ယောရှု 2:21-24
ယောရှု 2:21-24 Judson Bible (JBMLE)
မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါစေတော့ဟုဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ၏။ မိန်းမသည်လည်း ထိုကြိုးနီကို ပြတင်းပေါက်၌ ချည်ထားလေ၏။ ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင်သွား၍ လိုက်ရှာသောသူတို့ မပြန်မီတိုင်အောင် သုံးရက်နေကြ၏။ ရှာသောသူတို့သည်လည်း လမ်းတစ်လျှောက်လုံး ရှာ၍မတွေ့ကြ။ ထိုလူနှစ်ယောက်တို့သည် လှည့်၍ တောင်ပေါ်ကဆင်းပြီးမှ မြစ်ကိုကူးသဖြင့်၊ နုန်၏သားယောရှုထံသို့ ရောက်၍၊ မိမိတို့၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက်၊ အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်တစ်လျှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ။ ငါတို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်လျက်ရှိကြပါ၏ဟု ယောရှုအားလျှောက်ဆို၏။
ယောရှု 2:21-24 Common Language Bible (BCL)
ရာခပ်သည်သူတို့ပြောသည့်အတိုင်းလိုက်နာ ပါမည်ဟုဝန်ခံသဖြင့် သူတို့သည်ထွက်ခွာ သွားကြသည်။ သူတို့ထွက်သွားကြပြီးနောက် ရာခပ်သည်ပြူတင်းပေါက်တွင်ကြိုးနီကိုချည် ထားလေသည်။ သူလျှိုတို့သည်တောင်ကုန်းများပေါ်သို့တက် ၍ပုန်းအောင်းနေကြ၏။ မင်းကြီးစေလွှတ်သော သူများသည် သူလျှိုတို့ကိုသုံးရက်တိုင်အောင် နေရာအနှံ့လိုက်လံရှာဖွေ၍မတွေ့လျှင် ယေရိခေါမြို့သို့ပြန်လာကြလေသည်။- ထိုနောက်သူလျှိုနှစ်ဦးတို့သည်တောင်ကုန်း များပေါ်မှဆင်းပြီးလျှင်မြစ်ကိုဖြတ်ကူး၍ ယောရှုထံသို့ပြန်လာကြ၏။ သူတို့သည် ဖြစ်ပျက်ခဲ့သမျှကိုယောရှုအားပြန် ကြားပြီးလျှင်၊- ထာဝရဘုရားသည်အကျွန်ုပ်တို့အား ထိုပြည်တစ်ပြည်လုံးကိုမုချပေးတော်မူ ပြီ။ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့ကိုကြောက်လန့်လျက်ရှိကြ ပါသည်'' ဟုဆိုကြ၏။
ယောရှု 2:21-24 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရာခပ်ကလည်း “သင်တို့စကားအတိုင်းဖြစ်ပါစေ”ဟု ဆိုပြီး သူတို့ကိုလွှတ်လိုက်သဖြင့် သူတို့သည် ထွက်သွားကြ၏။ ရာခပ်သည်လည်း ကြိုးနီကို ပြတင်းပေါက်၌ချည်ထားလေ၏။ သူတို့သည်ထွက်သွား၍ တောင်ပေါ်သို့တက်ပြီး လိုက်ရှာသောသူတို့ပြန်လာသည်အထိ တောင်ပေါ်၌ သုံးရက်ပုန်းနေလေ၏။ လိုက်ရှာသောသူတို့သည် လမ်းတစ်လျှောက်လုံးရှာသော်လည်း သူတို့ကို မတွေ့ကြ။ ထို့နောက်မှ သူတို့နှစ်ယောက် တောင်ပေါ်မှဆင်းလာကြ၏။ မြစ်ကိုကူးပြီး နုန်၏သား ယောရှုထံသို့ပြန်လာ၍ သူတို့ကြုံတွေ့ခဲ့ရသောအရာအလုံးစုံတို့ကို ပြောပြလေ၏။ သူတို့က ယောရှုအား “အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်တစ်ပြည်လုံးကို အကျွန်ုပ်တို့လက်သို့အပ်တော်မူပြီ။ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့သည်လည်း အကျွန်ုပ်တို့သတင်းကိုကြားသဖြင့် စိတ်အားလျော့လျက်ရှိကြပါ၏”ဟု ဆိုလေ၏။