YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 14:1-17

ယောဘ 14:1-17 Judson Bible (JBMLE)

လူ​သည် မိန်း​မ​ဖွား​သော​သူ ဖြစ်​သ​ဖြင့်၊ အ​သက်​တို၍ ဒု​က္ခ​နှင့်​ပြည့်​စုံ​ပါ၏။ ပန်း​ပွင့်​ကဲ့​သို့​ပွင့်၍ ရိတ်​ဖြတ်​ခြင်း​ကို ခံ​ရ​ပါ၏။ မ​တည်​မ​ရပ်​ဘဲ အ​ရိပ်​ကဲ့​သို့ ရွေ့​သွား​တတ်​ပါ၏။ ထို​သို့​သော​သူ​ကို ကိုယ်​တော် ကြည့်​မှတ်​တော်​မူ​သ​လော။ အ​ကျွန်ုပ်​နှင့်​ဘက်၍ တ​ရား​တွေ့​တော်​မူ​မည်​လော။ မ​သန့်​ရှင်း​သော​အ​ရာ​ထဲ​က သန့်​ရှင်း​သော​အ​ရာ​ကို အ​ဘယ်​သူ ထုတ်​ဖော်​နိုင်​သ​နည်း။ အ​ဘယ်​သူ​မျှ မ​ထုတ်​မ​ဖော်​နိုင်​ပါ။ လူ၏​နေ့​ရက်​တို့​ကို မှတ်​သား၍၊ သူ​နေ​ရ​သော လ​အ​ရေ​အ​တွက်​ကို ကိုယ်​တော်​သည်​သိ​သ​ဖြင့်၊ သူ​မ​လွန်​နိုင်​သော အ​ပိုင်း​အ​ခြား​ကို ထား​တော်​မူ​သော​ကြောင့်၊ မျက်​စိ​တော်​ကို​လွှဲ၍ လူ​သည်​သူ​ငှား​ကဲ့​သို့ မိ​မိ​နေ့​ရက်​ကို လွန်​စေ​သည်​တိုင်​အောင် ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ သစ်​ပင်​ကို​ခုတ်​သော်​လည်း၊ အ​ငုတ်​အ​ချည်း​စည်း​မ​ရှိ​ဘဲ အ​တက်​ပေါက်​လေ​ဦး​မည်​ဟု မျှော်​လင့်​စ​ရာ​ရှိ၏။ မြေ​ထဲ​မှာ အ​မြစ်​ဟောင်း၍၊ မြေ​ပေါ်​မှာ အ​ငုတ်​သေ​သော်​လည်း၊ ရေ​ငွေ့​ကြောင့် အ​တက်​ပေါက်၍၊ ပျိုး​ပင်​ကဲ့​သို့ အ​ညွန့်​တို့​နှင့် ပြည့်​စုံ​လိမ့်​မည်။ လူ​မူ​ကား သေ၍ ဆွေး​မြေ့​တတ်၏။ လူ​သည် အ​သက်​ချုပ်​ပြီး​လျှင် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အိုင်​ရေ​ပြတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ မြစ်​ရေ ခန်း​ခြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ လူ​သည်​အိပ်​ပြီး​မှ နောက်​တစ်​ဖန် မ​ထ​ရ။ မိုး​ကောင်း​ကင် မ​ကုန်​မ​ဆုံး​မီ​တိုင်​အောင် မ​နိုး​ရ။ အ​အိပ်​အ​ပျော် မ​ပျက်​ရ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သင်္ချိုင်း​တွင်း၌ ဝှက်​ထား​တော်​မူ​ပါ​စေ။ အ​မျက်​တော် မ​လွန်​မီ​တိုင်​အောင် ကွယ်​ကာ​တော်​မူ​ပါ​စေ။ အ​ကျွန်ုပ်​ကို အောက်​မေ့​စ​ရာ​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပါ​စေ။ လူ​သည် သေ​လျှင် အ​သက်​ရှင်​ပြန်​ပါ​လိမ့်​မည်​လော။ အ​ကျွန်ုပ် ပြောင်း​လဲ​ချိန် မ​ရောက်​မီ၊ ပင်​ပန်း​စွာ အ​မှု​ထမ်း​ရ​သော နေ့​ရက်​ကာ​လ​ပတ်​လုံး သည်း​ခံ​လျက် နေ​ပါ​မည်။ အ​ကျွန်ုပ်​ကို ခေါ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ပြန်​လျှောက်​ပါ​မည်။ ကိုယ်​တိုင် ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​ကို သ​နား​ခြင်း​စိတ် ရှိ​တော်​မူ​ပါ။ ယ​ခု​မှာ အ​ကျွန်ုပ်​ခြေ​ရာ​တို့​ကို ကိုယ်​တော်​သည်​ရေ​တွက်၍၊ အ​ကျွန်ုပ်​အ​ပြစ်​တို့​ကို စောင့်​တော်​မူ၏။ အ​ကျွန်ုပ်​သည် မှား​ခြင်း​အ​ကြောင်း​အ​ရာ​ကို အိတ်၌​တံ​ဆိပ်​ခတ်၍၊ အ​ကျွန်ုပ် ဒု​စ​ရိုက်​အ​ပြစ်​အ​ပေါ်​မှာ အ​ထပ်​ထပ် အ​ပြစ်​တင်​တော်​မူ၏။

