YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 24:1-25

ယောဘ 24:1-25 Judson Bible (JBMLE)

အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​ကြောင့်​ကာ​လ​အ​ချိန်​တို့​ကို သို​ထား​တော်​မ​မူ​သ​နည်း။ နား​လည်​သော​သူ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကို အ​ဘယ်​ကြောင့် မ​မြင်​ရ​သ​နည်း။ အ​ချို့​သော​သူ​တို့​သည် မြေ​မှတ်​တိုင်​တို့​ကို ရွှေ့​တတ်​ကြ၏။ သူ​တစ်​ပါး၏​သိုး​ဆိတ်​တို့​ကို လု​ယူ၍ ကိုယ်​အ​ဖို့ ထိန်း​ကျောင်း​ကြ၏။ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၏​မြည်း​ကို မောင်း​သွား၍၊ မု​ဆိုး​မ၏​နွား​ကို အ​ပေါင်​ယူ​ကြ၏။ ငတ်​မွတ်​သော​သူ​တို့​ကို လမ်း​လွဲ​စေ​ကြ၏။ ဆင်း​ရဲ​သော​ပြည်​သား​တို့​သည် စု​ဝေး၍ ပုန်း​ရှောင်​လျက်​နေ​ရ​ကြ၏။ သူ​တို့​သည် အ​လုပ်​လုပ်​ခြင်း​ငှာ တော၌​ရိုင်း​သော​မြည်း​ကဲ့​သို့ ထွက်​ရ​ကြ၏။ စား​စ​ရာ​ကို​ရှာ​ခြင်း​ငှာ နံ​နက်​စော​စော​သွား၍၊ ကိုယ်​အ​ဖို့​နှင့် သား​သ​မီး​တို့​အ​ဖို့​ကို တော၌​တွေ့​ရ​ကြ၏။ လယ်​ပြင်၌​ကား၊ ညှဉ်း​ဆဲ​သော​သူ၏​စ​ပါး​ကို ရိတ်၍၊ သူ၏​စ​ပျစ်​သီး​ကို သိမ်း​ရ​ကြ၏။ ချမ်း​သော​ကာ​လ၌ ကိုယ်​ကို​ဖုံး​လွှမ်း​စ​ရာ အ​ဝတ်​မ​ရှိ။ အ​ချည်း​စည်း အိပ်​ရ​ကြ၏။ တည်း​ခို​စ​ရာ တဲ​မ​ရှိ​သော​ကြောင့်၊ တောင်​ပေါ်၌ မိုး​ရေ​စို​စွတ်​လျက် ကျောက်​ကြား​မှာ ခို​ရ​ကြ၏။ အ​ဘ​မ​ရှိ​သော​သူ​ငယ်​သည် အ​မိ​နို့​နှင့်​ကွာ​ရ၏။ ဆင်း​ရဲ​သား​သည် မိ​မိ​ဥ​စ္စာ​ကို ပေါင်​ထား​ရ၏။ အ​ဝတ်​မ​ရှိ အ​ချည်း​စည်း​လှည့်​လည်၍ မွတ်​သိပ်​လျက်၊ သူ​တစ်​ပါး​ကောက်​လှိုင်း​ကို ထမ်း​ရ၏။ သူ​တစ်​ပါး​အိမ်​မှာ ဆီ​ကို​ကြိတ်​လျက်၊ စ​ပျစ်​သီး​ကို​နင်း​နယ်​လျက် အ​ငတ်​ခံ​ရ၏။ လူ​တို့​သည် မြို့​ထဲ​မှာ ညည်း​တွား​ကြ၏။ နာ​သော​သူ​တို့​သည် အော်​ဟစ်​ကြ၏။ သို့​သော်​လည်း သူ​တို့​ဆု​တောင်း​သော​စ​ကား​ကို ဘု​ရား​သ​ခင်​သည် ပ​မာ​ဏ​ပြု​တော်​မ​မူ။ အ​ချို့​သော​သူ​တို့​သည် အ​လင်း​ကို​ဆန့်​ကျင်​ဘက်​ပြု၍ အ​လင်း​သ​ဘော​ကို​မ​သိ။ လင်း​သော​လမ်း​သို့ မ​လိုက်​တတ်​ကြ။ လူ​သတ်​သည်​စော​စော​ထ၍ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို သတ်​တတ်၏။ ည​အ​ခါ သူ​ခိုး​လုပ်​တတ်၏။ သူ့​မ​ယား​ကို ခိုး​သော​သူ​သည် ညဉ့်​ဦး​ယံ​အ​ချိန်​ကို​မျှော်​လင့်၍၊ မိ​မိ​မျက်​နှာ​ကို​ဖုံး​လျက် အ​ဘယ်​သူ​မျှ​မ​မြင်​ရ​ဟု ဆို​တတ်၏။ လူ​ဆိုး​တို့​သည် ည​အ​ချိန်၌ သူ​တစ်​ပါး၏​အိမ်​ကို ဖောက်​ထွင်း​တတ်​ကြ၏။ နေ့​အ​ချိန်၌ ပုန်း​လျက်​နေ၍ အ​လင်း​ကို​ရှောင်​တတ်​ကြ၏။ နံ​နက်​ယံ​ကို သေ​မင်း​အ​ရိပ်​ကဲ့​သို့ ထင်​မှတ်၍၊ သေ​မင်း​အ​ရိပ်​ကြောက်​မက်​ဖွယ်​သော ဘေး​တို့​ကို သိ​ရ​ကြ၏။ ရေ​ပေါ်​မှာ ပေါ့​ပါး​ကြ၏။ မြေ​ပေါ်​မှာ ကျိန်​ဆဲ​သော​အ​ဖို့​ကို ခံ​ရ၍၊ စ​ပျစ်​ဥ​ယျာဉ်​အ​နီး​သို့ မ​ချဉ်း​ရ​ကြ။ မိုး​ရေ​သည် ခန်း​ခြောက်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ နေ​ပူ​အ​ရှိန်​အား​ဖြင့်​လည်း​ကောင်း၊ ကွယ်​ပျောက်​တတ်​သ​ကဲ့​သို့၊ မ​တ​ရား​သော​သူ​သည် သေ​မင်း​နိုင်​ငံ၌ ကွယ်​ပျောက်​တတ်၏။ သူ၏​အ​မိ​သည် သူ့​ကို​မေ့​လျော့၍၊ တီ​ကောင်​တို့​သည် မြိန်​စွာ စား​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ။ မ​တ​ရား​သော​သူ​သည် သစ်​ပင်​ကဲ့​သို့ ကျိုး​ရ​လိမ့်​မည်။ မ​တ​ရား​သော​သူ​သည် သား​မ​ဖွား​သော​မိန်း​မ​ကို ညှဉ်း​ဆဲ​တတ်၏။ မု​ဆိုး​မ​ကို​လည်း ကျေး​ဇူး​မ​ပြု​တတ်။ အား​ကြီး​သော​သူ​ကို​ပင် မိ​မိ​တန်​ခိုး​ကြောင့် ပယ်​ရှင်း​တတ်၏။ ထ​သော​အ​ခါ လူ​တိုင်း ကိုယ်​အ​သက်​အ​ဖို့ စိုး​ရိမ်​တတ်၏။ သို့​ရာ​တွင် ရဲ​ရင့်​စွာ ခို​လှုံ​ရာ​အ​ခွင့်​ကို သူ့​အား​ပေး၍၊ ထို​သို့​သော သူ​တို့၏​အ​မှု​များ​ကို ပ​မာ​ဏ​ပြု​တော်​မူ၏။ ခ​ဏ​ချီး​မြှောက်​ခြင်း​သို့​ရောက်၍ တစ်​ဖန် ကွယ်​ပျောက်​ကြ၏။ နှိမ့်​ချ​ခြင်း​သို့​ရောက်​သ​ဖြင့်၊ အ​ခြား​သော​သူ​ကဲ့​သို့ အ​သက်​ချုပ်​ခြင်း​ကို​လည်း​ကောင်း၊ စ​ပါး​နှံ​အ​ဖျား​ကဲ့​သို့ ရိတ်​ဖြတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​ကြ၏။ သို့​မ​ဟုတ်​လျှင်၊ ငါ၏​မု​သား​အ​ပြစ်​ကို အ​ဘယ်​သူ​ပြ​မည်​နည်း။ ငါ၏​စ​ကား​ကို အ​ဘယ်​သူ​ချေ​မည်​နည်း​ဟု မြွက်​ဆို၏။

ယောဘ 24:1-25 Common Language Bible (BCL)

အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း။ အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတပါး၏ သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ၏။ မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုတ်ဆိုးမ၏နွား ကိုအပေါင်ယူကြ၏။ ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏။ သူတို့သည်အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။ လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏ စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။ ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်းအိပ်ရကြ၏။ တည်းခိုစရာတဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။ အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။ အဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါး ကောက်လှိုင်းကို ထမ်းရ၏။ သူတပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ၏။ လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။ အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။ လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ် သော သူတို့ကို သတ်တတ်၏။ ညဉ့်အခါ သူခိုးလုပ်တတ် ၏။ သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ်၏။ လူဆိုးတို့သည် ညဉ့်အချိန်၌ သူတပါး၏အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကိုရှောင်တတ်ကြ၏။ နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ၏။ ရေပေါ်မှာပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။ မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ် ၏။ သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။ မတရားသောသူသည် သားမဘွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမကိုလည်း ကျေးဇူး မပြုတတ်။ အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။ သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏ အမှုများကို ပမာဏပြုတော် မူ၏။ ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။ သို့မဟုတ်လျှင်၊ ငါ၏မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။

ယောဘ 24:1-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အနန္တတန်ခိုးရှင်​သည် အချိန်​ကာလ​ကို အဘယ်ကြောင့် သတ်မှတ်​တော်​မ​မူ​သနည်း​။ ကိုယ်တော်​နှင့်​သိကျွမ်း​သော​သူ​တို့​သည် ကိုယ်တော်​၏​နေ့ရက်​ကို အဘယ်ကြောင့် မ​မြင်​ရ​သနည်း​။ လူ​တို့​သည် နယ်နိမိတ်စည်း​များ​ကို ရွှေ့ပစ်​တတ်​ကြ​၏​။ လုယူ​သော​တိရစ္ဆာန်​များ​ကို ထိန်းကျောင်း​တတ်​ကြ​၏​။ မိဘမဲ့​တို့​၏​မြည်း​ကို ယူဆောင်​သွား​တတ်​ကြ​၏​။ မုဆိုးမ​၏​နွား​ကို​ပင် အပေါင်ပစ္စည်း​အဖြစ် သိမ်းယူ​တတ်​ကြ​၏​။ လူ​တို့​သည် နွမ်းပါး​သော​သူ​တို့​ကို လမ်း​ပေါ်မှ​တွန်းဖယ်​တတ်​ကြ​၏​။ အဖိနှိပ်​ခံရ​သော​ပြည်သား​တို့​သည် စု​ပြီး​ပုန်းရှောင်​နေ​ရ​ကြ​၏​။ ကြည့်ရှု​လော့​။ သူ​တို့​သည် ကန္တာရ​မြည်းရိုင်း​ကဲ့သို့ အစာ​ကို ကြိုးစား​၍​လိုက်လံ​ရှာဖွေ​စား​ရ​၏​။ ကန္တာရ​သည်​သာ သူ​တို့​၏​သားသမီး​အဖို့ အစားအစာ​ကို ရ​ရှိ​စေ​၏​။ တိရစ္ဆာန်​အစာ​ကို လယ်ကွင်း​တွင် လိုက်ရိတ်​ရ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​စပျစ်ခြံ​တွင် ကောက်သင်းကောက်​ရ​၏​။ ညအိပ်​သောအခါ အဝတ်မပါ​ဘဲ အချည်းစည်း​အိပ်​ရ​၏​။ ချမ်းအေး​သောအခါ​တွင်​လည်း ခြုံစရာ​မ​ရှိ​။ တောင်​ပေါ်​မိုး​ကြောင့် စိုရွှဲ​ကုန်​၏​။ ခိုလှုံစရာ​မ​ရှိ​သောကြောင့် ကျောက်ဆောင်​များ​ကြားတွင် ခို​နေ​ရ​၏​။ လူ​တို့​သည် ဖတဆိုး​ကို အမိ​ရင်ခွင်​မှ ဆွဲထုတ်​၏​။ ဆင်းရဲသား​ထံမှ အပေါင်ပစ္စည်း​ကို သိမ်းယူ​၏​။ ဆင်းရဲသား​တို့​သည် အဝတ်မပါ ကိုယ်ဗလာ​နှင့် သွားလာ​ကြ​ရ​၏​။ ဆာလောင်​လျက်​နှင့်​ပင် ကောက်လှိုင်းစည်း​ကို သယ်​ကြ​ရ​၏​။ သံလွင်ပင်တန်း​များ​ကြားတွင် ဆီကြိတ်​လျက်​၊ စပျစ်သီးနင်းနယ်​လျက်​နှင့်​ပင် ရေငတ်​နေ​ကြ​ရ​၏​။ မြို့သား​တို့​သည် ညည်းတွား​လျက်​၊ ဒဏ်ရာ​ရ​သူ​တို့​သည်​လည်း အကူအညီ​အော်ဟစ်​တောင်းခံ​လျက် နေ​ရ​ပါ​၏​။ သို့သော် ထို​မတရားမှု​ကို ဘုရားသခင် အရေးစိုက်​တော်​မ​မူ​။ အချို့​သော​သူ​တို့​သည် အလင်း​ကို ဆန့်ကျင်​ကြ​၏​။ အလင်း​၏​လမ်းစဉ်​များ​ကို အသိအမှတ်​မ​ပြု​ကြ​။ အလင်း​၏​လမ်းစဉ်​အတိုင်း မ​နေထိုင်​လို​ကြ​။ လူသတ်သမား​သည် အရုဏ်တက်​ချိန်​တွင် ထ​၍ ဆင်းရဲ​သော​သူ​၊ နွမ်းပါး​သော​သူ​တို့​ကို သတ်​တတ်​၏​။ ညဘက်​တွင်​မူကား သူ​သည် သူခိုး​ကဲ့သို့​ဖြစ်​၏​။ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​သည်​လည်း ‘မည်သူ​မျှ ငါ့​ကို မ​မြင်’​ဟု တွေးထင်​လျက် မျက်နှာ​ကို​ဖုံး​ကာ မှောင်ရီပျိုး​ချိန်​ကို စောင့်မျှော်​နေ​တတ်​၏​။ သူခိုး​တို့​သည် မှောင်ရိပ်ခို​ပြီး အိမ်​ကို​ဖောက်ထွင်း​၏​။ နေ့​အချိန်​တွင်​မူကား အလင်း​ကို​ရှောင်​၍ အိမ်​ထဲတွင် ပုန်းအောင်း​နေ​၏​။ နံနက်အချိန်​သည် သူ​တို့​အဖို့ သေမင်း​အရိပ်​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​သည် ထိတ်လန့်ဖွယ်​သော​သေမင်းအရိပ်​နှင့် အကျွမ်းဝင်​ကြ​၏​။ သူ​တို့​သည် ရေ​မျက်နှာပြင်​ပေါ်တွင် မျောပါ​သွား​လိမ့်မည်​။ သူ​တို့​၏​အမွေ​မြေ​သည် ကျိန်ဆဲ​ခံရ​သဖြင့် မည်သူ​မျှ ကိုယ့်​စပျစ်ခြံ​များ​သို့ သွား​ရ​တော့​မည်​မ​ဟုတ်​။ မိုးခေါင်​၍​အပူရှိန်​သည် နှင်းပွင့်​ကို ဝါးမျို​သကဲ့သို့ မရဏာနိုင်ငံ​သည် အပြစ်ပြု​သော​သူ​တို့​ကို ဝါးမျို​လိမ့်မည်​။ သူ့​မိခင်​သည်​ပင် သူ့​ကို မေ့လျော့​ပြီး လောက်ကောင်​များ​သည် သူ့​အသား​ကို မြိန်ရှက်​စွာ​စားသောက်​သွား​သဖြင့် သူ့​ကို သတိရ​ကြ​တော့​မည်​မ​ဟုတ်​။ မတရား​သော​သူ​သည် သစ်ပင်​ကဲ့သို့ ကျိုးပဲ့​သွား​ရ​လိမ့်မည်​။ သူ​သည် မြုံ​နေ​၍ သား​မ​ဖွား​သော​မိန်းမ​ကို အနိုင်ကျင့်​တတ်​၏​။ မုဆိုးမ​ကို​လည်း ကျေးဇူး​မ​ပြု​တတ်​။ သို့သော် ကိုယ်တော်​သည် အားကြီး​သော​သူ​ကို တန်ခိုး​တော်​ဖြင့် လှဲချ​တော်မူ​မည်​။ သူ​ပြန်​ထလာ​လျှင်ပင် သူ့​အသက်​အတွက် အာမခံချက် ရှိ​မည်​မ​ဟုတ်​။ ကိုယ်တော်​သည် သူ​တို့​ကို ဘေးကင်းလုံခြုံ​စွာ​ဖြင့် နား​နေ​ရ​သော​အခွင့်ပေး​တော်မူ​၍ သူ​တို့​သွား​သော​လမ်း​များ​ကို​လည်း စောင့်ကြည့်​တော်မူ​၏​။ သူ​တို့​သည် ခဏတာ​ချီးမြှောက်​ခံရ​ပြီးမှ ပျောက်ကွယ်​သွား​ရ​လိမ့်မည်​။ နှိမ့်ချ​ခြင်း​ခံရ​၍ အများသူငါ​ကဲ့သို့ စုသိမ်း​ခြင်း​ခံရ​လိမ့်မည်​။ ကောက်နှံ​ကဲ့သို့ ရိတ်ဖြတ်​ခြင်း ခံရ​လိမ့်မည်​။ သို့မဟုတ်လျှင် ငါ​လိမ်ပြော​သည်​ဟု မည်သူ​သက်သေပြ​မည်နည်း​။ ငါ့​စကား​သည် အဓိပ္ပာယ်​မ​ရှိ​ဟု မည်သူ​ထောက်ပြ​မည်နည်း​”​ဟု ဆို​လေ​၏​။