YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 1:7-9

ယောရှု 1:7-9 Judson Bible (JBMLE)

သို့​ဖြစ်၍ ငါ၏​ကျွန်​မော​ရှေ​မှာ​ထား​သော တ​ရား​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​ငှာ အား​ယူ၍ အ​လွန်​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ကြံ​စည်​လေ​သ​မျှ​တို့၌ အောင်​မည်​အ​ကြောင်း ထို​တ​ရား​လမ်း​သို့ လိုက်​လော့။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​နှင့်။ ထို​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​အ​လို​ငှာ ကျမ်း​စာ​ကို မ​ဖတ်​မ​ရွတ်​ဘဲ​မ​နေ၊ နေ့​ည​မ​ပြတ် ကြည့်​ရှု​ဖတ်​ရွတ်​ရ​မည်။ သို့​ပြု​လျှင် သင်​သည်​အ​ကြံ​ထ​မြောက်၍ အောင်​မြင်​လိမ့်​မည်။ သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ယောရှု 1:7-9 Common Language Bible (BCL)

အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​၏ အ​စေ​ခံ​မော​ရှေ​ပေး​သော​ပ​ညတ်​အား​လုံး ကို​တစ်​သ​ဝေ​မ​တိမ်း​စောင့်​ထိန်း​လော့။ ပ​ညတ် ရှိ​သ​မျှ​ကို​တစ်​ခု​မ​ကျန်​စောင့်​ထိန်း​လျှင် သင်​သည်​ကြံ​တိုင်း​အောင်​လိမ့်​မည်။- ဘု​ရား​ဝတ်​ပြု​ရာ​၌​ပ​ညတ်​တ​ရား​ရေး ထား​သော​ကျမ်း​စာ​အုပ်​ကို အ​မြဲ​ဖတ်​ရ​မည်။ ထို​ကျမ်း​စာ​အုပ်​ကို​နေ့​ည​မ​ပြတ်​လေ့​လာ​၍ ပါ​ရှိ​သ​မျှ​သော​ပ​ညတ်​တို့​ကို​စောင့်​ထိန်း ရ​မည်။ သို့​ပြု​လျှင်​သင်​သည်​ကြီး​ပွား​အောင် မြင်​လိမ့်​မည်။- သို့​ဖြစ်​၍​ငါ​မိန့်​မှာ​သည့်​အ​တိုင်း​ရဲ​ရင့်​ခြင်း ရှိ​လော့။ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ စိတ်​မ​ပျက်​နှင့်။ သင်​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​သွား​လေ​ရာ​ရာ​၌​သင်​နှင့်​အ​တူ​ရှိ​တော် မူ​၏'' ဟု​မိန့်​တော်​မူ​၏။

ယောရှု 1:7-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ သင်​ပြု​လေရာရာ​၌ အထမြောက်​မည့်​အကြောင်း သင့်​အား ငါ့​အစေအပါး​မောရှေ မှာထား​ခဲ့​သော​ပညတ်တရား​အလုံးစုံ​ကို လိုက်နာ​စောင့်ထိန်း​လော့​။ လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​သို့ လွှဲ​မ​သွား​နှင့်​။ ဤ​ပညတ်တရားကျမ်း​၌ ရေးထား​သမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​နိုင်​မည့်​အကြောင်း ထို​တရား​တို့​ကို သင့်​နှုတ်​မှ​မ​ကွာ​စေ​နှင့်​။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့​ရ​မည်​။ သို့ပြုလျှင် သင့်​ဘဝ​လမ်းခရီး​၌ အထမြောက်​အောင်မြင်​လိမ့်မည်​။ သင့်​ကို ငါ​မိန့်မှာ​ထား​သည်​မ​ဟုတ်​လော​။ အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​။ သင်​သွား​လေရာရာ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။