YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 9:25-26

ယေရမိ 9:25-26 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ၊ အဲ​ဂု​တ္တု​လူ၊ ယု​ဒ​လူ၊ ဧ​ဒုံ​လူ၊ အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ ပါး​မုန်း​ကို​ရိတ်​တတ်​သော​လူ​မျိုး၊ တော၌​နေ​သော​သူ​အ​ပေါင်း​တို့​ကို ငါ​ဆုံး​မ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လည်း၊ စိတ်​နှ​လုံး​အား​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။

ယေရမိ 9:25-26 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``အီ​ဂျစ်​ပြည်​သား​များ၊ ယု​ဒ ပြည်​သား​များ၊ ဧ​ဒုံ​ပြည်​သား​များ၊ အမ္မုန်​ပြည် သား​များ၊ မော​ဘ​ပြည်​သား​များ​နှင့်​သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​ကာ ဆံ​ပင်​တို​ထား​သော​လူ​မျိုး အား​ငါ​အ​ပြစ်​ဒဏ်​ခတ်​မည့်​နေ့​ရက်​ကာ​လ ကျ​ရောက်​လာ​တော့​မည်။ ထို​သူ​အ​ပေါင်း​တို့ သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​သင်္ကေ​တ​ဖြစ် သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သော်​လည်း ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ထို သူ​အ​ပေါင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ငါ​၏​ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း​ကြ'' ဟု​မိန့်​တော်​မူ​၏။

ယေရမိ 9:25-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ကိုယ်ကာယ​အရေဖျားလှီး​ခြင်း​ကို​သာ​ခံ​သော​သူ​ရှိသမျှ​အား အပြစ်ဒဏ်​ပေး​မည့်​နေ့ရက် ရောက်လာ​မည်​။ ငါ​သည် အီဂျစ်​လူမျိုး​၊ ယုဒ​လူမျိုး​၊ ဧဒုံ​လူမျိုး​၊ အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​နှင့် တောကန္တာရ​၌​နေထိုင်​ကြ​သည့်​နားသယ်မွေး​ရိတ်​လေ့​ရှိ​သော​သူ​အားလုံး​တို့​ကို အပြစ်ဒဏ်​ပေး​မည်​။ အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် အရေဖျားမလှီး​သော​သူ​များ​ဖြစ်​ကြ​၏​။ အစ္စရေး​အမျိုးသား​ရှိသမျှ​တို့​သည်​လည်း စိတ်နှလုံး​အရေဖျားမလှီး​သော​သူ​များ​ဖြစ်​ကြ​၏”​ဟု မိန့်​တော်မူ​၏​။