YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 5:1-15

ယောရှု 5:1-15 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကူး​စေ​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို၊ ယော်​ဒန်​မြစ် အ​နောက်​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း၊ ပင်​လယ်​နား​မှာ​နေ​သော ခါ​န​နိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကြား​သိ​သော​အ​ခါ၊ ရဲ​ရင့်​ခြင်း​သ​တ္တိ​အ​လျှင်း​မ​ကြွင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့် စိတ်​ပျက်​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် ကျောက်​ဓား​များ​ကို​လုပ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို တစ်​ဖန်​ပေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် ကျောက်​ဓား​များ​ကို​လုပ်၍ ဂိ​ဘာ​ရာ​လုတ်​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ၏။ ထို​သို့ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​ယောက်ျား​အ​ပေါင်း​တို့​သည် တော၌​သေ​ကြ၏။ ထို​ပြည်​မှ​ထွက်​လာ​သော သူ​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​နှင့်​ကြ​ပြီ။ တော၌ ခ​ရီး​သွား​ရာ​တွင် ဖွား​မြင်​သော​သူ​အ​ပေါင်း​တို့​မူ​ကား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို မ​ခံ​ရ​ကြ​သေး။ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ၍၊ မ​သေ​မ​ပျောက်​မီ​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌ လှည့်​လည်​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​ကို ထို​သူ​တို့​သည် မ​မြင်​ရ​ကြ​ဟု ကျိန်​ဆို​တော်​မူ၏။ သူ​တို့​ကိုယ်​စား​ဖြစ်​စေ​တော်​မူ​သော သူ​တို့၏​သား​များ​တို့​သည်၊ လမ်း၌ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို မ​ခံ​ရ​သေး​သော​ကြောင့် ယော​ရှု​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ပေး​လေ၏။ လူ​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ပြီး​မှ၊ အ​နာ​မ​ပျောက်​မီ​တိုင်​အောင် တပ်​ထဲ၌ နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို သင်​တို့​မှ ယ​နေ့ ငါ​ပယ်​ရှင်း​ပြီ​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။ သို့​ဖြစ်၍ ထို​အ​ရပ်​ကို ဂိ​လ​ဂါ​လ​ဟု ယ​နေ့​တိုင်​အောင် ခေါ်​ဝေါ်​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​လ​ဂါ​လ​အ​ရပ်​တွင်​တပ်​ချ၍၊ ထို​လ တစ်​ဆယ်​လေး​ရက်​နေ့၊ ညဉ့်​ဦး​ယံ၌ ယေ​ရိ​ခေါ​လွင်​ပြင်​မှာ ပ​သ​ခါ​ပွဲ​ကို​ခံ​ကြ၏။ ပ​သ​ခါ​ပွဲ​ကို ခံ​ပြီး​မှ၊ နက်​ဖြန်​နေ့၌ ခါ​နာန်​စ​ပါး​ဖြင့်​လုပ်​သော တ​ဆေး​မဲ့​မုန့်​နှင့် ပေါက်​ပေါက်​ကို တစ်​နေ့​ချင်း​တွင် စား​ရ​ကြ၏။ ခါ​နာန်​ပြည် စ​ပါး​ကို​စား၍၊ နက်​ဖြန်​နေ့၌ မ​န္န​ပြတ်​လေ၏။ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​န္န​ကို​မ​ရ​ကြ။ ထို​နှစ်​တွင် ခါ​နာန်​ပြည်၌​ဖြစ်​သော အ​သီး​အ​နှံ​ကို စား​ရ​ကြ၏။ ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​အ​နား​မှာ​ရှိ​နေ​စဉ် မျှော်​ကြည့်၍၊ လူ​တစ်​ယောက်​သည် ဓား​ကို​ဓား​အိမ်​မှ ထုတ်​ကိုင်​လျက်၊ ကန့်​လန့်​ရပ်​နေ​သည်​ကို မြင်​လျှင်၊ သူ့​ထံ​သို့​သွား၍ သင်​သည် ငါ​တို့​ဘက်၌​နေ​သော​သူ​လော၊ ငါ​တို့​ရန်​သူ​ဘက်၌ နေ​သော​သူ​လော​ဟု​မေး​သော်၊ ထို​သူ​က၊ ထို​သို့​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​ကို​အုပ်​စိုး​သော​ဗိုလ်​မှူး​ဖြစ်၍ ယ​ခု​ငါ​လာ​သည်​ဟု​ဆို၏။ ယော​ရှု​သည်​လည်း မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ကိုး​ကွယ်​လျက်၊ ကိုယ်​တော်​ကျွန်​အား အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​ကို​အုပ်​စိုး​သော ဗိုလ်​မှူး​က၊ သင်၏​ခြေ​နင်း​ကို ချွတ်​လော့။ သင်​နင်း​သော​အ​ရပ်​ကား မြေ​မြတ်​ဖြစ်​သည်​ဟု ဆို​သည်​အ​တိုင်း ယော​ရှု​ပြု​လေ၏။

ယောရှု 5:1-15 Common Language Bible (BCL)

ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​ဘု​ရင်​များ​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ တစ်​လျှောက်​စိုး​စံ​သော​ခါ​နာန်​ဘု​ရင်​အ​ပေါင်း တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​သည်​အ​ထိ မြစ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း ကြား​သိ​ရ​ကြ​၏။ ထို​ကြောင့်​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့ ၍​စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ကျောက် စောင်း​ဋ္ဌား​များ​ကို​ပြု​လုပ်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂလာ​ကို​စီ​ရင်​ပေး​လော့''ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​ယော​ရှု​သည်``အ​ရေ​ဖျား​လှီး​ခြင်း တောင်​ကုန်း'' ဟု​နာ​မည်​တွင်​သည့်​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​ကို​စီ​ရင်​ပေး​လေ​၏။- အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​ယောကျာ်း​အား လုံး​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ပြီး​ဖြစ်​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် နှစ်​ပေါင်း​လေး​ဆယ်​ကြာ သော​တော​ကန္တာ​ရ​ခ​ရီး​တွင်​မည်​သည့်​ယောကျာ်း က​လေး​မျှ​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို မ​ခံ​ခဲ့​ရ​ချေ။ ထို​အ​နှစ်​လေး​ဆယ်​ကာ​လ ကုန်​ဆုံး​သော​အ​ခါ​၌​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​စစ်​မှု​ထမ်း​အ​ရွယ်​ရောက်​သူ​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​မ​လိုက်​နာ​သ​ဖြင့်​သေ​ဆုံး​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘိုး​ဘေး​တို့​အား​ပေး မည်​ဟု​က​တိ​ထား​တော်​မူ​သော​မြေ​သြ​ဇာ ထက်​သန်​၍ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့် ပြည်​ကို ထို​သူ​တို့​မ​မြင်​ရ​ဟု​ကျိန်​ဆို​တော် မူ​သည်​နှင့်​အ​ညီ​မြင်​ခွင့်​ကို​မ​ရ​ကြ​ချေ။- သူ​တို့​၏​သား​များ​သည်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​ခဲ့​ရ​သ​ဖြင့် ယော​ရှု သည်​ထို​သား​များ​အ​တွက်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပေး​ခြင်း​ဖြစ်​သည်။ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပြီး​နောက် ဣ​သ​ရေ​လ​အမျိုးသား​အ​ပေါင်း​တို့​သည်​အ​နာ ကျက်​သည့်​တိုင်​အောင်​စ​ခန်း​ထဲ​တွင်​နေ​ထိုင် ကြ​လေ​သည်။- ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``အီ​ဂျစ် ပြည်​တွင်​သင်​တို့​ကျွန်​ခံ​ရ​သော​အ​ရှက်​ကို​ငါ သည်​ယ​နေ့​ဖယ်​ရှား​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို့ ကြောင့်​ထို​အရပ်​သည်​ယ​နေ့​တိုင်​အောင်​ဂိ​လ ဂါ​လ ဟု​နာ​မည်​တွင်​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယေ​ရိ​ခေါ မြို့​အ​နီး​လွင်​ပြင်​၌​ရှိ​သော​ဂိ​လ​ဂါ​လ အ​ရပ်​တွင် စ​ခန်း​ချ​နေ​စဉ်​ပ​ထ​မ​လ​တစ် ဆယ့်​လေး​ရက်​နေ့​ည​၌​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​ကြ​သည်။- နောက်​တစ်​နေ့​၌​သူ​တို့​သည်​ပထမ​ဦး​ဆုံး​အ​ကြိမ် အ​နေ​ဖြင့် ခါ​နာန်​ပြည်​ထွက်​စပါး​နှင့်​ပြု​လုပ် သော​ပေါက်​ပေါက်​နှင့်​တဆေး​မ​ပါ​သော​မုန့်​ကို စား​ရ​ကြ​သည်။- ထို​နေ့​မှ​စ​၍​မန္န​မုန့်​ကောင်း​ကင်​မှ​မ​ကျ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မန္န​မုန့်​ကို မ​စား​ရ​တော့​ချေ။ ထို​အ​ချိန်​မှ​စ​၍​သူ​တို့ သည်​ခါ​နာန်​ပြည်​ထွက်​အ​သီး​အ​နှံ​များ​ကို စား​ရ​ကြ​သည်။ ယော​ရှု​သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​သို့​ရောက်​ရှိ လာ​စဉ် မိ​မိ​ရှေ့​တွင်​ဋ္ဌား​လွတ်​ကိုင်​သူ​တစ်​ဦး ရပ်​နေ​သည်​ကို​ရုတ်​တ​ရက်​မြင်​ရ​သည်။ ယော​ရှု သည်​ထို​သူ​ထံ​သို့​ချဉ်း​ကပ်​၍``သင်​သည်​ငါ​တို့ ဘက်​တော်​သား​လော၊ ရန်​သူ​လော'' ဟု​မေး​၏။ ထို​သူ​က``ဘက်​တော်​သား​လည်း​မ​ဟုတ်၊ ရန်​သူ လည်း​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​၏​တပ်​မှူး​အ ဖြစ်​ငါ​လာ​၏'' ဟု​ဖြေ​ကြား​၏။ ထို​အ​ခါ​ယော​ရှု​သည်​မြေ​ပေါ်​တွင်​ပျပ်​ဝပ်​ရှိ​ခိုး လျက်``အ​ရှင်၊ ကိုယ်​တော့်​ကျွန်​အား​အ​မိန့်​ရှိ​တော် မူ​ပါ'' ဟု​လျှောက်​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​တပ်​မှူး​က``သင်​၏​ဖိ​နပ်​ကို ချွတ်​လော့။ သင်​နင်း​သော​မြေ​သည်​သန့်​ရှင်း​မြင့် မြတ်​သော​မြေ​ဖြစ်​၏'' ဟု​ဆို​လေ​၏။ ထို​သူ အ​မိန့်​ပေး​သည်​အ​တိုင်း​ယော​ရှု​လိုက်​နာ​၏။

ယောရှု 5:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဂျော်ဒန်​မြစ်​ကို​အစ္စရေး​အမျိုးသား​တို့ ကူး​ပြီး​သည်​အထိ ထာဝရဘုရား​သည် သူ​တို့​မျက်စိ​ရှေ့​တွင် မြစ်​ရေ​ကို​ခန်းခြောက်​စေ​ခဲ့​ကြောင်း​ကို ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​ဘုရင်​များ​၊ ပင်လယ်​နား​ရှိ ခါနာန်​ဘုရင်​များ ကြား​ကြ​သောအခါ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​သတင်း​ကြောင့် စိတ်ပျက်အားလျော့​၍ အလွန်​ကြောက်ရွံ့​ကြ​၏​။ ထို​အချိန်​ကာလ​တွင် ထာဝရဘုရား​က ယောရှု​အား “​မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​၍ အစ္စရေး​အမျိုးသား​တို့​အား ဒုတိယအကြိမ် အရေဖျားလှီး​ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ယောရှု​သည် မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​ပြီး ဂိဘာ​ဟာရာလုတ်​အရပ်​၌ အစ္စရေး​အမျိုးသား​တို့​ကို အရေဖျားလှီး​ပေး​လေ​၏​။ ယောရှု​သည် အစ္စရေး​အမျိုးသား​တို့​အား အရေဖျားလှီး​ပေး​ရ​သည့်​အကြောင်း​ကား