ယောဘ 14:1-17 Common Language Bible (BCL)

လူသည် မိန်းမဘွားသောသူဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့် ပြည့်စုံပါ၏။ ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။ ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူ သလော။ အကျွန်ုပ်နှင့်ဘက်၍တရားတွေ့တော်မူမည် လော။ မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။ လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသော ကြောင့်၊ မျက်စိတော်ကို လွှဲ၍ လူသည်သူငှါးကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့် ကို ပေးတော်မူပါ။ သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာ ရှိ၏။ မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊ ရေငွေ့ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။ လူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။ အိုင်ရေပြတ်သကဲ့သို့၎င်း၊ မြစ်ရေခန်းခြောက် သကဲ့သို့၎င်း၊ လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။ ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။ လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။ အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်း စိတ်ရှိတော်မူပါ။ ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည် ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။ အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။

ယောဘ 14:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိန်းမ​မှ​မွေး​လာ​သော​လူ​သည် အသက်တာ​တိုတောင်း​၍ ဆင်းရဲဒုက္ခ​များ​နှင့် ပြည့်နှက်​နေ​ပါ​၏​။ ပန်း​ကဲ့သို့​ပွင့်​ပြီး ညှိုးနွမ်း​သွား​ရ​ပါ​၏​။ အရိပ်​ကဲ့သို့​ရွေ့လျား​ပြီး ပျောက်ကွယ်​သွား​ရ​ပါ​၏​။ ထိုသို့သော​သူ​ကို ကိုယ်တော်​ကြည့်မှတ်​တော်မူ​မည်လော​။ အကျွန်ုပ်​ကို​လည်း တရားစီရင်​ရန် ရှေ့​တော်​သို့ လာ​စေ​တော်မူ​မည်လော​။ မစင်ကြယ်​သော​အရာ​ထဲမှ စင်ကြယ်​သော​အရာ​ကို အဘယ်သူ ပေါ်ထွက်​စေ​နိုင်​သနည်း​။ အဘယ်သူ​မျှ​မ​ရှိ​ပါ​။ လူ့​သက်တမ်း​သည် သတ်မှတ်​ထား​ပြီးသား​ဖြစ်​၏​။ သူ​အသက်ရှင်​ရ​မည့်​လ​များ​သည် ကိုယ်တော့်​ထံ၌ ရှိ​၏​။ သူ​မ​ကျော်လွန်​နိုင်​သော​အသက်​အပိုင်းအခြား​ကို ကိုယ်တော်​သတ်မှတ်​ထား​ပြီး​ဖြစ်​၏​။ သူရင်းငှား​ကဲ့သို့ သူ​သည် တစ်နေ့တာ​ကုန်ဆုံး​ပြီးနောက် အနားယူ​အပန်းဖြေ​ရ​မည့်​အကြောင်း သူ့​ထံမှ​မျက်နှာလွှဲ​၍ တစ်ဦးတည်း​နေ​စေ​တော်မူ​ပါ​။ သစ်ပင်​၌ပင် မျှော်လင့်ချက်​ရှိ​၏​။ ခုတ်လှဲ​ခံရ​သော်လည်း သေ​မ​သွား​ဘဲ အတက်​ပြန်ပေါက်​၍ အညွန့်​များ​ထွက်လာ​တတ်​၏​။ အမြစ်​တို့​သည် မြေ​အောက်​တွင်​အို​သွား​၍ အငုတ်​သည် မြေ​ပေါ်တွင်​သေ​သွား​လျှင်​လည်း ရေ​အငွေ့အသက်​ရ​သောအခါ အတက်ပေါက်​၍ အပင်ပေါက်​ကဲ့သို့ အခက်အလက် ထွက်လာ​လိမ့်မည်​။ လူ​မူကား သေ​သွား​ပြီးလျှင် ဆွေးမြည့်​သွား​၏​။ အသက်ချုပ်ငြိမ်း​ပြီးလျှင် အဘယ်မှာ​ရှိ​နိုင်​တော့​မည်နည်း​။ ပင်လယ်​ရေ​သည် အငွေ့ပြန်​သွား​တတ်​၏​။ မြစ်​သည်​လည်း ခန်းခြောက်​တိမ်ကော​သွား​တတ်​၏​။ လူ​သည်​လည်း အိပ်ပျော်​ရာ​မှ နိုးလာ​မည်​မ​ဟုတ်​။ မိုးကောင်းကင်​မ​ပြို​မ​ချင်း သူ​တို့​နိုး​လာ​ကြ​မည်​မ​ဟုတ်​။ သူ​တို့​ကို အိပ်စက်​ရာ​မှ နိုးလာ​စေ​နိုင်​မည်​မ​ဟုတ်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို မရဏာနိုင်ငံ​တွင် ဝှက်​ထား​ပါစေသော​။ အမျက်​တော်​ပြေ​သည်​အထိ အကျွန်ုပ်​ကို မျက်နှာလွှဲ​ထား​ပါစေသော​။ အကျွန်ုပ်​အား အောက်မေ့​ရ​မည့်​အချိန်​ကို​လည်း သတ်မှတ်​ထား​ပါစေသော​။ လူ​သည် သေ​ပြီးလျှင် ပြန်ရှင်​နိုင်​ပါ​ဦး​မည်လော​။ ပင်ပန်း​ခြင်း​ဝန်​ကို​ထမ်း​နေ​ရ​သော​ကာလ​ပတ်လုံး သက်သာ​ရာ​ရ​မည့်​အချိန်​ကို အကျွန်ုပ်​စောင့်ဆိုင်း​လျက်​နေ​ပါ​မည်​။ ကိုယ်တော်​ခေါ်​တော်မူ​လျှင် အကျွန်ုပ်​ထူး​ပါ​မည်​။ ကိုယ်တော်​သည် ဖန်ဆင်း​တော်မူ​သော​သူ​ကို အောက်မေ့​တော်မူ​မည်​ဖြစ်​ပါ​၏​။ အကယ်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို ရေတွက်​တော်မူ​သော်လည်း အကျွန်ုပ်​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါ​။ အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အိတ်​ထဲ၌​ချိပ်ပိတ်​ထား​၍ အကျွန်ုပ်​၏​ဒုစရိုက်​ကို ဖုံးကွယ်​ထား​တော်မူ​ပါ​၏​။