YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 6:1-30

ဝတ်ပြုရာ 6:1-30 Judson Bible (JBMLE)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သူ​တစ်​ပါး​အပ်​နှံ​သော​ဥ​စ္စာ​အ​တွက် ပေါင်​ထား​သော​ဥ​စ္စာ​အ​တွက်၊ မိ​မိ​နှင့်​စပ်​ဆိုင်​သော​သူ​အား မု​သား​စ​ကား​ကို ပြော​သော်​လည်း​ကောင်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​ယူ​သော်​လည်း​ကောင်း၊ မိ​မိ​နှင့်​စပ်​ဆိုင်​သော​သူ​ကို လှည့်​စား​သော်​လည်း​ကောင်း၊ ပျောက်​သော​ဥ​စ္စာ​ကို တွေ့​သော​အ​ခါ၊ မု​သား​စ​ကား​ကို​ပြော၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော်​လည်း​ကောင်း၊ ထို​သို့​သော ဒု​စ​ရိုက်​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​လျှင်၊ ထို​သူ​သည် ပြစ်​မှား၍​အ​ပြစ်​ရောက်​သော​ကြောင့်၊ အ​နိုင်​အ​ထက်​ယူ​သော​ဥ​စ္စာ၊ လှည့်​စား၍​ရ​သော​ဥ​စ္စာ၊ သူ​တစ်​ပါး​အပ်​နှံ​သော​ဥ​စ္စာ၊ ပျောက်၍​တွေ့​သော​ဥ​စ္စာ၊ မ​ဟုတ်​မ​မှန်​ဘဲ​ကျိန်​ဆို၍ ရ​သော​ဥ​စ္စာ​အ​ဖိုး​နှင့်​တ​ကွ၊ ငါး​စု​တစ်​စု​ကို​ထပ်၍ ဒု​စ​ရိုက်​ဖြေ​သော​ယဇ်​ပူ​ဇော်​သော​နေ့၌ ဥ​စ္စာ​ရှင်​အား​ပြန်​ပေး​ရ​မည်။ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို​ပြု​ခြင်း​ငှာ ချင့်​တွက်​သော​အ​လျော်​ငွေ​နှင့်​တ​ကွ၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့​ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ​ပြစ်​မှား​သ​မျှ​သော​အ​ပြစ်​လွတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အာ​ရုန်​နှင့် သူ၏​သား​တို့​အား​ဆင့်​ဆို​ရ​သော မီး​ရှို့​ရာ ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ ယဇ်​ကောင်​ကို ယဇ်​ပ​လ္လင်​ထင်း​မီး​ပေါ်​မှာ တစ်​ည​လုံး​နံ​နက်​တိုင်​အောင်​ရှိ​စေ၍၊ ယဇ်​ပ​လ္လင်​မီး​သည် အ​စဉ်​လောင်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် ပိတ်​အင်္ကျီ၊ ပိတ်​ဘောင်း​ဘီ​ကို​ဝတ်​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ကျွမ်း​လောင်​သော မီး​ရှို့​ရာ​ယဇ်​ပြာ​ကို​ကျုံး၍ ပ​လ္လင်​အ​နား​မှာ​ထား​ရ​မည်။ တစ်​ဖန် အ​ဝတ်​ကို​လဲ၍၊ ထို​ပြာ​ကို တပ်​ပြင်၌​ရှင်း​လင်း​သော​အ​ရပ်​သို့ ယူ​သွား​ရ​မည်။ ယဇ်​ပ​လ္လင်​မီး​သည် မ​သေ​ဘဲ​အ​စဉ်​လောင်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် နံ​နက်​တိုင်း​ထင်း​မီး​ထည့်၍၊ ထင်း​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို​ခင်း​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ​လည်း၊ မိတ်​သ​ဟာ​ယ​ယဇ်​ဆီ​ဥ​ကို မီး​ရှို့​ရ​မည်။ ယဇ်​ပ​လ္လင်​မီး​သည် အ​လျှင်း​မ​သေ​ဘဲ၊ အ​စဉ်​မ​ပြတ်​လောင်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား​ဟူ​မူ​ကား၊ အာ​ရုန်၏​သား​တို့​သည် ထို​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ​ပူ​ဇော်​သော​အ​ခါ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ မုန့်​ညက်​တစ်​လက်​ဆွန်း၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​တည်း​ဟူ​သော ပူ​ဇော်​သ​ကာ​အ​တွက်​အ​တာ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​စ​ရာ​ဖို့၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ကြွင်း​သော​အ​ရာ​တို့​ကို၊ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ဝင်း​အ​တွင်း​တွင်၊ သန့်​ရှင်း​ရာ​ဌာ​န၌ တ​ဆေး​မ​ပါ​ဘဲ​စား​ရ​မည်။ ထို​မုန့်​ညက်​ကို တ​ဆေး​ထည့်၍ မုန့်​မ​လုပ်​ရ။ မီး​ဖြင့် ငါ့​အား​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က ထို​မုန့်​ညက်​ကို သူ​တို့​အ​ဖို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​ပေး​ပြီ။ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကဲ့​သို့ အ​လွန်​သန့်​ရှင်း​ပေ၏။ အာ​ရုန်၏​သား​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။ မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​သော ပူ​ဇော်​သ​ကာ​ကို ကိုင်​သော​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ​မည်​ဟု သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော် ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ဘိ​သိက်​ခံ​သော​နေ့​မှ​စ၍၊ ထာ​ဝ​ရ​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ဖြစ်​စေ​ခြင်း​ငှာ၊ မုန့်​ညက်​တစ်​ဩ​မဲ​ကို၊ နံ​နက်​တစ်​ဝက်၊ ည​တစ်​ဝက် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ထို​မုန့်​ညက်​ကို​ဆီ​ထည့်၍၊ သံ​ပြား​ပူ​နှင့်​မုန့်​လုပ်​ပြီး​မှ၊ ဆောင်​ခဲ့၍​ချိုး​ဖဲ့​သ​ဖြင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ကျိုး​အ​ပဲ့​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​စ​ရာ​ဖို့ ပူ​ဇော်​ရ​မည်။ အာ​ရုန်​အ​ရာ၌ ဘိ​သိက်​ခံ​သော​သား​သည်​လည်း၊ ထို​ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ထာ​ဝ​ရ​ပ​ညတ်​တော်​ဖြစ်​သ​တည်း။ ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို အ​ကုန်​အ​စဉ်​မီး​ရှို့​ရ​မည်။ အ​လျှင်း​မ​စား​ရ​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ၊ သင်​သည် အာ​ရုန်​နှင့်​သူ၏​သား​တို့​အား ဆင့်​ဆို​ရ​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​သတ်​ရ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။ အ​ပြစ်​ဖြေ​ဖို့​ပူ​ဇော်​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ဝင်း​အ​တွင်း​တွင် သန့်​ရှင်း​ရာ​ဌာ​န၌​စား​ရ​မည်။ ထို​အ​သား​ကို​ထိ​သ​မျှ​သည် သန့်​ရှင်း၏။ အ​သွေး​ဖျန်း​သ​မျှ​သော အ​ဝတ်​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န၌​လျှော်​ရ​မည်။ ထို​အ​သား​ပြုတ်​သော မြေ​အိုး​ကို​ခွဲ​ရ​မည်။ ကြေး​ဝါ​အိုး​ဖြစ်​လျှင် ပွတ်၍​ရေ​နှင့်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​သွေး​ကို သန့်​ရှင်း​ရာ​ဌာ​န၌ အ​ပြစ်​ဖြေ​ခြင်း​ငှာ၊ ပ​ရိသတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း​သို့​ဆောင်​ခဲ့​လျှင်၊ ထို​ယဇ်​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။