ဤသို့​ဖြစ်​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​လူ​တို့​တွင် စစ်သူရဲ​ယောက်ျား​အပေါင်း​တို့​သည် တောကန္တာရ​လမ်းခရီး​၌ သေဆုံး​ကြ​ပြီ​ဖြစ်​၏​။ ထို​ပြည်​မှ​ထွက်လာ​သော​သူ​အပေါင်း​တို့​သည် အရေဖျားလှီး​ခြင်း​ခံ​ပြီး​ဖြစ်​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် တောကန္တာရ​လမ်းခရီး​၌​မွေးဖွား​သော​သူ​တို့​မူကား အရေဖျားလှီး​ခြင်း​မ​ခံရ​သေး​ပေ​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော အစ္စရေး​လူမျိုး​စစ်သူရဲ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သောကြောင့် ထို​ပြည်​ကို ငါ​တို့​အား ပေး​မည်​ဟု ဘိုးဘေး​တို့​အား​ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သော်လည်း နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သူ​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောကန္တာရ​၌ အနှစ်​လေးဆယ်​ပတ်လုံး​လှည့်လည်​၍ သေ​ကြ​ကုန်​၏​။ သူ​တို့​၏​နေရာ​တွင် နောက်ထပ်​မွေးဖွား​လာ​သော​သားမြေး​တို့​သည် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ရ​သေး​သော​သူ​များ​ဖြစ်​၍ ခရီး​သွား​နေစဉ်​အတွင်း အရေဖျားလှီး​ခြင်း​မ​ခံရ​သေး​သောကြောင့် ယောရှု​သည် သူ​တို့​ကို အရေဖျားလှီး​ပေး​၏​။ တစ်မျိုးသားလုံး အရေဖျားလှီး​ခြင်း​ကို ခံ​ပြီး​သောအခါ အနာပျောက်​သည်​အထိ တပ်စခန်း​၌​သာ နား​နေ​ကြ​၏​။ တစ်ဖန် ထာဝရဘုရား​က ယောရှု​အား “​သင်​တို့​ခံရ​သော​အီဂျစ်​ပြည်သား​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ယနေ့ ငါ​ဖယ်ရှား​ပစ်​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ထို​အရပ်​ကို ဂိလဂါလ​ဟု ယနေ့​တိုင်​ခေါ်ဆို​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ဂိလဂါလ​အရပ်​၌ စခန်းချ​၍ ထို​လ​တစ်ဆယ့်​လေး​ရက်​၊ နေဝင်ချိန်​တွင် ဂျေရိခေါ​လွင်ပြင်​၌ ပသခါပွဲတော်​ကို ကျင်းပ​ကြ​၏​။ ပသခါပွဲတော်​ကျင်းပ​ပြီး​နောက်တစ်နေ့​တွင် ထို​ပြည်​ထွက်​တဆေးမဲ့မုန့်​နှင့် မုန့်ဆန်း​ကို ထို​နေ့ချင်း​တွင် စား​ကြ​၏​။ ထို​ပြည်​ထွက်​အစားအစာ​ကို​စား​ပြီး နောက်တစ်နေ့​တွင် မန္နမုန့်​ပြတ်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မန္နမုန့်​ကို မ​စား​ရ​ကြ​တော့​ပေ​။ ထို​နှစ်​တွင် ခါနာန်​ပြည်​ထွက်​အသီးအနှံ​ကို စား​ရ​ကြ​၏​။ ယောရှု​သည် ဂျေရိခေါ​မြို့​နား​တွင်​ရှိ​နေ​စဉ် မျှော်ကြည့်​လိုက်​သောအခါ လက်​၌​ဓား​ကိုင်​ထား​သော​လူ​တစ်​ယောက် သူ့​ရှေ့​၌​ရပ်​နေ​သည်​ကို တွေ့​၏​။ ယောရှု​က​လည်း သူ့​ထံ​သွား​၍ “​သင်​သည် ငါ​တို့​ဘက်​က​လော​၊ ရန်သူ​တို့​ဘက်​က​လော​”​ဟု မေး​လေ​၏​။ ထို​သူ​က​လည်း “​မည်သည့်​ဘက်​က​မှ မ​ဟုတ်​ပါ​။ ငါ​သည် ထာဝရဘုရား​ခန့်အပ်​ထား​သော​စစ်သူကြီး​အဖြစ် လာ​ခြင်း​ဖြစ်​၏​”​ဟု ဆို​၏​။ ထိုအခါ ယောရှု​က ထို​သူ​ရှေ့​တွင် ပျပ်ဝပ်​ကိုးကွယ်​လျက် “​အကျွန်ုပ်​သခင်​၊ သခင့်​အစေအပါး​ကို မည်သို့​မိန့်ဆို​မည်နည်း​”​ဟု မေး​လေ​၏​။ ထာဝရဘုရား​ခန့်အပ်​ထား​သော​ကောင်းကင်​ဗိုလ်ခြေ​၏​စစ်သူကြီး​က​လည်း “​သင်​ရပ်​နေ​သော​နေရာ​သည် သန့်ရှင်း​သော​မြေ​ဖြစ်၍ သင်​၏​ခြေ​မှ​ဖိနပ်​ကို​ချွတ်​လော့​”​ဟု ဆို​သည့်​အတိုင်း ယောရှု ပြု​လေ​၏​။