YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 18:1-40

ရှင်ယောဟန် 18:1-40 Judson Bible (JBMLE)

ထို​သို့ မိန့်​မြွက်​တော်​မူ​ပြီး​မှ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ကေ​ဒြုန်​ချောင်း​တစ်​ဖက်​သို့​ကြွ၍၊ ထို​အ​ရပ်၌​ရှိ​သော ဥ​ယျာဉ်​သို့​ဝင်​တော်​မူ၏။- ထို​အ​ရပ်​သို့​ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ သွား​မြဲ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကို အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ထို​အ​ရပ်​ကို​သိ​သည်​ဖြစ်၍၊- စစ်​သူ​ရဲ​တစ်​တပ်​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​စေ​လွှတ်​သော မင်း​လု​လင်​တို့​ကို​လည်း​ကောင်း ခေါ်​ခဲ့၍၊ မီး​အိမ်၊ မီး​ရှူး၊ လက်​နက်​တို့​ကို လက်​စွဲ​လျက်​လာ​ကြ၏။- ယေ​ရှု​သည် ကိုယ်၌​ဖြစ်​လ​တ္တံ့​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို သိ​တော်​မူ​လျက်၊ လာ​သော​သူ​တို့​ဆီ​သို့ သွား၍ အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု မေး​တော်​မူ၏။- နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို​ရှာ​ကြ​သည်​ဟု​ဆို​လျှင်၊ ယေ​ရှု​က၊ ငါ​သည် ထို​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ၏။ ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​လည်း ထို​သူ​တို့​နှင့်​အ​တူ ရပ်​နေ၏။- ငါ​သည် ထို​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် နောက်​သို့​လှန်၍ မြေ​ပေါ်၌​လဲ​ကြ၏။- အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု တစ်​ဖန်​မေး​တော်​မူ​လျှင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို ရှာ​ကြ​သည်​ဟု ထို​သူ​တို့​သည် ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည်​ထို​သူ​ဖြစ်၏​ဟု ငါ​ပြော​ပြီ။ သို့​ဖြစ်၍ ငါ့​ကို​ရှာ​လျှင် ဤ​သူ​တို့​သည် သွား​ပါ​လေ​စေ​ဟု မိန့်​တော်​မူ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​ပျက်​စီး​ခြင်း​သို့ မ​ရောက်​ပါ​ဟူ​သော အ​ထက်​က​စ​ကား​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ဤ​သို့​မိန့်​တော်​မူ၏။ ထို​အ​ခါ ရှိ​မုန်​ပေ​တ​ရု​သည် မိ​မိ၌​ပါ​သော​ဓား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် လက်​ယာ​နား​ရွက်​ပြတ်​လေ၏။ ထို​ကျွန်၏​အ​မည်​ကား မာ​လ​ခု​ဖြစ်​သ​တည်း။- ယေ​ရှု​က​လည်း ဓား​ကို အိမ်၌​သွင်း​ထား​လော့။ ခ​မည်း​တော်​သည် ငါ့​အား​ပေး​တော်​မူ​သော​ခွက်​ကို ငါ​မ​သောက်​ရာ​သ​လော​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ၏။- ထို​အ​ခါ​တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​တို့​နှင့် ယု​ဒ​မင်း​လု​လင်​တို့​သည် ယေ​ရှု​ကို​ဖမ်း​ဆီး၍ ချည်​နှောင်​ပြီး​လျှင် အ​န္နတ်​မင်း​ထံ​သို့ ရှေ့​ဦး​စွာ ယူ​သွား​ကြ၏။- အ​န္နတ်​မင်း​ကား၊ ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ၏​ယော​က္ခ​မ ဖြစ်​သ​တည်း။- ထို​က​ယာ​ဖ​ကား၊ လူ​တစ်​ယောက်​သည် လူ​များ​တို့​အ​တွက် ပျက်​စီး​သော် သာ၍​ကောင်း​သည်​ဟု ယု​ဒ​လူ​တို့​နှင့် တိုင်​ပင်​ပြော​ဆို​သော​သူ​ပေ​တည်း။ ရှိ​မုန်​ပေ​တ​ရု​နှင့် အ​ခြား​သော တ​ပည့်​တော်​တစ်​ယောက်​သည် ယေ​ရှု​နောက်​တော်​သို့ လိုက်​ကြ၏။ ထို​တ​ပည့်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း၏ အ​သိ​အ​ကျွမ်း​ဖြစ်၍၊ ယေ​ရှု​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​ထဲ​သို့ ဝင်​လေ၏။- ပေ​တ​ရု​မူ​ကား​ပြင်၌ တံ​ခါး​နား​မှာ​ရပ်​နေ၏။ ထို​ကြောင့် ယဇ်​ပု​ရာ​ဟိတ်​မင်း​နှင့် အ​ကျွမ်း​ဝင်​သော တ​ပည့်​တော်​သည်​ထွက်၍ တံ​ခါး​စောင့်​မိန်း​မ​အား​ပြော​ပြီး​မှ ပေ​တ​ရု​ကို​သွင်း​လေ၏။- တံ​ခါး​စောင့်​မိန်း​မ​က ပေ​တ​ရု​အား၊ သင်​သည် ထို​သူ၏​တ​ပည့်​တို့​အ​ဝင်​ဖြစ်​သည် မ​ဟုတ်​လော​ဟု ဆို​လျှင်၊ မ​ဟုတ်​ဘူး​ဟု ပေ​တ​ရု​ငြင်း​လေ၏။- ထို​ကာ​လ၌ ချမ်း​သော​ကြောင့် ကျွန်​များ​နှင့် မင်း​လု​လင်​များ​တို့​သည် မီး​ခဲ​ပုံ​ကို​ထည့်၍ မီး​လှုံ​လျက်​နေ​ကြ၏။ ပေ​တ​ရု​သည်​လည်း သူ​တို့​နှင့်​တ​ကွ​ရပ်၍ မီး​လှုံ​လျက်​နေ၏။ ထို​အ​ခါ ယဇ်​ပု​ရာ​ဟိတ်​မင်း​သည် တ​ပည့်​တော်​တို့​ကို​လည်း​ကောင်း၊ ဒေ​သ​နာ​တော်​ကို​လည်း​ကောင်း အ​ကြောင်း​ပြု၍ ယေ​ရှု​ကို မေး​မြန်း​စစ်​ကြော၏။- ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။- အ​ဘယ်​ကြောင့် ငါ့​ကို​မေး​မြန်း​သ​နည်း၊ ငါ​သည် အ​ဘယ်​သို့ ဟော​ပြော​သည်​ကို ကြား​နာ​သော​သူ​တို့​ကို မေး​မြန်း​လော့။ ငါ​ပြော​သော​စ​ကား​ကို ထို​သူ​တို့​သည် သိ​ကြ၏​ဟု မိန့်​တော်​မူ၏။- ထို​သို့​မိန့်​တော်​မူ​လျှင်၊ အ​နီး​အ​ပါး၌​ရပ်​နေ​သော မင်း​လု​လင်​တစ်​ယောက်​က၊ သင်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ကို ဤ​သို့​ပြန်​ပြော​ရာ​သ​လော​ဟု ဆို​လျက် ယေ​ရှု​ကို​ရိုက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ့​စ​ကား​မ​မှန်​လျှင် မ​မှန်​ကြောင်း​ကို​ပြ​ပါ။ မှန်​လျှင် ငါ့​ကို အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း​ဟု မိန့်​တော်​မူ၏။- အ​န္နတ်​မင်း​သည် ကိုယ်​တော်​ကို​ချည်​နှောင်​လျက် ရှိ​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း က​ယာ​ဖ​ထံ​သို့ ပို့​စေ​ခဲ့​ပြီ။ ရှိ​မုန်​ပေ​တ​ရု​သည် ရပ်၍ မီး​လှုံ​လျက်​နေ​သည်​တွင် အ​ချို့​သော​သူ​တို့​က၊ သင်​သည် သူ၏​တ​ပည့်​တို့​အ​ဝင် ဖြစ်​သည်​မ​ဟုတ်​လော​ဟု မေး​လျှင်၊ မ​ဟုတ်​ဘူး​ဟု ပေ​တ​ရု​ငြင်း​လေ၏။- ပေ​တ​ရု​ခုတ်၍ နား​ရွက်​ပြတ်​သော​သူ​နှင့် ပေါက်​ဖော်​တော်​သော ယဇ်​ပု​ရာ​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​က၊ သင်​သည် ဥ​ယျာဉ်၌ ယေ​ရှု​နှင့်​အ​တူ​ရှိ​သည်​ကို ငါ​မြင်​ခဲ့​ပြီ​မ​ဟုတ်​လော​ဟု ဆို​လျှင်၊- ပေ​တ​ရု​သည် တစ်​ဖန် ငြင်း​ပြန်​လေ၏၊ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်၏။ နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ အိမ်​တော်​ဦး​သို့ ဆောင်​သွား​ကြ၏။ ထို​သူ​တို့​သည် အာ​ပတ်​နှင့်​ကင်း​လွတ်၍ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်​အ​ကြောင်း အိမ်​တော်​ဦး​ထဲ​သို့ ကိုယ်​တိုင်​မ​ဝင်​ကြ။- ထို​ကြောင့် ပိ​လတ်​မင်း​သည် သူ​တို့​ရှိ​ရာ​သို့​ထွက်၍ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို တင်​ကြ​သ​နည်း​ဟု မေး​သော်၊- ဤ​သူ​သည် လူ​ဆိုး​မ​ဟုတ်​လျှင် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၌​မ​အပ်​ပါ​ဟု လျှောက်​ကြ၏။- ပိ​လတ်​မင်း​က​လည်း၊ သူ့​ကို​ယူ၍ သင်​တို့ ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ကြ​ဟု​ဆို၏။ ယု​ဒ​လူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ကို​မျှ မ​သတ်​ပိုင်​ပါ​ဟု​လျှောက်​ကြ၏။- ထို​သို့​လျှောက်​သော်၊ ယေ​ရှု​သည်​အ​ဘယ်​သို့ မိ​မိ​သေ​ရ​မည်​အ​ရိပ်​ကို​ပေး၍၊ မိန့်​တော်​မူ​သော​စ​ကား​တော် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။ ပိ​လတ်​မင်း​သည် အိမ်​တော်​ဦး​ထဲ​သို့ တစ်​ဖန်​ဝင်၍​ယေ​ရှု​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု​မေး၏။- ယေ​ရှု​က​လည်း၊ မင်း​ကြီး​သည် ကိုယ်​အ​လို​အ​လျောက် ဤ​သို့​မေး​သ​လော၊ သို့​မ​ဟုတ် သူ​တစ်​ပါး​တို့​သည် ငါ၏​အ​ကြောင်း​ကို