ဝတ်ပြုရာ 6:1-30 Common Language Bible (BCL)

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး တော်​မူ​၏။- တစ်​စုံ​တစ်​ယောက်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တစ်​ဦး​က အပ်​နှံ​ထား​သော​အာ​မ​ခံ ငွေ​ကို​ပြန်​ပေး​ရန်​ငြင်း​ဆို​လျှင်​သော်​လည်း ကောင်း၊ သူ့​ထံ​မှ​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​ခိုး ယူ​ခြင်း​သို့​မ​ဟုတ်​သူ့​အား​လိမ်​လည်​လှည့် ဖြား​ခြင်း​ပြု​လျှင်​လည်း​ကောင်း၊- သူ​တစ်​ပါး​ပျောက်​ဆုံး​သော​ပစ္စည်း​ကို​တွေ့ လျက်​နှင့် မ​တွေ့​ဟု​ကျိန်​ဆို​၍​မု​သား​ကို ပြော​လျှင်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​ကူး​လွန်​ရာ​ရောက်​သ​ဖြင့်​ယဇ် ပူ​ဇော်​ရ​မည်။- ထို​အ​ပြစ်​များ​အ​နက်​တစ်​မျိုး​မျိုး​ကို​ကူး လွန်​သူ​သည်​မ​တ​ရား​သ​ဖြင့် ယူ​ထား​သ​မျှ ကို​ပြန်​၍​ပေး​အပ်​ရ​မည်။ သူ​၌​အ​ပြစ်​ရှိ ကြောင်း​သိ​ရ​သည့်​နေ့​၌ မိ​မိ​ယူ​ထား​သော ငွေ​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​အ​ပို​ဆောင်း ၍​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။- သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန် အ​ပြစ် ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။- ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သဖြင့်​သူ​သည် အ​ပြစ်​လွတ်​လိမ့်​မည်။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့​ရာ​ယဇ် နှင့်​ဆိုင်​သော အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို မော​ရှေ​မှ​တစ်​ဆင့်​အာ​ရုန်​နှင့်​သူ​၏​သား​တို့ အား​ချ​မှတ်​ပေး​တော်​မူ​၏။ မီး​ရှို့​ရာ​ယဇ်​ကောင် ကို​ယဇ်​ပလ္လင်​ပေါ်​တွင် တစ်​ည​လုံး​ရှိ​စေ​ရ​မည်။ ယဇ်​ပလ္လင်​မီး​ကို​လည်း​အ​စဉ်​တောက်​လောင် နေ​စေ​ရ​မည်။- ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပိတ်​ချော အ​ပေါ်​ရုံ​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​တို့​ကို ဝတ်​ဆင်​၍​ယဇ်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​မှ ကျွမ်း​လောင်​သော​ပြာ​ကို​ပလ္လင်​ဘေး​တွင် ထား​ရ​မည်။- ထို​နောက်​သူ​သည်​အ​ဝတ်​လဲ​၍ စ​ခန်း​အ​ပြင် ရှိ​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​ရာ အ​ရပ်​သို့​ပြာ​ကို​ယူ​ဆောင်​သွား​ရ​မည်။- ယဇ်​ပလ္လင်​မီး​ကို​အ​မြဲ​တောက်​လောင်​နေ​စေ​ရ မည်။ မည်​သည့်​အ​ခါ​မှ​မီး​မ​ငြိမ်း​စေ​ရ။ ယဇ် ပု​ရော​ဟိတ်​သည်​နံ​နက်​တိုင်း​ယဇ်​ပလ္လင်​ပေါ်​တွင် ထင်း​တင်​၍ မီး​ရှို့​ရာ​ယဇ်​ကို​ထင်း​ပုံ​ပေါ်​တွင် စီ​၍​တင်​ရ​မည်။ ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​မိတ် သ​ဟာ​ယ​ယဇ်​၏​ဆီ​ဥ​ကို​မီး​ရှို့​ပူ​ဇော်​ရ​မည်။- ယဇ်​ပလ္လင်​မီး​ကို​အ​မြဲ​တောက်​လောင်​နေ​စေ​ရ မည်။ မည်​သည့်​အ​ခါ​မျှ​မီး​မ​ငြိမ်း​စေ​ရ။ ဘော​ဇဉ်​သကာ​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အာ​ရုန်​၏ အ​ဆက်​အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​သည် ယဇ် ပလ္လင်​ရှေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​ဘော​ဇဉ် သ​ကာ​ကို​ပူ​ဇော်​ရ​မည်။- ဘော​ဇဉ်​သ​ကာ​အား​လုံး​ကို​ပူ​ဇော်​သည့် အ​ထိမ်း​အ​မှတ်​အ​ဖြစ် ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​လက်​တစ်​ဆုပ်၊ ဆီ​အ​နည်း​ငယ်​နှင့် တ​ကွ​အ​မွှေး​အ​ကြိုင်​ကို​ယူ​၍ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​ဘော​ဇဉ် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​၏။- ကျန်​သော​မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​စား သုံး​ရန်​အ​တွက်​ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​မုန့်​ညက်​ကို​တ​ဆေး​မဲ့​မုန့်​ဖုတ်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ဝင်း​အ​တွင်း တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​စား​သုံး​ရ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​မုန့်​ညက်​ကို​ဘော​ဇဉ်​သ​ကာ​ထဲ​မှ ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​တော်​မူ​သော​ဝေ​စု ဖြစ်​သ​တည်း။ ထို​ဘော​ဇဉ်​သ​ကာ​သည်​အ​ပြစ် ဖြေ​ရာ၊ အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​ကဲ့​သို့​အ​လွန် သန့်​ရှင်း​၏။- အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယောကျာ်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ဘော​ဇဉ် သ​ကာ​မှ​ဝေ​စု​ကို​ထာ​ဝ​စဉ်​စား​သုံး​စေ​ရ မည်။ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​က ထို ဘော​ဇဉ်​သ​ကာ​ကို​ထိ​ကိုင်​မိ​လျှင် ထို​ဘော​ဇဉ် ၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကြောင့်​ဘေး​သင့်​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​၏​အ​ဆက် အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​သိက္ခာ​တင် ခြင်း​နှင့်​ပတ်​သက်​၍ အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​ကို​သိက္ခာ​တင်​သော​နေ့​၌ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မုန့်​ညက်​နှစ် ပေါင် (နေ့​စဉ်​ပူ​ဇော်​သော​ဘော​ဇဉ်​အချင်​အ​တွယ် အ​တိုင်း) ကို​နံ​နက်​တစ်​ပေါင်​ည​နေ​တစ်​ပေါင် ပူ​ဇော်​ရ​မည်။- မုန့်​ညက်​ကို​ဆီ​ရော​၍​သံ​အိုး​ကင်း​ပေါ်​တွင် ဖုတ်​ရ​မည်။ ထို​နောက်​မုန့်​ကို​ချေ​၍ ဘော​ဇဉ် သ​ကာ​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​၏။- အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ယဇ်​ပု​ရော ဟိတ်​မင်း​အ​ဖြစ်​အ​မှု​တော်​ဆောင်​ရွက်​ရ​သူ တိုင်း​သည် ထို​ပူ​ဇော်​သ​ကာ​ကို​အ​စဉ်​ဆက်​သ ရ​မည်။ ဤ​ပြ​ဋ္ဌာန်း​ချက်​ကို​ထာ​ဝ​စဉ်​လိုက်​နာ ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ထို ဘော​ဇဉ်​သ​ကာ​ကို​အ​ကုန်​အ​စင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။- ယဇ်​ပု​ရော​ဟိတ်​ပူ​ဇော်​သော​ဘော​ဇဉ်​သ​ကာ ကို​မည်​သူ​မျှ​မ​စား​ရ။ မုန့်​အား​လုံး​ကို​မီး ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​နှင့်​ဆိုင်​သော အောက်​ပါ​ပြ​ဋ္ဌာန်း​ချက် များ​ကို​မော​ရှေ​မှ​တစ်​ဆင့်၊ အာ​ရုန်​နှင့်​သူ​၏ သား​တို့​အား​ချ​မှတ်​ပေး​တော်​မူ​၏။ ယဇ်​ပလ္လင် ၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​နေ​ရာ​တွင် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကို​သတ်​ရ​မည်။ ဤ​ပူ​ဇော်​သကာ​သည်​အ​လွန် သန့်​ရှင်း​၏။- ထို​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဝင်း​အ​တွင်း​တွင် သန့်​ရှင်း​ရာ​ဌာ​န​၌​ယဇ်​ကောင် ၏​အ​သား​ကို​စား​ရ​မည်။- တစ်​စုံ​တစ်​ယောက်​က​ထို​ယဇ်​ကောင်​၏​အ​သား ကို​ထိ​ကိုင်​မိ​လျှင် ထို​အ​သား​၏​သန့်​ရှင်း​မြင့် မြတ်​မှု​ကြောင့်​ဘေး​သင့်​လိမ့်​မည်။ အ​ဝတ်​အ​ထည် တွင်​ယဇ်​ကောင်​၏​အ​သွေး​စွန်း​လျှင် ထို​အ​စွန်း ကွက်​ကို​သန့်​ရှင်း​ရာ​ဌာ​န​တွင်​ဆေး​ကြော​ရ မည်။- ယဇ်​ကောင်​၏​အ​သား​ကို​ပြုတ်​သော​မြေ​အိုး​ကို ခွဲ​ပစ်​ရ​မည်။ အ​သား​ကို​ကြေး​အိုး​တွင်​ပြုတ် လျှင် ထို​အိုး​ကို​ပွတ်​တိုက်​၍​ရေ​ဆေး​ရ​မည်။- ယဇ်​ပု​ရော​ဟိတ်​အ​နွယ်​ထဲ​မှ​ယောကျာ်း​အ​ပေါင်း တို့​သည် ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင် သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​အ​လွန်​သန့်​ရှင်း ၏။- သို့​ရာ​တွင်​ယဇ်​ကောင်​၏​သွေး​ကို​တဲ​တော်​ထဲ​သို့ ယူ​ဆောင်​၍ အ​ပြစ်​ဖြေ​ရာ​ဝတ်​တွင်​အ​သုံး​ပြု လျှင်​ထို​ယဇ်​ကောင်​၏​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။

ဝတ်ပြုရာ 6:1-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​တစ်စုံတစ်ယောက်​သည် အပ်နှံပစ္စည်း​၊ အာမခံပစ္စည်း​၊ လုယက်ယူ​သော​ပစ္စည်း​တို့​နှင့်​ပတ်သက်၍ မိမိ​၏​အိမ်နီးချင်း​ကို​လှည့်စား​ခြင်း​ဖြင့်​လည်းကောင်း​၊ မိမိ​အိမ်နီးချင်း​ကို အနိုင်အထက်ပြု​ခြင်း​ဖြင့်​လည်းကောင်း အပြစ်ပြု​၍ ထာဝရဘုရား​ရှေ့​တော်​၌ မှားယွင်းမှု​ကို​ပြု​လျှင်​၊ ပျောက်​သော​ပစ္စည်း​ကို တွေ့​ထား​သော်လည်း ၎င်း​နှင့်​ပတ်သက်၍ လိမ်ညာ​ခြင်း​ဖြင့်​လည်းကောင်း​၊ လူ​ပြု​သော​အမှု​တစ်စုံတစ်ခု​နှင့်​ပတ်သက်၍ မဟုတ်မမှန်​ကျိန်ဆို​ခြင်း​ဖြင့်​လည်းကောင်း ထိုသို့သော​အမှု​တို့​ဖြင့်​အပြစ်ပြု​လျှင် သူ​သည် အပြစ်ပြု​၍ အပြစ်​သက်ရောက်​သောကြောင့် လုယူ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ အနိုင်အထက်ပြု​ခြင်း​ဖြင့်​ရယူ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ ယုံကြည်​၍​အပ်နှံ​ထား​သော​ပစ္စည်း​ကို​ဖြစ်စေ​၊ တွေ့​ထား​သည့်​ပစ္စည်း​ကို​ဖြစ်စေ ပြန်ပေး​ရ​မည်​။ မဟုတ်မမှန်​ကျိန်ဆို​ထား​သော​အရာ​အားလုံး​နှင့်​ပတ်သက်၍ တန်ရာတန်ကြေး​အလျော်ပေး​ရ​မည့်​အပြင် အလျော်ပေး​ရ​သည့်​တန်ဖိုး​၏​ငါးပုံတစ်ပုံ​ကို​လည်း ထပ်ပေါင်း​၍ အပြစ်ဒဏ်ဖြေရာယဇ်​ပူဇော်​သော​နေ့​၌ပင် သက်ဆိုင်သူ​ကို အလျော်ပေး​ရ​မည်​။ သူ​သည် မိမိ​၏​အပြစ်ဒဏ်ဖြေရာယဇ်​အတွက် သင်​တန်ဖိုး​ဖြတ်​ထား​သည့်​အတိုင်း သိုးအုပ်​ထဲမှ​အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ရှေ့​တော် ယဇ်ပုရောဟိတ်​ထံ ယူဆောင်​လာ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သဖြင့် သူ့​အပေါ် အပြစ်​သက်ရောက်​စေ​သော သူ​ကျူးလွန်​ခဲ့​သည့်​အပြစ်​အတွက် အပြစ်လွှတ်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​အာရုန်​နှင့်​သူ​၏​သား​တို့​အား ဆင့်ဆို​လော့​။ မီးရှို့ရာယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ မီးရှို့ရာယဇ်ကောင်​ကို ယဇ်ပလ္လင်​ပေါ်​ရှိ မီးတောက်​ပေါ်တွင် နံနက်​တိုင်အောင် တစ်ညလုံး​ရှိ​စေ​၍ ယဇ်ပလ္လင်​၏​မီး​သည် တောက်လောင်​လျက်​နေ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ကိုယ်​ပေါ်၌ ပိတ်ချော​အင်္ကျီ​နှင့် ပိတ်ချော​ဘောင်းဘီ​ကို​ဝတ်​၍ ယဇ်ပလ္လင်​ပေါ်​ရှိ မီး​လောင်ကျွမ်း​ထား​သည့်​မီးရှို့ရာယဇ်​၏​ပြာပုံ​ကို ထုတ်ယူ​ပြီး ယဇ်ပလ္လင်​၏​ဘေး​၌ ပုံထား​ရ​မည်​။ ထို့နောက် သူ​သည် မိမိ​ဝတ်​ထား​သော​အဝတ်​ကို​ချွတ်​၍ အခြား​အဝတ်​ကို​ဝတ်​ပြီးလျှင် ပြာပုံ​ကို တပ်စခန်း​အပြင်ဘက်​၊ သန့်ရှင်း​သော​နေရာ​သို့ ယူဆောင်​သွား​ရ​မည်​။ ယဇ်ပလ္လင်​ပေါ်မှ​မီး​ကို မ​ငြိမ်း​စေ​ဘဲ တောက်လောင်​လျက်​နေ​စေ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် နံနက်တိုင်း ယဇ်ပလ္လင်​ပေါ်၌ ထင်း​မီးထိုး​၍ မီးရှို့ရာယဇ်​ကို​ခင်းကျင်း​ပြီး ၎င်း​ပေါ်တွင် မိတ်သဟာယယဇ်​နှင့်ဆိုင်သော​အဆီ​ကို ရှို့​ရ​မည်​။ ယဇ်ပလ္လင်​ပေါ်မှ​မီး​ကို မ​ငြိမ်း​စေ​ဘဲ အစဉ်မပြတ် တောက်လောင်​လျက်​နေ​စေ​ရ​မည်​။ ဘောဇဉ်ပူဇော်သက္ကာ​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ အာရုန်​၏​သား​တို့​သည် ဘောဇဉ်ပူဇော်သက္ကာ​ကို ထာဝရဘုရား​ရှေ့​တော်​၊ ယဇ်ပလ္လင်​ရှေ့​၌ ပူဇော်​ရ​မည်​။ ပူဇော်သက္ကာ​အမှတ်သညာ​အဖြစ် ဘောဇဉ်ပူဇော်သက္ကာ​ပေါ်​ရှိ လော်ဗန်​ရှိသမျှ​နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာ​မှ အကောင်းဆုံး​ဂျုံမှုန့်​နှင့်​ဆီ​ကို လက်တစ်ဆုပ်စာ​ယူ​ရ​မည်​။ ၎င်း​ကို ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ကျန်ရှိ​သော​ဘောဇဉ်ပူဇော်သက္ကာ​ကို အာရုန်​နှင့်​သူ​၏​သား​တို့ စား​ရ​မည်​။ ၎င်း​ကို တဆေးမဲ့မုန့်​ဖုတ်​၍ သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​ဝင်း​ထဲ၌​ပင် စား​ရ​မည်​။ တဆေး​ထည့်​၍ မ​ဖုတ်​ရ​။ ငါ့​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ထဲမှ ၎င်း​ကို သူ​တို့​၏​ဝေစု​အဖြစ် ငါ​ပေး​၏​။ ၎င်း​သည် အပြစ်ဖြေရာယဇ်​နှင့် အပြစ်ဒဏ်ဖြေရာယဇ်​ကဲ့သို့ပင် အလွန်​သန့်ရှင်း​၏​။ ၎င်း​ကို အာရုန်​၏​သားမြေး​တို့​တွင် ယောက်ျား​တိုင်း စား​ခွင့်​ရှိ​၏​။ ဤသည်ကား ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​နှင့်​ပတ်သက်၍ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။ ၎င်း​တို့​ကို​ထိမိ​သော​အရာ​ဟူသမျှ သန့်ရှင်း​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​အာရုန်​နှင့်​သူ​၏​သား​တို့​သည် ဘိသိက်ခံ​သော​နေ့​၌ ထာဝရဘုရား​အား​ပူဇော်​ရ​မည့် ပူဇော်သက္ကာ​မှာ ဤသို့​ဖြစ်​၏​။ အကောင်းဆုံး​ဂျုံမှုန့် တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို နေ့စဉ်​ပူဇော်​ရ​သော​ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် နံနက်အချိန်​၌​တစ်ဝက်​၊ နေဝင်ချိန်​၌​တစ်ဝက် ပူဇော်​ရ​မည်​။ ၎င်း​ကို ဒယ်ပြား​တွင် ဆီ​ဖြင့်​နယ်​ပြီး ယူလာ​ရ​မည်​။ ၎င်း​ကို တစ်စစီ​ဖဲ့​၍ ထို​ဘောဇဉ်ပူဇော်သက္ကာ​အစအန​များ​ကို မွှေးကြိုင်​သော​ရနံ့​အဖြစ် ထာဝရဘုရား​အား​ပူဇော်​ရ​မည်​။ အာရုန်​၏​သားမြေး​များ​ထဲမှ သူ​၏​အရိုက်အရာ​ကို​ဆက်ခံ​သော ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် ထို​ပူဇော်သက္ကာ​ကို​ပူဇော်​ရ​မည်​။ ဤသည်ကား အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်ပြီး ထာဝရဘုရား​အား​ပူဇော်​သော ထို​ပူဇော်သက္ကာ​ကို အကုန်အစင်​လောင်ကျွမ်း​အောင် ရှို့​ရ​မည်​။ ယဇ်ပုရောဟိတ်​ပူဇော်​သမျှ​သော ဘောဇဉ်ပူဇော်သက္ကာ​သည် အကုန်အစင်​လောင်ကျွမ်း​ရ​မည်​။ ၎င်း​ကို​မ​စား​ရ​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​အာရုန်​နှင့်​သူ​၏​သား​တို့​အား ဆင့်ဆို​လော့​။ အပြစ်ဖြေရာယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ အပြစ်ဖြေရာယဇ်ကောင်​ကို မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၊ ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။ ဤ​ယဇ်​သည် အလွန်​သန့်ရှင်းသောယဇ်​ဖြစ်​၏​။ အပြစ်ဖြေရာယဇ်​ကို​ပူဇော်​သော​ယဇ်ပုရောဟိတ်​သည် ထို​ယဇ်​ကို စား​ရ​မည်​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဝင်း​အတွင်း သန့်ရှင်း​သော​နေရာ​၌ စား​ရ​မည်​။ ထို​ယဇ်​၏​အသား​ကို​ထိမိ​သော​အရာ​ဟူသမျှ သန့်ရှင်း​လိမ့်မည်​။ ယဇ်ကောင်​၏​သွေး​သည် အဝတ်​ကို​စဉ်​လျှင် သွေး​စဉ်​ထား​သော​အဝတ်​ကို သန့်ရှင်း​သော​နေရာ​၌ လျှော်​ရ​မည်​။ ထို​အသား​ပြုတ်​သော​မြေ​အိုး​ကို ခွဲပစ်​ရ​မည်​။ ကြေးနီ​အိုး​ဖြင့်​ပြုတ်​လျှင် အိုး​ကို​တိုက်ချွတ်​၍ ရေ​ဖြင့်​ဆေး​ရ​မည်​။ ယဇ်ပုရောဟိတ်​ဖြစ်​သော​ယောက်ျား​တိုင်း ထို​အသား​ကို​စား​ခွင့်​ရှိ​၏​။ ဤ​အပြစ်ဖြေရာယဇ်​သည် အထူး​သန့်ရှင်း​သော​ယဇ်​ဖြစ်​၏​။ မည်သည့်​အပြစ်ဖြေရာယဇ်ကောင်​မဆို ၎င်း​၏​သွေး​ကို သန့်ရှင်းရာဌာန​၌ အပြစ်ဖြေလွှတ်​ခြင်း​ပြု​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင်း​သို့ ယူဆောင်​လာ​လျှင် ထို​ယဇ်ကောင်​၏​အသား​ကို မ​စား​ရ​။ မီး​ရှို့​ပစ်​ရ​မည်​။