၏​အဆီ​ကို တစ်စုံတစ်ရာ​အတွက်​အသုံး​ပြု​နိုင်​သော်လည်း လုံးဝ​မ​စား​ရ​။ တစ်စုံတစ်ဦး​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​တိရစ္ဆာန်​၏​အဆီ​ကို​စား​လျှင် စား​သော​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ ငှက်​သွေး​ဖြစ်စေ​၊ တိရစ္ဆာန်​သွေး​ဖြစ်စေ မည်သည့်​သွေး​ကို​မျှ မ​စား​ရ​။ သွေး​တစ်မျိုးမျိုး​ကို​စား​သော​သူ​မှန်သမျှ မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ကို ပူဇော်​သော​သူ​သည် မိမိ​၏​မိတ်သဟာယယဇ်​ထဲမှ ပူဇော်သက္ကာ​ကို ထာဝရဘုရား​ထံ ယူဆောင်​လာ​ရ​မည်​။ ထို​သူ​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို မိမိ​လက်​ဖြင့်​ယူဆောင်​လာ​ရ​မည်​။ အဆီ​နှင့်တကွ​ရင်ပုံ​ကို ယူဆောင်​လာ​၍ ရင်ပုံ​ကို ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် အဆီ​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ရင်ပုံ​သည် အာရုန်​နှင့်​သူ​၏​သား​တို့​အတွက်​ဖြစ်​၏​။ မိတ်သဟာယယဇ်ကောင်​၏​ယာဘက်​ပေါင်​ကို အလှူပစ္စည်း​အဖြစ် ယဇ်ပုရောဟိတ်​အား ပေး​ရ​မည်​။ ထို​ယာဘက်​ပေါင်​သည် မိတ်သဟာယယဇ်ကောင်​၏​သွေး​နှင့်​အဆီ​ကို​ပူဇော်​ပေး​သော အာရုန်​၏​သား​အတွက် ဝေစု​ဖြစ်​၏​။ အကြောင်းမူကား အစ္စရေး​အမျိုးသား​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​အဖြစ် ငါ​သည် မိတ်သဟာယယဇ်​များ​ထဲမှ ချီလွှဲရာပူဇော်သက္ကာ​ဖြစ်​သော​ရင်ပုံ​နှင့် အလှူပစ္စည်း​ဖြစ်​သော​ယာဘက်​ပေါင်​ကို အစ္စရေး​အမျိုးသား​တို့​ထံမှ​ယူ​၍ ယဇ်ပုရောဟိတ်​အာရုန်​နှင့်​သူ​၏​သား​တို့​အား ပေး​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ဤ​ဝေစု​သည် ယဇ်ပုရောဟိတ်​အဖြစ် ထာဝရဘုရား​ထံ၌ အမှု​တော်​ကို​ဆောင်ရွက်​ရန် အာရုန်​နှင့်​သူ​၏​သား​တို့​ကို ခန့်အပ်​သော​နေ့​မှစ၍ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ထဲမှ အာရုန်​၏​ဝေစု​နှင့် သူ့​သား​တို့​၏​ဝေစု​ဖြစ်​၏​။ သူ​တို့​ကို ဘိသိက်ပေး​သော​နေ့​၌ အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အား ထို​ဝေစု​ကို​ပေး​ရန် ထာဝရဘုရား မိန့်မှာ​တော်မူ​ခဲ့​၏​။ ၎င်း​သည် သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။ ဤသည်ကား မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ အပြစ်ဒဏ်ဖြေရာယဇ်​၊ အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​ယဇ်​နှင့် မိတ်သဟာယယဇ်​တို့​နှင့်ဆိုင်သော​တရား​ဖြစ်​၏​။ ထာဝရဘုရား​သည် သိနာ​တောကန္တာရ​၌ အစ္စရေး​အမျိုးသား​တို့​က ထာဝရဘုရား​အား ပူဇော်သက္ကာ​ကို ပူဇော်​ရ​မည်​ဟု မိန့်မှာ​တော်မူ​သော​နေ့​၌ပင် ထို​တရား​တို့​ကို မောရှေ​အား သိနာ​တောင်​ပေါ်၌ မိန့်​တော်မူ​ခဲ့​၏​။