ရှင်ယောဟန် 2:15-16
ရှင်ယောဟန် 2:15-16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်သည် ကြိုးများဖြင့် ကျာပွတ်ကိုပြုလုပ်ပြီးလျှင် သိုး၊ နွားတို့နှင့်တကွ ထိုသူအပေါင်းတို့ကို ဗိမာန်တော်ထဲမှနှင်ထုတ်၍ ငွေကြေးလဲလှယ်သူတို့၏ဒင်္ဂါးများကိုသွန်ချကာ သူတို့၏စားပွဲများကိုမှောက်လှန်တော်မူ၏။ ချိုးငှက်များကိုရောင်းနေသောသူတို့အားလည်း“ဤဥစ္စာများကို ဤနေရာမှယူသွားကြလော့။ ငါ့ခမည်းတော်၏အိမ်တော်ကို ဈေးရုံမဖြစ်စေကြနှင့်”ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 2:15-16 Judson Bible (JBMLE)
ရိုက်စရာဖို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကိုလည်းကောင်း၊ သိုး၊ နွားများကိုလည်းကောင်း၊ ဗိမာန်တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏၊- ချိုးငှက်ရောင်းသော သူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 2:15-16 Common Language Bible (BCL)
ထိုအခါကြိုးဖြင့်နှင်တံကိုပြုလုပ်ပြီးလျှင် သိုးနွားများကိုဗိမာန်တော်ထဲမှမောင်းထုတ် တော်မူ၏။ ငွေလဲလှယ်သူတို့၏ငွေများကို သွန်ချ၍ ငွေတင်ခုံများကိုမှောက်လှန်ပစ် တော်မူ၏။- ကိုယ်တော်က ``ဤအရာများကိုယူသွား ကြ။ ငါ့အဖ၏အိမ်တော်ကိုစျေးမဖြစ်စေ နှင့်'' ဟုချိုးငှက်ရောင်းသူများအားမိန့်တော် မူ၏။