YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 1:1-5

ရှင်ယောဟန် 1:1-5 Judson Bible (JBMLE)

အ​စ​အ​ဦး​၌ နှုတ်​က​ပတ်​တော်​ရှိ၏။ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ ရှိ၏။ နှုတ်​က​ပတ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။- ထို​နှုတ်​က​ပတ်​တော်​သည် အ​စ​အ​ဦး၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ ရှိ၏။- နှုတ်​က​ပတ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ဖန်​ဆင်း​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​လျက်​ဖြစ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။- ထို​နှုတ်​က​ပတ်​တော်၌ အ​သက်​ရှိ၏။ ထို​အ​သက်​သည်​လည်း လူ​တို့၏​အ​လင်း​ဖြစ်၏။- ထို​အ​လင်း​သည် မှောင်​မိုက်၌​လင်း၍ မှောင်​မိုက်​သည် မ​ခံ​မ​ယူ။

ရှင်ယောဟန် 1:1-5 Common Language Bible (BCL)

ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင် နှုတ်​က​ပတ်​တော်​ရှိ​တော်​မူ​၏။ နှုတ်​က​ပတ်​တော် သည်​ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ နှုတ်​က​ပတ်​တော်​သည်​လည်း​ဘု​ရား​ဖြစ်​တော်​မူ​၏။- နှုတ်​က​ပတ်​တော်​သည်​အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။- ဘု​ရား​သ​ခင်​သည်​နှုတ်​က​ပတ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဖန်​ဆင်း​ခြင်း​နှင့်​ကင်း​၍​ပေါ်​လာ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။- ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​သက်​ကို​ရ​ရှိ​ကြ​၏။ ထို​အ​သက်​သည်​လူ​သား​တို့ အ​တွက်​အ​လင်း​ဖြစ်​၏။- ထို​အ​လင်း​သည်​အ​မှောင်​တွင်​ထွန်း​လင်း​၍​အ​မှောင်​သည် ထို​အ​လင်း​ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဖုံး​လွှမ်း​နိုင်။

ရှင်ယောဟန် 1:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစအဦး​၌ နှုတ်ကပတ်တော်​ရှိ​၏။ နှုတ်ကပတ်တော်​သည် ဘုရားသခင်​နှင့်အတူ​ရှိ​၏။ နှုတ်ကပတ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏။ နှုတ်ကပတ်တော်​သည် အစအဦး​၌ ဘုရားသခင်​နှင့်အတူ​ရှိ​၏။ ခပ်သိမ်း​သော​အရာ​တို့​သည် နှုတ်ကပတ်တော်​အားဖြင့် ဖြစ်လာ​၏။ ဖြစ်လာ​သော​အရာ​တို့​တွင် တစ်စုံတစ်ခု​မျှ နှုတ်ကပတ်တော်​နှင့်​ကင်းလွတ်​၍ ဖြစ်လာ​ခြင်း​မ​ရှိ။ နှုတ်ကပတ်တော်​၌ အသက်​ရှိ​၍ ထို​အသက်​သည် လူ​တို့​၏​အလင်း​ဖြစ်​၏။ ထို​အလင်း​သည် မှောင်မိုက်​၌​ထွန်းလင်း​၍ မှောင်မိုက်​သည် သူ့​ကို​မ​လွှမ်းမိုး​နိုင်။