လျှောက်​ကြ​ပြီ​လော​ဟု မေး​တော်​မူ၏။- ပိ​လတ်​မင်း​က၊ ငါ​သည်​ယု​ဒ​လူ​ဖြစ်​သ​လော။ သင်၏​လူ​မျိုး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် သင့်​ကို​ငါ၌​အပ်​ကြ​ပြီ။ သင်​သည် အ​ဘယ်​သို့​ပြု​မိ​သ​နည်း​ဟု မေး​လျှင်၊- ယေ​ရှု​က၊ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​စပ်​ဆိုင်။ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့် စပ်​ဆိုင်​လျှင်၊ ငါ​သည် ယု​ဒ​လူ​တို့​လက်​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​လူ​တို့​သည် တိုက်​လှန်​ကြ​လိမ့်​မည်။ ယ​ခု​မူ​ကား ငါ၏​နိုင်​ငံ​သည် ဤ​ဒေ​သ​အ​ရပ်​နှင့် မ​စပ်​ဆိုင်​ဟု မိန့်​တော်​မူ၏။- ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။- ပိ​လတ်​မင်း​က​လည်း၊ သ​မ္မာ​တ​ရား​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​ပြီး​မှ တစ်​ဖန် ယု​ဒ​လူ​တို့​ရှိ​ရာ​သို့​ထွက်၍၊ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့။ ပ​သ​ခါ​ပွဲ၌ လူ​တစ်​ယောက်​ကို သင်​တို့​အား ငါ​လွှတ်​မြဲ​ထုံး​စံ​ရှိ​သည်​ဖြစ်၍၊ ယု​ဒ​ရှင်​ဘု​ရင်​ကို လွှတ်​စေ​ချင်​သ​လော​ဟု မေး​လျှင်၊- တစ်​ဖန် လူ​အ​ပေါင်း​တို့​က၊ ဤ​သူ​ကို မ​လွှတ်​စေ​ချင်​ပါ၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​ပါ​သည်​ဟု အော်​ဟစ်၍ လျှောက်​ဆို​ကြ၏။ ထို​ဗာ​ရ​ဗ္ဗ​ကား ဓား​ပြ​ဖြစ်​သ​တည်း။

ရှင်ယောဟန် 18:1-40 Common Language Bible (BCL)

ဤ​သို့​ဆု​တောင်း​တော်​မူ​ပြီး​နောက်​ကိုယ်​တော် သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၍ ကေ​ဒြုန်​ချောင်း​ကို​ကူး​တော်​မူ​၏။ ထို​အ​ရပ် တွင်​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ သ​ခင်​ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​သည် ထို​ဥ​ယျာဉ်​ထဲ​သို့​ဝင် ကြ​၏။- ထို​နေ​ရာ​သို့​သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့ သည်​မ​ကြာ​ခ​ဏ​သွား​လေ့​ရှိ​သ​ဖြင့် သစ္စာ​ဖောက် ယု​ဒ​သည်​ထို​ဥ​ယျာဉ်​ကို​သိ​၏။- သို့​ဖြစ်​၍​သူ​သည်​ရော​မ​စစ်​တပ်​ခွဲ​တစ်​တပ်​ကို လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ များ​၏​အ​စောင့်​တပ်​သား​များ​ကို​လည်း​ကောင်း ခေါ်​လာ​ခဲ့​၏။ သူ​တို့​သည်​မီး​အိမ်​များ၊ မီး​တုတ် များ​နှင့်​လက်​နက်​များ​ကို​ကိုင်​ဆောင်​လာ​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​ကို​သိ​တော်​မူ​ပြီး​ဖြစ်​သည် အ​လျောက် ထို​သူ​တို့​၏​ထံ​သို့​ကြွ​တော်​မူ​လျက် ``သင်​တို့​မည်​သူ့​ကို​ရှာ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။ ထို​သူ​တို့​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ ပါ​သည်'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ထို​သူ​ပင်​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။ ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ သည်​လည်း​ထို​သူ​တို့​နှင့်​အ​တူ​ရပ်​လျက်​နေ​၏။- ``ငါ​သည်​ထို​သူ​ပင်​ဖြစ်​၏'' ဟု​သ​ခင်​ယေ​ရှု မိန့်​တော်​မူ​သော​အ​ခါ​သူ​တို့​သည်​နောက်​သို့ ဆုတ်​ကာ​မြေ​ပေါ်​တွင်​လဲ​ကြ​၏။- သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​မည်​သူ့ ကို​ရှာ​သ​နည်း'' ဟု​တစ်​ဖန်​မေး​တော်​မူ​ပြန်​၏။ သူ​တို့​က​လည်း ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကို​ရှာ​ပါ​သည်'' ဟု​ဆို​ကြ​ပြန်​၏။ သ​ခင်​ယေ​ရှု​က ``ထို​သူ​သည်​ငါ​ပင်​ဖြစ်​သည် ဟု​သင်​တို့​အား​ငါ​ပြော​ခဲ့​ပြီ။ ငါ​သည်​သင်​တို့ ရှာ​သော​သူ​ဖြစ်​လျှင်​ဤ​သူ​တို့​သွား​ပါ​လေ စေ'' ဟု​မိန့်​တော်​မူ​၏။- (ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ ``ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ဆုံး​ပါး ပျက်​စီး​မှု​မ​ရှိ​ပါ'' ဟု​ယ​ခင်​က​ကိုယ်​တော် မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန် ပင်​တည်း။) ရှိ​မုန်​ပေ​တ​ရု​မှာ​ဋ္ဌား​တစ်​လက်​ပါ​လာ​၏။ သူ သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​၏ ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​ကျွန်​လက် ယာ​နား​ရွက်​ပြတ်​လေ​၏။ ထို​ကျွန်​၏​နာ​မည် ကား​မာ​လ​ခု​ဖြစ်​သ​တည်း။- သ​ခင်​ယေ​ရှု​က ``ဋ္ဌား​ကို​ဋ္ဌား​အိမ်​တွင်​ပြန်​သွင်း ထား​လော့။ ခ​မည်း​တော်​ငါ့​အား​ခံ​စေ​တော်​မူ သည့်​ဒုက္ခ​ဝေ​ဒ​နာ​ကို​ငါ​မ​ခံ​သင့်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။ ထို​နောက်​ရော​မ​တပ်​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​အ​စောင့်​တပ်​သား​များ​သည်​ကိုယ်​တော်​ကို ဖမ်း​ဆီး​ချည်​နှောင်​ပြီး​လျှင်​အန္နတ်​မင်း​ထံ​သို့ ဦး​စွာ​ခေါ်​ဆောင်​သွား​ကြ​၏။- အန္နတ်​မင်း​ကား​ထို​နှစ်​တွင်​ယဇ်​ပု​ရော​ဟိတ် မင်း​ဖြစ်​သော​က​ယာ​ဖ​၏​ယောက္ခ​မ​ဖြစ်​၏။- က​ယာ​ဖ​ကား ``လူ​အ​ပေါင်း​တို့​အ​တွက်​လူ တစ်​ဦး​တစ်​ယောက်​သေ​ရ​သည်​က​ပို​၍​ကောင်း ၏'' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​အ​ကြံ​ပေး ခဲ့​သူ​ဖြစ်​သ​တည်း။ ရှိ​မုန်​ပေ​တ​ရု​နှင့်​အ​ခြား​တ​ပည့်​တော်​တစ်​ဦး သည်​သ​ခင်​ယေ​ရှု​၏​နောက်​တော်​က​လိုက်​သွား ကြ​၏။ အ​ခြား​တ​ပည့်​တော်​သည်​ယဇ်​ပု​ရော ဟိတ်​မင်း​၏​အ​သိ​ဖြစ်​၍ သ​ခင်​ယေ​ရှု​နှင့် အ​တူ​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​ဝင်း အ​တွင်း​သို့​လိုက်​သွား​ခွင့်​ရ​ပေ​သည်။- ပေ​တ​ရု​ကား​ဝင်း​တံ​ခါး​အ​ပြင်​တွင်​နေ​ရစ်​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သိ​သူ​တ​ပည့်​တော်​သည် ဝင်း​ပြင်​သို့​ထွက်​လာ​ပြီး​နောက် တံ​ခါး​စောင့် သူ​မ​အား​အ​ခွင့်​တောင်း​ကာ​ပေ​တ​ရု​ကို ဝင်း​ထဲ​သို့​သွင်း​လေ​၏။- တံ​ခါး​စောင့်​သူ​ငယ်​မ​က ``သင်​သည်​ထို​သူ​၏ တ​ပည့်​တစ်​ဦး​မ​ဟုတ်​ပါ​လော'' ဟု​မေး​လျှင်၊ ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ဆို​၏။ ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​၏​အ​စောင့် တပ်​သား​များ​နှင့်​အ​စေ​ခံ​များ​သည်​ချမ်း​သ​ဖြင့် မီး​သွေး​မီး​လင်း​ဖို​ပတ်​လည်​တွင်​ရပ်​၍​မီး​လှုံ လျက်​နေ​ကြ​၏။ ပေ​တ​ရု​သည်​လည်း​ထို​သူ တို့​နှင့်​အ​တူ​ရပ်​၍​မီး​လှုံ​နေ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​ကိုယ်​တော်​အား​တ​ပည့် တော်​တို့​၏​အ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် ဟော​ပြော​တော်​မူ​သော​တ​ရား​တော်​အ​ကြောင်း ကို​လည်း​ကောင်း​စစ်​ဆေး​မေး​မြန်း​၏။- သ​ခင်​ယေ​ရှု​က ``ငါ​သည်​လူ​အ​ပေါင်း​တို့​ရှေ့ တွင်​အ​စဉ်​ပင်​ပွင့်​လင်း​စွာ​ဟော​ပြော​သွန်​သင် ခဲ့​၏။ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​ရာ ဖြစ်​သော​တ​ရား​ဇ​ရပ်​များ​နှင့်​ဗိ​မာန်​တော်​တွင် ငါ​ဟော​ပြော​သွန်​သင်​ခဲ့​၏။ အ​ဘယ်​အ​ခါ​၌ မျှ​လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့။- သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​ငါ့​ကို​စစ်​ဆေး​မေး မြန်း​သ​နည်း။ ငါ​ဟော​ပြော​သွန်​သင်​သည်​ကို ကြား​နာ​ကြ​ရ​သူ​တို့​အား​မေး​မြန်း​လော့။ သူ​တို့​အား​ငါ​မည်​သို့​ဟော​ပြော​သည်​ကို မေး​မြန်း​လော့။ ငါ​ဟော​ပြော​သည့်​အ​ရာ​တို့ ကို​သူ​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​လျှင်​အ​စောင့်​တပ်​သား​တစ် ယောက်​သည် ``ယဇ်​ပု​ရော​ဟိတ်​မင်း​အား​သင်​သည် ဤ​သို့​မ​ဖွယ်​မ​ရာ​ပြော​ဆို​သင့်​သ​လော'' ဟု ဆို​၍​ကိုယ်​တော်​၏​ပါး​ကို​ရိုက်​လေ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​၏​စ​ကား​မ​မှန်​လျှင်​မ​မှန် ကြောင်း​ကို​ထောက်​ပြ​ပါ။ မှန်​လျှင်​မူ​ကား​အ​ဘယ် ကြောင့်​ငါ့​ကို​ရိုက်​ပုတ်​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။ ထို့​နောက်​အန္နတ်​မင်း​သည်​ကိုယ်​တော်​ကို​ချည်​နှောင် လျက်​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏​ထံ​သို့ ပို့​စေ​၏။ ရှိ​မုန်​ပေ​တ​ရု​သည်​ရပ်​လျက်​မီး​လှုံ​နေ​၏။ လူ အ​ချို့​က ``သင်​သည်​လည်း​ထို​သူ​၏​တ​ပည့် မ​ဟုတ်​ပါ​လော'' ဟု​မေး​ကြ​၏။ ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​ငြင်း​ဆို​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​က ``သင့် အား​ထို​သူ​နှင့်​အ​တူ​ဥ​ယျာဉ်​ထဲ​တွင်​ငါ​တွေ့ မြင်​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​၏။ ထို​ကျွန် ကား​ပေ​တ​ရု​ဋ္ဌား​နှင့်​ခုတ်​၍​နား​ရွက်​ပြတ်​သွား သူ​နှင့်​ဆွေ​မျိုး​တော်​စပ်​သူ​တည်း။ ပေ​တ​ရု​က ``ငါ​မ​ဟုတ်'' ဟု​တစ်​ဖန်​ငြင်း ဆို​၏။ ထို​ခ​ဏ​ချင်း​တွင်​ကြက်​တွန်​လေ​၏။ လူ​တို့​သည်​သ​ခင်​ယေ​ရှု​အား​က​ယာ​ဖ​ထံ​မှ ဘု​ရင်​ခံ​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ ၏။ အ​ချိန်​ကား​နံ​နက်​စော​စော​ဖြစ်​၏။ ယု​ဒ အ​မျိုး​သား​တို့​သည်​ပ​သ​ခါ​ည​စာ​စား​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​လို​သ​ဖြင့်​အိမ်​တော်​ထဲ​သို့​မ​ဝင် ကြ။- သို့​ဖြစ်​၍​ပိ​လတ်​မင်း​သည်​ထို​သူ​တို့​နှင့်​တွေ့​ဆုံ ရန်​အ​ပြင်​သို့​ထွက်​လာ​ပြီး​လျှင် ``ဤ​သူ​အား အ​ဘယ်​ပြစ်​မှု​နှင့်​စွပ်​စွဲ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က ``ဤ​သူ​သည်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ ကူး​လွန်​သူ​မ​ဟုတ်​ပါ​က သူ့​အား​အ​ရှင့်​ထံ​သို့ အ​ကျွန်ုပ်​တို့​ခေါ်​ဆောင်​လာ​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ကြ​၏။ ပိ​လတ်​မင်း​က​လည်း ``သင်​တို့​ကိုယ်​တိုင်​ပင်​သူ့ အား​ယူ​ဆောင်​သွား​ကြ​လော့။ သင်​တို့​၏​တ​ရား ဥ​ပ​ဒေ​အ​ရ​စစ်​ဆေး​စီ​ရင်​ကြ​လော့'' ဟု ဆို​၏။ ယု​ဒ​အ​မျိုး​သား​တို့​က ``အ​ကျွန်ုပ်​တို့​မှာ​လူ တစ်​စုံ​တစ်​ယောက်​ကို​သေ​မိန့်​ပေး​ပိုင်​ခွင့်​မ​ရှိ ပါ'' ဟု​ပြန်​၍​လျှောက်​ကြ​၏။- (ဤ​သို့​လျှောက်​ကြ​ခြင်း​မှာ​မိ​မိ​အ​ဘယ်​သို့ သေ​ရ​မည်​ကို​သ​ခင်​ယေ​ရှု​မိန့်​မြွက်​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။) ပိ​လတ်​မင်း​သည်​အိမ်​တော်​ထဲ​သို့​ပြန်​၍​ဝင် ပြီး​လျှင်​သ​ခင်​ယေ​ရှု​အား​ခေါ်​ယူ​ကာ ``သင် သည်​ယု​ဒ​ရှင်​ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ဤ​မေး​ခွန်း​ကို မင်း​ကြီး အ​လို​အ​လျောက်​မေး​ပါ​သ​လော။ သို့​မ​ဟုတ် ငါ​၏​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​လျှောက် ထား​ကြ​ပြီ​လော'' ဟု​မေး​တော်​မူ​၏။ ပိ​လတ်​မင်း​က ``သင်​သည်​ငါ့​ကို​ယု​ဒ​အ​မျိုး သား​တစ်​ယောက်​ဟု​ထင်​မှတ်​ပါ​သ​လော။ သင့် ကို​ငါ့​ထံ​သို့​ပို့​အပ်​လာ​သူ​များ​ကား​သင်​၏ အ​မျိုး​သား​များ​နှင့်​သူ​တို့​၏​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ပင်​ဖြစ်​၏။ သင်​သည်​အ​ဘယ်​အ​မှု ကို​ပြု​မိ​ပါ​သ​နည်း'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​နိုင်​ငံ​သည်​ဤ​လော​က​နှင့် မ​သက်​ဆိုင်။ အ​ကယ်​၍​ငါ့​နိုင်​ငံ​သည်​ဤ​လော​က နှင့်​သက်​ဆိုင်​ပါ​မူ ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့ လက်​သို့​မ​ရောက်​ရ​အောင်​ငါ​၏​တ​ပည့်​တို့​သည် တိုက်​ခိုက်​ကြ​မည်။ အ​မှန်​စင်​စစ်​ငါ​၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​သက်​ဆိုင်'' ဟု​မိန့်​တော်​မူ​၏။ ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​သင်​သည်​ရှင် ဘု​ရင်​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​ဆို​သည့်​အ​တိုင်း ရှင်​ဘု​ရင်​ဖြစ်​၏။ ငါ​သည်​သမ္မာ​တ​ရား​ကို​ဟော ပြော​ခြင်း​ငှာ​မွေး​ဖွား​ခြင်း​ကို​ခံ​၍​ဤ​လော​က သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​သက်​ဆိုင်​သူ​မှန် သ​မျှ​သည် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​သည်'' ဟု​မိန့်​တော်​မူ​၏။- ပိ​လတ်​မင်း​က ``သမ္မာ​တ​ရား​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။ ထို​နောက်​ပိ​လတ်​မင်း​သည်​လူ​တို့​ထံ​ထွက်​လာ​ပြီး လျှင် ``ထို​သူ​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။- သင်​တို့​ဋ္ဌလေ့​ထုံး​စံ​အ​ရ​ပ​သ​ခါ​ပွဲ​အ​တွင်း​၌ အ​ကျဉ်း​သ​မား​တစ်​ဦး​ကို​ငါ​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​မြဲ​ဖြစ်​၏။ သင်​တို့​အ​တွက်​ယု​ဒ​ရှင်​ဘု​ရင် ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​လော'' ဟု​မေး​၏။ ထို​သူ​တို့​က ``သူ့​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​မ​ပေး ပါ​နှင့်။ ဗာ​ရဗ္ဗ​ကို​ပေး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။ (ဗာ​ရဗ္ဗ​ကား​ဋ္ဌား​ပြ​ဖြစ်​သ​တည်း။)

ရှင်ယောဟန် 18:1-40 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် တပည့်​တော်​တို့​နှင့်အတူ ကေဒြုန်​ချောင်း​တစ်ဖက်​သို့ ထွက်သွား​တော်မူ​၏။ ထို​အရပ်​၌ ဥယျာဉ်​တစ်ခု​ရှိ​၍ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ ထို​ဥယျာဉ်​ထဲသို့​ဝင်​တော်မူ​၏။ ယေရှု​သည် ထို​အရပ်​တွင် တပည့်​တော်​တို့​နှင့် မကြာခဏ​စုဝေး​လေ့​ရှိ​သောကြောင့် ကိုယ်တော်​ကို​အပ်နှံ​မည့်​သူ ယုဒ​သည်​လည်း ထို​အရပ်​ကို​သိ​ထား​၏။ သို့ဖြစ်၍ ယုဒ​သည် တပ်ဖွဲ့​တစ်​ဖွဲ့​ကို​လည်းကောင်း၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ဖာရိရှဲ​များ​က စေလွှတ်​လိုက်​သော​အစောင့်​တပ်သား​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ထို​အရပ်​သို့​ရောက်လာ​၏။ ထို​သူ​တို့​သည် မီးအိမ်၊ မီးရှူး​နှင့် လက်နက်​များ​ကို​ကိုင်ဆောင်​ထား​ကြ​၏။ ယေရှု​သည် မိမိ​၌​ဖြစ်လာ​မည့်​အရာ​အလုံးစုံ​တို့​ကို သိ​နှင့်​တော်မူ​သောကြောင့် ထွက်လာ​၍“မည်သူ့​ကို​ရှာ​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ပြန်​ပြော​ကြ​၏။ ကိုယ်တော်​က​လည်း“ငါ​ဖြစ်​သည်”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​ကို​အပ်နှံ​သူ ယုဒ​သည်​လည်း ထို​သူ​တို့​နှင့်အတူ​ရပ်​လျက်​နေ​၏။ ထိုသို့ ကိုယ်တော်​က“ငါ​ဖြစ်​သည်”​ဟု မိန့်​တော်မူ​သောအခါ သူ​တို့​သည် နောက်​သို့​ဆုတ်​၍ မြေ​ပေါ်၌​လဲကျ​ကြ​၏။ ထို့ကြောင့် ကိုယ်တော်​သည် နောက်တစ်ဖန် သူ​တို့​အား“မည်သူ့​ကို​ရှာ​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“ငါ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။ သို့ဖြစ်၍ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လျှင် ဤ​သူ​တို့​သွား​ပါလေစေ”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​သည်​မှာ“အကျွန်ုပ်​ထံ ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​တွင် မည်သူမျှ အကျွန်ုပ်​မ​ဆုံးရှုံး​ခဲ့​ပါ”​ဟု ကိုယ်တော်​မြွက်ဆို​ခဲ့​သော​စကား