YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 1:1-6

ယောရှု 1:1-6 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် အ​နိ​စ္စ​ရောက်​သော​နောက်၊ မော​ရှေ​လက်​ထောက်၊ နုန်၏​သား​ယော​ရှု​အား ထာ​ဝ​ရ​ဘု​ရား​က၊ ငါ၏​ကျွန်​မော​ရှေ​သည် အ​နိ​စ္စ​ရောက်​လေ​ပြီ။ သို့​ဖြစ်၍၊ သင်​နှင့် သင်၌​ပါ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယ​ခု​ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို ဝင်​စား​ကြ​လော့။ မော​ရှေ​အား ငါ​က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့​နင်း​သ​မျှ​သော​မြေ​ကို သင်​တို့​အား​ငါ​ပေး​မည်။ တော​ကြီး​မှ​စ၍ လေ​ဗ​နုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​ကြီး​မှ​စ၍ ဟိ​တ္တိ​ပြည်​တစ်​လျှောက်​လုံး​ပါ​လျက်၊ နေ​ဝင်​ရာ​ဘက် ပင်​လယ်​ကြီး​တိုင်​အောင်​လည်း​ကောင်း၊ သင်​တို့​နယ် အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။ သင့်​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ရာ။ မော​ရှေ​နှင့်​အ​တူ ငါ​ရှိ​သ​ကဲ့​သို့ သင်​နှင့် အ​တူ​ငါ​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​ပစ်၍​မ​ထား။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကို သင်​သည် ဤ​လူ​တို့​အား​ဝေ၍ အ​မွေ​ပေး​ရ​မည်။

ယောရှု 1:1-6 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ အ​နိစ္စ ရောက်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ ၏​လက်​ထောက်၊ နုန်​၏​သား​ယော​ရှု​အား၊- ``ငါ​၏​အ​စေ​ခံ​မော​ရှေ​အနိစ္စ​ရောက်​ပြီ။ သင် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ ငါ​ပေး​သ​နား​တော် မူ​မည့်​ပြည်​တွင်း​သို့​ဝင်​ရောက်​ရန်​ယ​ခု​အ​သင့် ပြင်​ဆင်​လော့။- မော​ရှေ​အား​ငါ​က​တိ​ထား​တော်​မူ​ခဲ့​သည် အ​တိုင်း သင်​တို့​ချီ​တက်​သိမ်း​ယူ​မည့်​နယ် မြေ​အား​လုံး​ကို​သင်​တို့​အား​ငါ​ပေး မည်။- သင်​တို့​၏​ပြည်​သည်​တောင်​ဘက်​သဲ​ကန္တာ​ရ မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​အ​ထိ​လည်း ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ်​မှ​ဟိတ္တိ ပြည်​ကို​ဖြတ်​၍ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ​လည်း​ကောင်း​ကျယ်​ပြန့်​မည်။- ယော​ရှု၊ သင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး မည်​သူ​မျှ​သင့်​အား​ခု​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မော​ရှေ​နှင့်​အ​တူ​ရှိ​တော်​မူ​သည့်​နည်း တူ​ပင် သင်​နှင့်​လည်း​အ​တူ​ရှိ​မည်။ သင့်​ကို​မည် သည့်​အ​ခါ​မျှ​စွန့်​ပစ်​ထား​မည်​မ​ဟုတ်။ သင် နှင့်​အ​တူ​အ​စဉ်​ရှိ​တော်​မူ​မည်။- သင်​သည်​အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည်​ဤ​သူ​တို့​ကို​ခေါင်း​ဆောင်​၍​သူ​တို့ ၏​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရ မည်။

ယောရှု 1:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​အစေအပါး​မောရှေ​ကွယ်လွန်​ပြီးသည့်နောက် မောရှေ​၏​လက်ထောက်​ဖြစ်​သော နုန်​၏​သား​ယောရှု​အား ထာဝရဘုရား​က “​ငါ​၏​အစေအပါး​မောရှေ​ကွယ်လွန်​ပြီ​။ ထို့ကြောင့် သင်​နှင့်​ဤ​လူ​အပေါင်း​တို့​သည် ဤ​ဂျော်ဒန်​မြစ်​ကို​ကူး​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​ထဲသို့ ဝင်​ကြ​လော့​။ မောရှေ​အား ငါ​ကတိပေး​ခဲ့​သည့်​အတိုင်း သင်​တို့​ခြေချ​လေ​ရာ​မြေ​ဟူသမျှ​ကို သင်​တို့​အား​ငါ​ပေး​မည်​။ သင်​တို့​နယ်မြေ​သည် တောကန္တာရ​မှ လက်ဘနွန်​တောင်​တိုင်အောင်​၊ ယူဖရေးတီး​မြစ်​ကြီး​တစ်လျှောက် ဟိတ္တိ​ပြည်​တစ်ပြည်လုံး​မှ အနောက်ဘက်​ပင်လယ်​ကြီး​တိုင်အောင် ဖြစ်​လိမ့်မည်​။ သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင့်​ရှေ့​၌ မည်သူ​မျှ​ခုခံရပ်တည်​နိုင်​မည်​မ​ဟုတ်​။ ငါ​သည် မောရှေ​နှင့်အတူ​ရှိ​သကဲ့သို့ သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို​ငါ​ပစ်​ထား​မည်​မ​ဟုတ်​၊ စွန့်ပစ်​မည်​မ​ဟုတ်​။ အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ ဤ​ပြည်​ကို ဤ​လူမျိုး​တို့​အား​ပေး​မည်​ဟု သူ​တို့​၏​ဘိုးဘေး​တို့​အား ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း ဤ​ပြည်​ကို သူ​တို့​အား အမွေခွဲဝေ​ပေး​ရ​မည်​။