ပြည့်စုံ​စေရန်​ဖြစ်​၏။ ထိုစဉ်တွင် ရှိမုန်​ပေတရု​သည် ပါ​လာ​သော​ဓား​ကို​ဆွဲ​ထုတ်​၍ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။ ထို​အစေအပါး​၏​အမည်​ကား မာလခု​ဖြစ်​၏။ ယေရှု​က​လည်း“ဓား​ကို ဓားအိမ်​ထဲသို့​ပြန်​သွင်း​လော့။ ငါ့​အား ခမည်းတော်​ပေး​တော်မူ​သော​ခွက်​ကို ငါ​မ​သောက်​ဘဲ​နေ​ရ​မည်​လော”​ဟု ပေတရု​အား မိန့်​တော်မူ​၏။ ထိုအခါ တပ်ဖွဲ့​တစ်​ဖွဲ့၊ တပ်မှူးကြီး​နှင့် ဂျူး​လူမျိုး​အစောင့်​တပ်သား​တို့​သည် ယေရှု​ကို​ဖမ်းဆီး​၍ ချည်နှောင်​ကြ​ကာ အန္နတ်​ထံသို့ ဦးစွာ​ခေါ်ဆောင်​သွား​ကြ​၏။ အကြောင်းမူကား အန္နတ်​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သော ကယာဖ​၏​ယောက္ခမ​ဖြစ်​၏။ ထို​ကယာဖ​သည် “လူ​တစ်​ဦး​က လူထု​ကိုယ်စား​အသေခံ​ခြင်း​သည် ပို၍​ကောင်း​၏”​ဟု ဂျူး​လူမျိုး​တို့​အား အကြံပေး​ခဲ့​သူ​ဖြစ်​၏။ ရှိမုန်​ပေတရု​နှင့် အခြား​တပည့်​တော်​တစ်​ပါး​သည် ယေရှု​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။ ထို​တပည့်​တော်​သည် ယဇ်ပုရောဟိတ်​မင်း​၏​အသိ​ဖြစ်​၍ ယေရှု​နှင့်အတူ ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​ထဲသို့ ဝင်​လေ​၏။ ပေတရု​မူကား ခြံ​တံခါး​အပြင်​ဘက်​၌ ရပ်​နေ​၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်​မင်း​၏​အသိ​ဖြစ်​သော ထို​တပည့်​တော်​သည်​ထွက်လာ​၍ တံခါးစောင့်​မိန်းမ​အား​ပြော​ပြီးလျှင် ပေတရု​ကို အထဲသို့​ခေါ်သွား​လေ​၏။ ထိုအခါ တံခါးစောင့်​ဖြစ်​သော ထို​အစေခံ​မိန်းမ​က ပေတရု​အား “သင်​သည်​လည်း ထို​သူ​၏​တပည့်​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု ဆို​လျှင် ပေတရု​က “မ​ဟုတ်​ပါ”​ဟု ဆို​လေ​၏။ ထို​ကာလ​သည်​ချမ်းအေး​သောကြောင့် အစေအပါး​တို့​နှင့် အစောင့်​တပ်သား​တို့​သည် မီးခဲ​ဖို​ပြီး ရပ်​လျက်​မီးလှုံ​နေ​ကြ​၏။ ပေတရု​သည်​လည်း သူ​တို့​နှင့်အတူ​ရပ်​၍ မီးလှုံ​နေ​၏။ ထိုစဉ်တွင် ယဇ်ပုရောဟိတ်​မင်း​သည် ယေရှု​အား တပည့်​တော်​တို့​နှင့်​ပတ်သက်၍​လည်းကောင်း၊ သူ​၏​သွန်သင်​ချက်​နှင့်​ပတ်သက်၍​လည်းကောင်း မေးမြန်း​၏။ ယေရှု​က​လည်း“ငါ​သည် လောက​၌ ထင်ရှား​စွာ​ဟောပြော​ခဲ့​၏။ ဂျူး​လူမျိုး​အပေါင်း​တို့​စုဝေး​ရာ ဝတ်ပြု​စည်းဝေး​ကျောင်း​နှင့် ဗိမာန်​တော်​၌ အစဉ်အမြဲ​သွန်သင်​ခဲ့​၏။ မည်သည့်​အရာ​ကို​မျှ လျှို့ဝှက်​စွာ​မ​ဟောပြော​ခဲ့​ပေ။ သင်​သည် အဘယ်ကြောင့် ငါ့​ကို​မေးမြန်း​သနည်း။ လူ​တို့​အား မည်သို့ ငါ​ဟောပြော​ခဲ့​သည်​ကို ကြားနာ​သော​သူ​တို့​ထံ မေးမြန်း​လော့။ ငါ​ပြောဆို​ခဲ့​သော​အရာ​များ​ကို ထို​သူ​တို့​သိ​ကြ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​သောအခါ အနီး​၌​ရပ်​နေ​သော အစောင့်​တပ်သား​တစ်​ဦး​က “ယဇ်ပုရောဟိတ်​မင်း​ကို ဤသို့​ပြန်​ပြော​ရ​သလော”​ဟု ဆို​လျက် ယေရှု​ကို​ရိုက်ပုတ်​လေ​၏။ ယေရှု​က​လည်း“ငါ​ပြော​သော​အရာ​မမှန်​လျှင် မမှန်​သည့်​အကြောင်း​ကို ထောက်ပြ​လော့။ မှန်​သည်​ဆိုလျှင် အဘယ်ကြောင့် ငါ့​ကို​ရိုက်​သနည်း”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။ ထို့နောက် အန္နတ်​သည် ကိုယ်တော်​ကို​ချည်နှောင်​ထား​သည့်​အတိုင်း ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ပို့​လိုက်​၏။ ရှိမုန်​ပေတရု​မူကား ရပ်​လျက်​မီးလှုံ​နေ​ဆဲ​ဖြစ်​၏။ ထိုအခါ လူ​တို့​က “သင်​သည်​လည်း ထို​သူ​၏​တပည့်​များ​ထဲမှ​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု မေး​ကြ​လျှင် ပေတရု​က “မ​ဟုတ်​ပါ”​ဟု ငြင်းဆို​လေ​၏။ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ဖြစ်​ပြီး ပေတရု​ခုတ်​၍ နားရွက်​ပြတ်​သော​သူ​၏​ဆွေမျိုး​လည်း​ဖြစ်​သူ​က “သင့်​ကို ထို​သူ​နှင့်အတူ ဥယျာဉ်​ထဲ၌ ငါ​မြင်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု ဆို​လေ​၏။ ထိုအခါ ပေတရု​သည် ပြန်​၍​ငြင်းဆို​သည်​နှင့် ချက်ချင်း​ပင် ကြက်​တွန်​လေ​၏။ ထို့နောက် သူ​တို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ရုံးတော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။ အချိန်​ကား နံနက်​စောစော​အချိန်​ဖြစ်​၏။ သူ​တို့​သည် ညစ်ညူး​ခြင်း​နှင့်​ကင်းလွတ်​၍ ပသခါ​ပွဲတော်​ကို​စား​နိုင်​ရန် ရုံးတော်​ထဲသို့​မ​ဝင်​ဘဲ​နေ​ကြ​၏။ ထို့ကြောင့် ပိလတ်​မင်း​သည် သူ​တို့​ရှိ​ရာ​အပြင်​သို့ ထွက်လာ​၍ “သင်​တို့​သည် ဤ​သူ​အပေါ်၌ မည်သည့်​စွပ်စွဲ​ချက်​ကို တင်​ကြ​သနည်း”​ဟု မေး​လေ​၏။ သူ​တို့​က​လည်း “ဤ​သူ​သည် အပြစ်​ကျူးလွန်​သူ​မ​ဟုတ်​လျှင် သူ့​ကို အရှင့်​ထံသို့ အပ်နှံ​ကြ​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​၍​လျှောက်​ကြ​၏။ ထိုအခါ ပိလတ်​မင်း​က “သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ သင်​တို့​၏​ပညတ်​တရား​အတိုင်း စီရင်​ကြ​ပါ”​ဟု ဆို​၏။ ဂျူး​လူမျိုး​တို့​က​လည်း “အကျွန်ုပ်​တို့​၌ မည်သူ့​ကို​မျှ ကွပ်မျက်​ပိုင်​ခွင့်​မ​ရှိ​ပါ”​ဟု လျှောက်​ကြ​၏။ ဤသည်ကား မိမိ​သည် မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အသေခံ​ရ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခဲ့​သော ယေရှု​၏​စကား​ပြည့်စုံ​စေ​မည့်​အကြောင်း​တည်း။ ထို့ကြောင့် ပိလတ်​မင်း​သည် ရုံးတော်​ထဲသို့ ပြန်​ဝင်​၍ ယေရှု​ကို​ခေါ်​ပြီးလျှင် “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။ ယေရှု​က“သင်​သည် ကိုယ့်​ဆန္ဒ​အလျောက် ဤသို့​မေး​သလော၊ သို့မဟုတ် အခြား​သော​သူ​တို့​သည် သင့်​အား ငါ့​အကြောင်း​ကို ပြော​ကြ​သလော”​ဟု ပြန်​၍​မေး​တော်မူ​၏။ ပိလတ်​မင်း​က “ငါ​သည် ဂျူး​လူမျိုး​ဖြစ်​သလော။ သင်​၏​အမျိုးသား​ချင်း​နှင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် သင့်​ကို ငါ့​ထံ​အပ်နှံ​ကြ​ပြီ။ သင်​မည်သည့်​အရာ​ကို​ပြု​မိ​သနည်း”​ဟု မေး​လေ​၏။ ယေရှု​က“ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​မ​စပ်ဆိုင်။ ငါ့​နိုင်ငံ​သည် ဤ​လောက​နှင့်​စပ်ဆိုင်​ခဲ့​လျှင် ငါ​သည် ဂျူး​လူမျိုး​တို့​လက်​သို့ အပ်နှံ​ခြင်း​မ​ခံရ​ရန် ငါ့​လူ​တို့​သည် တိုက်ခိုက်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် ယခုတွင် ငါ့​နိုင်ငံ​သည် ဤ​နေရာ​မှ​ဖြစ်တည်​သည်​မဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က“သင်​ဆို​သည့်​အတိုင်း ငါ​သည်​ဘုရင်​ပေ​တည်း။ ငါ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ရန် မွေးဖွား​ခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့​ကြွလာ​၏။ သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​တိုင်း ငါ့​အသံ​ကို​နားထောင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ပိလတ်​မင်း​က “သမ္မာတရား​ဆို​သည်​မှာ အဘယ်​နည်း”​ဟု ဆို​ပြီးလျှင် ဂျူး​လူမျိုး​တို့​ရှိ​ရာ​သို့ တစ်ဖန်​ထွက်သွား​၍ “ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့။ သို့ရာတွင် ပသခါ​ပွဲတော်​၌ လူ​တစ်​ဦး​ကို သင်​တို့​အတွက် ငါ​လွှတ်​ပေး​ရ​မည့်​ထုံးစံ​ရှိ​သည်​ဖြစ်​၍ ဂျူး​လူမျိုး​တို့​၏​ဘုရင်​ကို သင်​တို့​အတွက် လွှတ်​ပေး​စေ​လို​သလော”​ဟု သူ​တို့​အား​မေး​လေ​၏။ ထိုအခါ သူ​တို့​က “သူ့​ကို​မ​လွှတ်​ဘဲ ဗာရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု ပြန်၍​အော်ဟစ်​လျှောက်​ထား​ကြ​၏။ ဗာရဗ္ဗ​ကား ဓားပြ​ဖြစ်​၏။